News

POST SECTION

CRIME-AND-ACCIDENT

26-Sep-2016
"သွားရောက် ထိန်းသိမ်းတဲ့ရဲက လိုအပ်တာထက် ပိုပြီး အင်အားအလွန်အကျွံ သုံးစွဲခဲ့တယ်လို့ ယူဆရတာကြောင့် သူ့ကို စုံခုံဖွဲ့ စစ်ဆေးနေတယ်၊ ရိုက်နှက်ခံရတဲ့သူမှာ ဘယ်မျက်လုံးဘေး ပေါက်ပြဲဒဏ်ရာ၊ ဖူးရောင်ဒဏ်ရာတွေ ရခဲ့တယ်၊ နံပါတ်တုတ်နဲ့ ရိုက်လိုက်တာလား ဒါမှမဟုတ် လူငယ်က သူ့ဘာသာ ပြေးရင်းက လဲကျပြီးရခဲ့တဲ့ ဒဏ်ရာလားဆိုတာ လတ်တလော မသိရသေးဘူး"
25-Sep-2016
သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက် ၃ လမ်းရှိ တိုက်ခန်း တစ်ခုတွင် အကြွေးငွေ ကျပ်သိန်း ၃၀ ပြန်မဆပ်သည့် အမျိုးသမီး တစ်ဦးကို ကြွေးရှင်က နေအိမ်ထဲ ပိတ်လှောင်ခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
24-Sep-2016
တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်တွင် စက်တင်ဘာလ ၂၂ ရက် ည ၇ နာရီခွဲက အသက် ၂၅ နှစ်အရွယ် အငှားယာဉ်မောင်းတစ်ဦး လည်ပင်းကို ခရီးသည်အဖြစ် ဟန်ဆောင်ထားသူက ဓားနှင့် ဆွဲလှီးခဲ့ကြောင်း တာမွေမြို့မ ရဲစခန်ထံမှ သိရှိရသည်။
24-Sep-2016
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့ရှိ နည်းပညာတက္ကသိုလ်၌ စက်တင်ဘာ ၂၃ ရက် ည ၁၁ နာရီ ၅၀ ခန့်က ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ စတုတ္ထနှစ် ကျောင်းသားတစ်ဦး ဓားဒဏ်ရာ ရခဲ့သဖြင့် ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့သော်လည်း ယနေ့ (စက်တင်ဘာ ၂၄ ရက်) နံနက် ၅ နာရီ ၃၅ မိနစ်တွင် သေဆုံးခဲ့ကြောင်း ဗန်းမော်မြို့မ ရဲစခန်းထံမှ သိရသည်။
23-Sep-2016
တောင်ဥက္ကလာပမြို့နယ်၊ (၃) ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သန္တာလမ်းထောင့်တွင် စက်တင်ဘာလ ၂၁ ရက် နံနက် ၃ နာရီက မူးယစ်သတင်းရရှိထားသော မော်တော်ယာဉ်တစ်စီးကို တားဆီးစစ်ဆေးခဲ့စဉ် ယင်းယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးက စကေဘာဖြင့် ပြန်လည်ခုခံခဲ့သောကြောင့် ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
22-Sep-2016
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဇေယျဝတီမြို့ မြို့မ(၁)ရပ်ကွက် မြို့သစ်ရှိ နေအိမ်တစ်လုံးတွင် အိမ်မီးဖိုချောင်နှင့် လျှပ်စစ်ရေမော်တာကို ဆက်သွယ်ထားသော မီးကြိုးပေါ် အဝတ်လှမ်းရာမှ စက်တက်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲက အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံးခဲ့ကြောင်း ဇေယျဝတီနယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်
22-Sep-2016
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက် ဥဇ္ဇနာ (၉) လမ်း၌ စက်တင်ဘာ ၂၁ ရက် ည ၉ နာရီက နေအိမ်ရှေ့၌ လာရောက် ဗျောက်အိုးဖောက်နေသူကို တားမြစ်ခဲ့သော အသက် ၃၂ နှစ်အရွယ် အမျိုးသမီး စကေဘာဖြင့် ဆင့်ထိုးခံရကြောင့် ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
21-Sep-2016
အိမ်အကူ မိန်းကလေးနှစ်ဦးကို ညှင်းပန်းနှိပ်စက်ခဲ့သော အင်း၀ အပ်ချုပ်ဆိုင်ပိုင်ရှင်နှင့် မိသားစုဝင် အချို့ကို ကလေးသူငယ်ဥပဒေ ပုဒ်မ ၆(ဃ) အရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနက တရားလိုပြုလုပ်၍ တရားစွဲဆိုထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သူ၏ Facebook စာမျက်နှာတွင် ရေးသားလိုက်သည်
21-Sep-2016
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မမုံကိုင်အုပ်စု မိုင်းနောင်ကျေးရွာမှ သစ်ခွဲစက်အတွင်း စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၈ နာရီအချိန် က ဝင်ရောက်ဖမ်းဆီးရာ တရားခံမှ ပြန်လည် သေနတ်လုယူခဲ့သဖြင့် ဒုရဲမှူးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်
21-Sep-2016
ကျောက်တံတားရဲစခန်း၌ လူကုန်ကူးမှုဥပဒေဖြင့် အမှုဖွင့်ခံထားရမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေသော အင်းဝအပ်ချုပ်ဆိုင်မှ ကျန်ရှိနေသူနှစ်ဦးသည် ယနေ့(စက်တင်ဘာ ၂၁ ရက်)တွင် ရဲစခန်းသို့ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ခြင်း ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်ရဲစခန်းထံမှ သိရသည်
21-Sep-2016
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၌ အိမ်အကူ မိန်းကလေးငယ် နှစ်ဦးကို ညှဉ်းပန်း နှိပ်စက်ခဲ့သည်ဟု ဆိုသူများထဲမှ ကျန်ရှိနေသူ နှစ်ဦးကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ယနေ့ (စက်တင်ဘာ ၂၁ ရက်) တွင် သတင်း ထုတ်ပြန်သည်။
20-Sep-2016
"အများစုက ရန်ကုန်ကပါ။ လပွတ္တာ အိမ်မဲနဲ့ ဝါးခယ်မမြို့က သူတွေလည်း ပါတယ်၊ အလုပ်ရှိပြီဆိုမှ ချိတ်ဆက်စုဖွဲ့ပြီး ခိုးမှု ကျူးလွန်ကြတာပါ။ ဆိုင်ကယ်ခိုးမှု ၁၈ မှု ခိုးရာပါမှာ ဆိုင်ကယ်အစီး ၂၀၊ စက်လှေ တစ်စီး၊ ဖုန်း ၁ လုံးတို့ကို ဖော်ထုတ်နိုင်ခဲ့ပြီး ကျွဲခိုးမှု ၁၀ မှုမှာ ခိုးရာပါ ကျွဲ ၄၂ ကောင်၊ စက်လှေ ၁ စီးတို့ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်"
20-Sep-2016
ကျောက်တံတား ရဲစခန်းတွင် လူကုန်ကူးမှု ဥပဒေအရ အမှုဖွင့်ခံထားရမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေသော အင်းဝ အပ်ချုပ်ဆိုင်ရှင် သားအမိ နှစ်ဦး၏ ဓာတ်ပုံများကို လေဆိပ် ၊အဝေးပြေးကားဝင်း နှင့် တိုင်းနှင့်ပြည်နယ်ရှိ ရဲစခန်းအနှံ့ကို ဖြန့်ဝေထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်
20-Sep-2016
“နှိပ်စက်ခံရတဲ့ အိမ်အကူမိန်းကလေးတွေရဲ့ မိဘတွေနဲ့လည်း ဆိုင်ရှင်က ပေးမတွေ့ခဲ့ဘူးလို့ သိရတယ်၊ ဒီဖြစ်စဉ်ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဝင်ညှိနှိုင်းပေးခဲ့ပြီး အင်းဝအပ်ချုပ်ဆိုင်ရှင်က နှိပ်စက်ခံရသူတွေအတွက် ကျပ် သိန်း ၅၀ လျော်ကြေးပေးခဲ့တယ် ”
20-Sep-2016
အိမ်အကူ မိန်းကလေး နှစ်ဦးကို နှိပ်စက်မှုဖြင့် ကျောက်တံတားမြို့နယ် လမ်း ၄၀ ရှိ အင်းဝအပ်ချုပ်ဆိုင်မှ ဆိုင်ရှင်အမျိုးသမီးနှင့် ၎င်း၏ သမီးဖြစ်သူတို့ နှစ်ဦးကို ယနေ့ (စက်တင်ဘာ ၂၀ ရက်) မွန်းလွဲ ၁ နာရီက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ကျောက်တံတား မြို့မရဲစခန်းတွင် တရားလိုပြု အမှုဖွင့်ခဲ့ကြောင်း အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။