News

POST SECTION

CRIME-AND-ACCIDENT

06-Nov-2016
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရပ်ကွက် (၅) နယ်မြေ (၄) ချယ်ရီလမ်းတွင် နိုဝင်ဘာ ၅ ရက် ည ၁၁ နာရီခန့်က အသက် ၃၇ နှစ်အရွယ် ဖခင်က သားသမီး ငါးဦး၏ လည်ပင်ကို ဓားဖြင့် လှီးရာမှ အသက် ၂ နှစ်နှင့် အသက် ၄ နှစ်အရွယ် ကလေး နှစ်ဦး သေဆုံးခဲ့ကြောင်း လားရှိုး မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်နိုင်က ပြောကြားသည်။
05-Nov-2016
သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ (က) ရပ်ကွက်တွင် နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ဘင်္ဂါလီ အမျိုးသား သုံးဦးကို ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
04-Nov-2016
"မူးယစ်ဆေးဝါးတွေကို ကားရှေ့တံခါးကြားတွေထဲ သိုဝှက်သယ်ဆောင်လာတာ။ ကားကမိုင်းယန်းကနေ တာချီလိတ်အထိ ပြေးဆွဲနေတဲ့အဌားကားပါ။ မူးယစ်ဆေးဝါးတွေကို "ဝ"အထူးဒေသ(၂) မိုင်းဖျန်မြို့ကနေတာချီလိတ်ကို အခကြေးငွေနဲ့သယ်ဆောင်လာတာလို့ အဌားယာဉ်မောင်းက ထွက်ဆိုတယ်"
04-Nov-2016
အိမ်အကူ မိန်းကလေးအား နှိပ်စက်မှုဖြင့် တရားစွဲဆို ခံထားရသည့် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ၏ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရသည်ဟု ကျောက်တံတားမြို့နယ်၊ အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးက အနောက်ပိုင်းခရိုင် တရားရုံးတွင် ထွက်ဆိုသည်။
04-Nov-2016
သငွဃြနွးကှှနွးမှို့နယွ လေးထောင့ကွနရွပကွှကွ ပှညတွောအွေးလမွးတှငွ နေ့ခငွးကှောငတွောငအွခှိနွ နအေိမထွဲ ဝငရွောကပွှီး အိမရွှငအွမှိုးသမီးကို ခှှှနထွကသွော အရာဖှင့ွ ထောကွ၍ လကဝွတရွှှထညပွေဈစညွးမှား လုယကခွဲ့သည့ွ အမညမွသိ အမှိုးသားနှဈဦး၏ ခဲပနွးခှီ ပုံကှမွးမှားကို မှို့နယအွနှံ့ရှိ ရဲစခနွးမှားထံ ဖှန့ဝွထေားသညွ။
02-Nov-2016
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မွေကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာရှိ မူလတန်းကျောင်းတွင် ကျောင်းသူ ၁၂ ဦးကို ကျောင်းဆရာ တစ်ဦးက လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်သဖြင့် နိုဝင်ဘာလ ၁ ရက်နေ့က မိတ္ထီလာမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း ယင်းကျောင်းကော်မတီ ဥက္ကဋ္ဌ ဦးသိန်းနိုင်က ပြောကြားသည်။
02-Nov-2016
“အရင်နေ့ (အောက်တိုဘာလ ၃၁ရက်)ညနေက ဆေးကြောင်ပြီး သူ့ရွာ(ရှုခင်းသာ-၄-ရွာ)က လင်မယားနှစ်ယောက်ကို ပစ်ခဲ့တာ။ လင်မယား နှစ်ယောက်လုံးရဲ့ ဒဏ်ရာက စိုးရိမ်ရပေမယ့် မသေဆုံးခဲ့ဘူး။အဲဒီကနေ ပြေးလာစဉ် ဒီမှာပြည်သူ့စစ်ကို ထပ်ပစ်တယ်။ အဲဒီသူရဲ့ပစ္စတိုနဲ့ နောက်ထပ်တစ်ယောက်ကို ပစ်လို့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်က M-22 နဲ့အတွဲ လိုက်ပစ်လိုက်လို့ သေဆုံးခဲ့တယ်”
02-Nov-2016
ပုဇွန်တောင်မြို့နယ် (၁၀) ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ၅၁ လမ်းထောင့်၌ အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်အောင် အသံချဲ့စက် ဖွင့်ပြီး ထီလက်မှတ် ရောင်းခဲ့သော အမျိုးသားကို ပုဇွန်တောင်မြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် နိုဝင်ဘာ ၁ ရက်က အမိန့်ချမှတ်လိုက်သည်။
01-Nov-2016
အသက် ၂၂ နှစ်အရွယ် နည်းပညာ ကျောင်းသူ အသတ်ခံရပြီး အလောင်း စွန့်ပစ်ခံရမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူ အမျိုးသားက ၎င်းကိုယ်တိုင် ကျူးလွန်သတ်ဖြတ်ခဲ့ခြင်း မဟုတ်ကြောင်း နိုဝင်ဘာလ ၁ ရက် နေ့လယ်ပိုင်းက မြောက်ပိုင်းခရိုင် တရားရုံးစစ်ဆေးရာတွင် ငြင်းဆိုခဲ့သည်။
01-Nov-2016
"အဈမရလေို့ခေါသွံကှားမိတာကှောင့ွ ကှှနမွက နောကဖွေးမှာ ငါးနှငရွာက အိမရွှေ့ခနွး ထှကလွာတယွ။ အမှိုးသား နှဈယောကကွ အိမထွဲ ရောကနွပှေီး တဈယောကကွ ကှှနမွဗိုကကွို ခှှှနတွဲ့အရာတဈခုခုနဲ့ လှမွးထောကပွှီး မအောနွဲ့ပှောတယွ။ နောကဖွေးကို ဆှဲခေါသွှားပှီး ဝတထွားတဲ့ နားကပနွဲ့ လကကွောကနွှဈကှငွးကို ဆှဲဖှုတယွူတယွ။ တဈယောကကွ အိမထွဲ မှှပှေီး ဘီရိုထဲမှာ သိမွးထားတဲ့ ရှှဆှေဲကှိုးကို ယူသှားတယွ။ သူတို့ပှနထွှကသွှားတော့ အောဟွဈအကူအညီ တောငွးခငှပွမယေ့ွ ကှောကလွန့နွလေို့ ကှှနမွအသံတှေ မထှကတွော့ဘူး"
01-Nov-2016
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ မြောက်နန်ချွန်ကျေးရွာနေ အမျိုးသား ၂၁ ဦးကို တရုတ်နိုင်ငံသို့ တရားမဝင် ပိုဆောင်ပေးခဲ့သည်ဟု ဆိုသူကို အောက်တိုဘာ ၃၁ ရက်က အမှုဖွင့်အရေးယူခဲ့ကြောင်း ရေတာရှည် မြို့မရဲစခန်းထံမှ စုံစမ်းသိရသည်။
01-Nov-2016
ရန်ကင်းမြို့နယ်၊ ၁၂ ရပ်ကွက်၊ ငွေရလမ်းရှိ နေအိမ်တစ်လုံးတွင် အကြွေး ငွေကျပ် သိန်း ၂၀ ပြန်ဆပ်ရန် ဓားပြ၍ ခြိမ်းခြောက်တောင်းယူခဲ့သူဟု ဆိုသော အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦးတို့ကို အောက်တိုဘာလ ၃၀ ရက်နေ့က ပြစ်မှုပုဒ်မ သုံးခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
31-Oct-2016
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ဝါးကြီးအိုင်ကျေးရွာ ယင်းချောင်းထဲသို့ အောက်တိုဘာ ၃၀ ရက် ညနေ ၂ နာရီခန့်က အမျိုးသမီးကြီးတစ်ဦး မျောပါသေဆုံးခဲ့ကြောင်း မြို့သစ်မြို့နယ် ဝါးကြီးအိုင် နယ်မြေရဲစခန်းထံမှ သိရှိရသည်။
30-Oct-2016
ကျောက်မဲမြို့နယ်အတွင်းရှိ မူလတန်းလွန် စာသင်ကျောင်း တစ်ခုမှ ကျောင်းအုပ်ဆရာ တစ်ဦးကို အောက်တိုဘာလ ၂၉ ရက်နေ့ ညနေပိုင်းက မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး သုံးသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ထိန်းသိမ်းခဲ့ရကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။
30-Oct-2016
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် အောက်တိုဘာ ၂၉ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က တပ်ကြပ်အဆင့်ရှိ တပ်မတော်သား(အငြိမ်းစား) တစ်ဦးကို တရားဝင် မှတ်ပုံတင် မပါရှိသည့် အဖြူရောင် ဟွန်ဒါဖစ် မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်ဟု ဖြူးမြို့မရဲစခန်းမှူး ဒုရဲမှူးစံလှက ပြောကြားသည်။