News

POST SECTION

CRIME-AND-ACCIDENT

30-Oct-2016
ကျောက်မဲမြို့နယ်အတွင်းရှိ မူလတန်းလွန် စာသင်ကျောင်း တစ်ခုမှ ကျောင်းအုပ်ဆရာ တစ်ဦးကို အောက်တိုဘာလ ၂၉ ရက်နေ့ ညနေပိုင်းက မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး သုံးသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ထိန်းသိမ်းခဲ့ရကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။
30-Oct-2016
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် အောက်တိုဘာ ၂၉ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က တပ်ကြပ်အဆင့်ရှိ တပ်မတော်သား(အငြိမ်းစား) တစ်ဦးကို တရားဝင် မှတ်ပုံတင် မပါရှိသည့် အဖြူရောင် ဟွန်ဒါဖစ် မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်ဟု ဖြူးမြို့မရဲစခန်းမှူး ဒုရဲမှူးစံလှက ပြောကြားသည်။
29-Oct-2016
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ် ၁၅ ရပ်ကွက် အောင်သပြေလမ်းရှိ ပညာစံအိမ် ကိုယ်ပိုင် အထက်တန်းကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားနေသည့် ကျောင်းဆရာ တစ်ဦးက ဒသမတန်း ကျောင်းသား တစ်ဦး၏ ပါးစပ်ထဲသို့ ဖားပြုပ်အကောင် ထည့်ကာ ပါးရိုက်ပြီး ညစ်ညမ်းစွာ ဆဲဆိုခဲ့ကြောင်း ရိုက်နှက် ဆဲဆိုခံရသည့် ကျောင်းသားက ပြောဆိုသည်။
29-Oct-2016
“ညီအစ်ကို နှစ်ဦး မောင်းလာတဲ့ တက္ကစီရှေ့မှာ ဘီအမ်ကားက ပိတ်ရပ်ထားလို့ နှစ်ဖက် စကားများ ရန်ဖြစ်ခဲ့တာ၊ ဘီအမ်ကားပေါ်က ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ပေါင်းလေးယောက်က တုတ်တွေနဲ့ ညီအစ်ကို နှစ်ယောက်ကို ဆင်းရိုက်ပြီး ထွက်ပြေးသွားလို့ လိုက်လံ စုံစမ်းရာက ကဝမြို့နယ်ဘက် တိမ်းရှောင်သွားတယ် သိရတယ်။ နယ်မြေ ရဲတပ်ဖွဲ့ထံ ချိတ်ဆက်ပြီး သူတို့ကို ဖမ်းဆီးခဲ့တာပါ”
29-Oct-2016
တာမွေမြို့နယ် အရိုးကုန်း ရပ်ကွက်၌ ဖမ်းမိခဲ့သည့် ဘင်္ဂါလီ အမျိုးသား ငါးဦးကို အောက်တိုဘာ ၂၈ ရက်က တာမွေမြို့နယ် တရားရုံးက ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆(၃) ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။
29-Oct-2016
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို လူမှုကွန်ရက်တွင် ပုတ်ခတ် ပြောဆိုသည်ဟုဆိုသူအား ဆက်သွယ်ရေး ဥပဒေဖြင့် ပဲခူးမြို့ အမှတ် (၂) နယ်မြေရဲစခန်း၌ အောက်တိုဘာ ၂၈ ရက် ည ၆ နာရီက လာရောက် အမှုဖွင့် လှစ်တိုင်ကြားခဲ့ကြောင်း အဆိုပါ ရဲစခန်းမှ အမှုစစ် ရဲအရာရှိ ဒုရဲအုပ် သန်းထွန်းက ပြောသည်။
28-Oct-2016
တာမွေမြို့နယ် အရိုးကုန်းရပ်ကွက်၊ ဗညားဒလလမ်းရှိ နေအိမ်တိုက်ခန်း တစ်ခုသို့ ဘင်္ဂါလီ ငါးဦးကို ခိုးဝှက် ပို့ဆောင်ခဲ့သည့် ပွဲစားအဖွဲ့မှ နှစ်ဦးကို အောက်တိုဘာလ ၂၆ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ ကျေးရွာနှစ်ရွာတွင် ဖမ်းမိခဲ့ကြောင်း တာမွေမြို့မ ရဲစခန်းထံမှ သိရှိရသည်။
28-Oct-2016
“ပုသိမ်မြို့အထွက် ငဝန်မြစ်အတွင်း မျိုးချစ်ဆန်စက်ရှေ့လောက်မှာ တိုက်မိခဲ့တာပါ၊စက်လှေပေါ်ပါ သူတွေကတော့ ကြီးကြီးကျယ်ကျယ် ထိခိုက်မှု မရှိပါဘူး၊ဆန်အိတ်တွေကတော့ ဆုံးရှုံးပြီး စက်လှေလည်း နစ်သွားတယ်လို့ သိရပါတယ်၊အမှုကို ဆက်လက်စစ်ဆေးနေဆဲပါ”
25-Oct-2016
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် နမ့်ကစ်ကျေးရွာ၌ အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက အသက် ၆၀ အရွယ် အမျိုးသားကြီး တစ်ဦး တူမီးသေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မိုင်းယောင်း မြို့မရဲစခန်းထံမှ စုံစမ်း သိရသည်။
25-Oct-2016
စမ်းချောင်းမြို့နယ် ပဏ္ဍိတလမ်းရှိ မြေညီထပ် တိုက်ခန်း တစ်ခု၌ အောက်တိုဘာ ၂၄ ရက် ည ၇ နာရီက ပုပ်ပွ သေဆုံးနေသော အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။
25-Oct-2016
ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) လမ်းဘေးရှိ KTV ဆိုင် တစ်ခုတွင် အောက်တိုဘာလ ၂၄ ရက် နံနက် ၂ နာရီက ဘီယာသောက် သီချင်းဆိုနေသည့် ရဲတပ်ဖွဲ့ဝင်သုံးဦး အပါအဝင် အရန်မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးနှင့် ဆိုင်ဝန်ထမ်းများ နှစ်ဖက်စကားများရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
25-Oct-2016
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၅၆ အနီးတွင် ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ ထွက်ခွာလာသော ခရီးသည်တင် ယာဉ်တစ်စီး အောက်တိုဘာလ ၂၄ ရက်နေ့ည ၁၁ နာရီခွဲခန့်က တိမ်းမှောက်ခဲ့၍ ယာဉ်မောင်းအပါအဝင် ငါးဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သီးကုန်းအမြန်လမ်း ကြက်ခြေနီစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
25-Oct-2016
မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက် ကန်ကောက်ဟောင်းရပ်၌ လပတ်စာမေးပွဲကျသည့် တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦး အောက်တိုဘာလ ၂၄ ရက်နေ့က ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း အမှတ် ၃ ရဲစခန်းထံမှ သိရသည်။
25-Oct-2016
လှိုင်မြို့နယ်၊ (၁၄) ရပ်ကွက်၊ မြနန္ဒာ ၃ လမ်းရှိ မြေညီတိုက်ခန်းတစ်ခုတွင် အောက်တိုဘာလ ၂၄ ရက် မွန်းလွဲ ၁ နာရီက လှိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း၏ နေအိမ်တိုက်ခန်းထဲ ဓားကိုင်ဆောင်ထားသည့် သူခိုးတစ်ဦး ဝင်ရောက်ခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
24-Oct-2016
ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၁၇ အနီး (လှည်းကူးမြို့နယ်) တွင် ယနေ့ (အောက်တိုဘာ ၂၄ ရက်) ညနေ ၄ နာရီခွဲခန့်က နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ခရီးသည်များ တင်ဆောင်မောင်းနှင်လာသည့် Elite ခရီးသည်တင်ယာဉ်ကို မြင့်ခြံ-ရန်ကုန် ပြေးဆွဲသည့် မဟာ ယာဉ်လိုင်းပိုင်း ခရီးသည်တင် ယာဉ်က အရှိန်ဖြင့် ဝင်တိုက်ခဲ့ကြောင်း