News

POST SECTION

CRIME-AND-ACCIDENT

15-Sep-2016
"ကားပေါ်မှာ ကျန်ခဲတဲ့ လေးနှစ် သမီးငယ် ပန်းမြတ်ဟေသီက သူ့အဖေနဲ့ အမေ အခင်းဖြစ်တဲ့နေရာ ကားရပ်ပြီး လူမှုရေးကိစ္စနဲ့ စကားများ ရန်ဖြစ်ရင်း အသင့်ပါလာတဲ့ ဓားနဲ့ ဇနီးလည်ပင်းနဲ့ ခန္ဓာကိုယ်တွေ ထိုးခဲ့တယ်၊ သူကိုယ်တိုင်ပဲ ဇနီးအလောင်းကို တွေ့ရှိခဲ့တဲ့ ချောက်ထဲကို သွားရောက် စွန့်ပစ်ခဲ့တယ်၊ ပြီးမှ ကားရှိတဲ့နေရာ ပြန်လာပြီး ကားပေါ်မှာ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တာလို့ ဒီကလေးဆီက သိရတယ်ဟု"
15-Sep-2016
ရှမ်း(မြောက်) လားရှိုးမြို့နယ်၊ မိုင်းယော်ကျေးရွာအနီးတွင် ၂၀၁၆ ခုနှစ် ဇွန်လ ၂၅ရက်က တပ်မတော်စစ်ကြောင်းနှင့် TNLA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့စဉ် မိုင်းယော်ရွာသား ၅ဦး အသတ်ခံရမှုနှင့် ပတ်သတ်ပြီး ပြစ်မှုကျူးလွန်မှုတွင် ပါဝင်ခဲ့သော အရာရှိ ၄ဦးနှင့် အခြားအဆင့် ၃ဦးကို စစ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅နှစ်စီ အသီးသီး ချမှတ်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်လိုက်သည်
15-Sep-2016
“အိမ်အကူ ကလေးမက မိတ္ထီလာမြို့မှာရှိတဲ့ သူ့အဖေအိမ် ပြန်သွားပြီး ဗိုက်အောင့်တဲ့ ဝေဒနာခံစားနေရလို့ ဖခင်ဖြစ်သူက မေးမြန်းရာမှ အဓမ္မပြုကျင့်ခံရမှန်း သိခဲ့တာပါ၊ အမှုဖွင့် တိုင်ကြားခံရသူကို စရဖ လေ(၁)ထဲမှာ ချုပ်နှောင် စစ်ဆေးနေတယ် ”
15-Sep-2016
"လှိုင်သာယာမှာနေတဲ့ မိန်းကလေးတစ်ယောက်က အဲဒီ့ဆိုင်မှာ ပြည့်တန်ဆာအလုပ် အဓမ္မ စေခိုင်းခံနေရတယ်လို့ သူ့အမေဆီ ဆက်သွယ်တိုင်ကြားခဲ့တယ်။ ဒါကြောင့် ရဲတပ်ဖွဲ့က အနှိပ်ခန်းထဲ ဝင်စစ်ဆေးခဲ့ချိန် ဆိုင်ရှင်အမျိုးသမီး မရှိဘဲ အလုပ်သမားတွေနဲ့ ဆိုင်မှာ လာပျော်ပါးနေသူတွေပဲ တွေ့ခဲ့တာ"
14-Sep-2016
“တိုက်ခန်းမှာရှိတဲ့ တံခါးပေါက်တွေ အလုံ ပိတ်ထားပြီး အိမ်ထဲမှာ လေအေးပေးစက် ဖွင့်ထားတယ်၊ သေဆုံးသူ အမျိုးသား သောက်ခဲ့တဲ့ ဆေးပေါလိပ်တွေတော့ အခန်းထဲမှ တွေ့ခဲ့တယ်၊ လေထု အဆိပ်သင့်တာလို့ ကနဦး ယူဆရပြီး မိသားစုဝင် လေးဦးကို ဆေးစစ်နေတယ်၊ ဆေးစာ အဖြေရမှ ဘာကြောင့် ဖြစ်တယ်ဆိုတာ အတိအကျ ပြောနိုင်မယ်”
14-Sep-2016
"ရွှေပြည့်စုံဈေးထဲက ဆေးဆိုင် ခုနစ်ဆိုင်မှာ သံသယရှိဖွယ် ဆေးဝါးအတုတွေ သိမ်းဆည်းရမိခဲ့တယ်။ စစ်ဆေးရာက ဒီဆေးဆိုင်တွေဆီ ဆေးဝါးအတုတွေ ထုတ်လုပ်ပြီး တင်သွင်းနေတဲ့ အမျိုးသမီးကို ဖမ်းမိခဲ့တာ။ အမှုကို စသုံးလုံးအဖွဲ့က တိုက်ရိုက်ကိုင်တွယ် စစ်ဆေးနေတယ်"
14-Sep-2016
"ကချင်ပြည်နယ်က မြန်မာနိုင်ငံမှာဆို ငါးနေရာမှာရှိပြီးတော့ သုံးမြို့နယ်အဓိကဖြစ်နေတယ်။ အများဆုံးကတော့ အမျိုးသမီးနဲ့ ကလေးတွေ ပိုအဖြစ်များတယ်"
14-Sep-2016
သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းတွင် နေထိုင်သည့် စသုံးလုံး ညွှန်မှူး(ငြိမ်း)ကို ထိုးကြိတ်သတ်ခဲ့သည်ဟုဆိုသူကို စက်တင်ဘာ ၁၀ ရက်က ဖမ်းမိပြီဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်
13-Sep-2016
"မူးယစ်ဆေးသုံးစွဲပြီး ဓားကိုင်သောင်းကျန်းသူထံကနေ မူးယစ်ဆေးဝါးတွေ့ရှိလို့ လက်ရှိတော့မူးယစ်အမှုနဲ့ပဲ အမှုဖွင့်အရေးယူထားတယ်။ဥပဒေအကြံပြုချက်တောင်းပြီးရင်တော့ ဓားကိုင်သောင်းကျန်းလို့ လက်နက်ဥပဒေအရထပ်ပြီး အမှုဖွင့်အရေးယူပါမယ်"
12-Sep-2016
တိုက်ကြီးမြို့နယ် ဥက္ကံမြို့အရှေ့ဘက် ပဲခူးရိုးမတောစပ် ရေသိုးကျေးရွာအုပ်စု မာဂရီသစ်တောကြိုးဝိုင်း အကွက်(၆)တွင် စက်တင်ဘာ ၁၁ရက် ည၁၁နာရီခန့်က တောဆင်းရိုင်းနင်းသတ်သည့်အတွက် အမျိုးသားတစ်ဦးသေဆုံးခဲ့ရကြောင်း ရေသိုးကျေးရွာအုပ်စု ဒေသခံများထံမှ သိရသည်
11-Sep-2016
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု ဇိုက်ချောင်းကျေးရွာ၏ အရှေ့ဘက် နှစ်မိုင်ခန့် အကွာရှိ တောင်ယာခင်း၌ စက်တင်ဘာ ၉ ရက်က ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုတွင် ပစ်ခတ်ခဲ့သည်ဟု သံသယရှိသူကို စက်တင်ဘာ ၁၀ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သပိတ်ကျင်းမြို့မ ရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
11-Sep-2016
ရန်ကုန် -မန္တလေး အမြန်လမ်း မိုင်တိုင်၂၅၂ အနီး စက်တင်ဘာလ ၁၀ ရက် ညနေ ၅ နာရီကျော်က Toyota Wish အမျိုးအစား အိမ်စီးကား တစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်း အပါအဝင် လိုက်ပါလာသူ ကိုးဦးအနက် သုံးဦး သေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာရ
10-Sep-2016
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဆိုင်းတောင်နှင့် တာမခန်ကားလမ်း၌ ရောင်စုံပလပ်စတစ် ဆပ်ပြာခွက်များဖြင့်ထည့်သွင်းသယ်ဆောင်လာသည့် ငွေကျပ်သိန်း ၇၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများကို စက်တင်ဘာ ၈ရက် မွန်းလွဲ ၁၂နာရီခွဲက ဖမ်းဆီးရမိခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်
10-Sep-2016
"သူဖြစ်တဲ့နေရာက ငါးဧကလောက်ခြားတယ်။ ကျွန်တော်တို့က ပဲစင်းငုံစိုက်ဖို့ ထယ်ထိုးနေတာပါ။ဖြစ်ချင်တော့ အဲဒီနေ့က မခင်တင့်ရဲ့သား ချစ်ထူးနဲ့ ချစ်ဦးတို့တောင်ယာမှာ ထယ်ထိုးဖို့ နေ့စားနဲ့ ခေါ်ထားတာပါ။ ညနေပိုင်းပစ်ခက်မှုဖြစ်ပွားတော့ ချစ်ဦးက ကျွန်တော်နဲ့ရှိနေပြီး ချစ်ထူးကတော့ အခင်းဖြစ်တဲ့နေရာမှာ ဖိနပ်သာတွေ့ပြီး လူက ပျောက်နေတယ်"
09-Sep-2016
အလုံမြို့နယ်၊ အလုံလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ Sky Way Entertainment Club တွင် ဝန်ထမ်းအမျိုးသားကို ဓားဖြင့်ခုတ်၍ ငွေကျပ် သိန်း ၂၀ လုယက်ခဲ့သည့်အဖွဲ့မှ အဖွဲ့ခေါင်းဆောင်ဟုဆိုသော အမျိုးသားမှာ လွတ်မြောက်နေကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။