News

POST SECTION

CRIME-AND-ACCIDENT

20-Sep-2016
အိမ်အကူ မိန်းကလေး နှစ်ဦးကို နှိပ်စက်မှုဖြင့် ကျောက်တံတားမြို့နယ် လမ်း ၄၀ ရှိ အင်းဝအပ်ချုပ်ဆိုင်မှ ဆိုင်ရှင်အမျိုးသမီးနှင့် ၎င်း၏ သမီးဖြစ်သူတို့ နှစ်ဦးကို ယနေ့ (စက်တင်ဘာ ၂၀ ရက်) မွန်းလွဲ ၁ နာရီက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ကျောက်တံတား မြို့မရဲစခန်းတွင် တရားလိုပြု အမှုဖွင့်ခဲ့ကြောင်း အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
20-Sep-2016
“အဲဒီငွေစက္ကူအတုတွေက ပြည်မ(ရန်ကုန်)က သူတို့ရဲ့ အဆက်အသွယ်တွေဆီက နေတစ်ဆင့်ရတယ်လို့ ပြောပါတယ်။အသေးစိတ်က စစ်ဆေးတုန်းပဲ ရှိသေးတယ်”
20-Sep-2016
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းစခန်း စားသောက်ဆိုင်တန်းအနီး စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်က ဆိုင်းဘုတ်ထောင်စဉ် လုပ်သားငါးဦး ဓာတ်လိုက်ခဲ့ပြီး နှစ်ဦး သေဆုံးသွားကြောင်း ကျိုက်ထိုမြို့နယ် ကော့စံနိုင်ရပ်ကွက် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဟန်ဝင်းမြတ်က ပြောကြားသည်။
19-Sep-2016
ရခိုင် ပြည်နယ် မောင်တောမြို့တွင် ကာလတန်ဖိုး ကျပ်သန်းပေါင်း တစ်သောင်းတန်ဖိုးရှိ WY ဆေးပြား ၆၈ သိန်းကျော်ကို စက်တင်ဘာ ၁၉ ရက်နေ့က ထပ်မံ ဖမ်းဆီးရမိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
19-Sep-2016
ပထမနှစ် တက္ကသိုလ်ကျောင်းသူအား ရည်းစားဖြစ်သူက လက်ပြန်ကြိုးတုပ်ပြီး ကမြောကင်း တံတားပေါ်မှ ထားဝယ်မြစ်အတွင်း ပစ်ချမှုတစ်ခု စက်တင်ဘာ ၁၇ ရက် ညဦးပိုင်းက ဖြစ်ပွားခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်
18-Sep-2016
သာကေတမြို့နယ် (၄) မြောက်ရပ်ကွက်ရှိ အောင်ဇေယျလမ်းနှင့် ဘောဂရတနာလမ်းတွင် စက်တင်ဘာ ၁၇ ရက်နေ့ ည ၁၁ နာရီခွဲက ပရဟိတရုံးခန်းဖွင့်လှစ်ရန် လျာထားသော မြေကွက်ခြံခတ်ရာမှ အသက် ၅ဝ အရွယ်ရှိ အမျိုးသားတစ်ဦးကို ၎င်းနှင့် အချင်းများသည့် မိသားစုဝင်မှ မိသားစုငါးဦးက ဓားဖြင့် ဝိုင်းခုတ်ပြီး ထွက်ပြေးတိမ်းရှောင်
18-Sep-2016
ကျောက်တံတားမြို့နယ် (၃၅) လမ်း (အလယ်ဘလောက်) သုံးလွာတိုက်ခန်းတွင် ယနေ့ (စက်တင်ဘာ ၁၈ ရက်) မွန်းလွဲပိုင်းက မိသားစုကိစ္စ အချင်းများရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ထံမှ ကနဦး သတင်းရရှိသည်။
17-Sep-2016
ရခိုင်ပြည်နယ် မောင်တောမြို့အဝင်ရှိ ကျောက်ခွဲလုပ်ငန်းအတွင်း မော်တော်ယာဉ်ပေါ်မှ ကျပ်သိန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများကို ယနေ့ (စက်တင်ဘာ ၁၇ ရက်) နံနက်ပိုင်းက ဖမ်းဆီးရရှိခဲ့ကြောင်း မောင်တောခရိုင် ရဲတပ်မှူရုံးထံမှ သိရသည်။
17-Sep-2016
ပဲခူးတိုင်းဒေသကြီး ဆွာမြို့နယ် ရဲစခန်း၌ ယနေ့ (စက်တင်ဘာ ၁၇ ရက်) နံနက် ၁ နာရီကျော်က တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် အမျိုးသား နှစ်ဦး အမှုဖွင့် ခံခဲ့ရကြောင်း ဆွာ နယ်မြေရဲစခန်းထံမှ စုံစမ်း သိရှိရသည်
16-Sep-2016
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စု လမ်းမကြီး ကီလိုမီတာ ၇၀၁ နှင့် ၇၀၂ ကြားတွင် ယနေ့ (စက်တင်ဘာလ ၁၆ ရက်) နံနက် ၁၁ နာရီခန့်က ရွှေရေကန် ခရီးသည်တင် အမြန်ယာဉ် တစ်စီး ချောင်းထဲ ထိုးကျ
16-Sep-2016
“တကကှစီမောငှးသူက ခရီးသညအှမှိုးသမီးရဲ့ နအေိမကှို လိုကမှပို့ဘဲ RC 2 ထဲ ကားမောငှးခဲ့တယှ၊ မှောငရှိပှ ထဲရောကတှော့ ကားရပပှှီး နောကခှနှးမှာ ပါတဲ့ အမှိုးသမီးရဲ့ ပါးစပကှို လကနှဲ့ပိတှ တှနှးလဲှပှီး အဓမမှပှု ကငှ့ရှနှ ကှံစညနှခှေိနှ အမှိုးသမီးက ရုနှးကနပှှီး ထှကပှှေးခဲ့တာလို့ အမှုဖှင့ှ တိုငကှှားခကှအှရ သိရတယှ၊ အငှားယာဉမှောငှးကို မမိသေးပါဘူး ”
16-Sep-2016
ထန်းတပင်မြို့တွင် တောင်ယာအရောင်းအဝယ် လုပ်ရာတွင် ပိုင်ဆိုင်မှု အငြင်းပွားပြီး စကားများကြရာမှ အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရကြောင်း ထန်းတပင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
15-Sep-2016
"ကားပေါ်မှာ ကျန်ခဲတဲ့ လေးနှစ် သမီးငယ် ပန်းမြတ်ဟေသီက သူ့အဖေနဲ့ အမေ အခင်းဖြစ်တဲ့နေရာ ကားရပ်ပြီး လူမှုရေးကိစ္စနဲ့ စကားများ ရန်ဖြစ်ရင်း အသင့်ပါလာတဲ့ ဓားနဲ့ ဇနီးလည်ပင်းနဲ့ ခန္ဓာကိုယ်တွေ ထိုးခဲ့တယ်၊ သူကိုယ်တိုင်ပဲ ဇနီးအလောင်းကို တွေ့ရှိခဲ့တဲ့ ချောက်ထဲကို သွားရောက် စွန့်ပစ်ခဲ့တယ်၊ ပြီးမှ ကားရှိတဲ့နေရာ ပြန်လာပြီး ကားပေါ်မှာ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တာလို့ ဒီကလေးဆီက သိရတယ်ဟု"
15-Sep-2016
ရှမ်း(မြောက်) လားရှိုးမြို့နယ်၊ မိုင်းယော်ကျေးရွာအနီးတွင် ၂၀၁၆ ခုနှစ် ဇွန်လ ၂၅ရက်က တပ်မတော်စစ်ကြောင်းနှင့် TNLA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့စဉ် မိုင်းယော်ရွာသား ၅ဦး အသတ်ခံရမှုနှင့် ပတ်သတ်ပြီး ပြစ်မှုကျူးလွန်မှုတွင် ပါဝင်ခဲ့သော အရာရှိ ၄ဦးနှင့် အခြားအဆင့် ၃ဦးကို စစ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅နှစ်စီ အသီးသီး ချမှတ်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်လိုက်သည်
15-Sep-2016
“အိမ်အကူ ကလေးမက မိတ္ထီလာမြို့မှာရှိတဲ့ သူ့အဖေအိမ် ပြန်သွားပြီး ဗိုက်အောင့်တဲ့ ဝေဒနာခံစားနေရလို့ ဖခင်ဖြစ်သူက မေးမြန်းရာမှ အဓမ္မပြုကျင့်ခံရမှန်း သိခဲ့တာပါ၊ အမှုဖွင့် တိုင်ကြားခံရသူကို စရဖ လေ(၁)ထဲမှာ ချုပ်နှောင် စစ်ဆေးနေတယ် ”