News

POST SECTION

CRIME-AND-ACCIDENT

15-Jul-2020
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နတ်မဟုတ်ကလေးရွာမှ ညီအစ်မနှစ်ဦး ဇူလိုင် ၁၃ နေ့မွန်းလွဲပိုင်းက နွားကျောင်း သွားစဉ် အသတ်ခံရမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်သူများကို စုံစမ်းရှာဖွေနေပြီဖြစ်ကြောင်း အင်းတော် ရဲစခန်းထံမှ သိရသည်။
09-Jul-2020
မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်း တိုးဂိတ်အနီးတွင် ဇူလိုင်လ ၈ ရက် နံနက် ၁ နာရီခန့်က ကွန်တိန်နာယာဉ်တစ်စီး၏ နောက်ပိုင်းကို Kluger အမျိုးအစား မော်တော်ယာဉ်က ဝင်တိုက်မိခဲ့ပြီး ကားပေါ်တွင်ပါလာသည့် အမျိုးသားခြောက်ဦးမှာ ပေါက်ပြဲပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
07-Jul-2020
ပဲခူးတိုင်း ဝေါမြို့နယ် အေးချမ်းသာ ယာရပ်ကွက်ရှိ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ကြီးကို ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မူးယစ်စိတ်ကြွဆေး ဝါးများနှင့်အတူ ဖမ်းဆီးမိခဲ့သည်ဟု ဝေါမြို့မရဲစခန်းထံမှ သိရှိရသည်။
06-Jul-2020
ဧရာဝတီတိုင်းပုသိမ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာန (မြေစာရင်း) ဦးစီးမှူး ဦးကိုကိုနိုင်ကို ရဲတပ်ဖွဲ့က အဂတိလိုက်စားမှုဖြင့် ဇူလိုင် လ ၃ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ပုသိမ်မြို့မရဲစခန်းထံမှသိရသည်။
05-Jul-2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်းရှိ ဂိုင်ဒေါ်ကျေးရွာတွင် ငါးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
05-Jul-2020
ရဲမေများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဖြင့် စုံစမ်းစစ်ဆေးခြင်းခံရသူ ရဲမှူးချုပ် ဇော်မိုးသန်းကို ဇူလိုင် ၃ ရက်နေ့က ထောင်ဒဏ်အမိန့်ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟထံမှ သိရသည်။
03-Jul-2020
ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ​ကျေးရွာသမဝါယမ အသင်းစုဥက္ကဋ္ဌတစ်ဦးအား မြို့နယ်​သမဝါယမအသင်းမှ တရားစွဲဆိုထားကြောင်း ကတိုင်စိန်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်
03-Jul-2020
စစ်ကိုင်းတိုင်း တမူးမြို့နယ် ထုံကတင်ကျေးရွာအုပ်စု နောင်ကတ်ကျေးရွာဟောင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအိမ်နှင့် ကပ်လျက် သားအမိနှစ်ဦးတည်းနေထိုင်သည့်အိမ်ကို သေနတ်ကိုင်ထားသူများက ဓားပြတိုက်ခဲ့ကြသည်ဟု ထုံကတင်ကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူး ဦးမောင်ညွန့်က ပြောကြားသည်။
03-Jul-2020
လူစုလူဝေးဖြင့် နှစ်သိမ့်ဓမ္မတေးသီဆိုဆုတောင်းပွဲပြုလုပ်ခဲ့သော စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့နှစ်ဦး၏ အမှုကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် စွဲချက်တင်စစ်ဆေးရန် ဇူလိုင် ၂ ရက်နေ့က မရမ်းကုန်း မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်သည်။
30-Jun-2020
ပဲခူးတိုင်း ရေတာရှည်မြို့နယ် ရေနီမြို့ အမှတ် ၁ ရပ်ကွက် ဗလီကွေ့အနီး ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဇွန်လ ၂၉ ရက်နေ့ နံနက် ၄ နာရီခန့်က ၂၂ ဘီးတပ်တွဲကားနှင့် ဆီဘောက်ဆာယာဉ်တို့ တိုက်မိရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး မီးလောင်သေဆုံးခဲ့သည်ဟု နယ်မြေခံရဲစခန်းထံမှ သိရသည်။
29-Jun-2020
မန္တလေးမြို့တော်၌ ဇွန်လ ၂၇ ရက်နေ့ ည ၈ နာရီခန့်က ဆိုင်ကယ်မောင်းလာသည့် အမျိုးသားတစ်ဦးကို အခြား ဆိုင်ကယ်တစ်စီးပေါ်မှ အမျိုးသားနှစ်ဦးက သေနတ်နှင့်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့သည်။
28-Jun-2020
တရုတ်နိုင်ငံ၊ ယူနယ်ပြည်နယ်၊ ချိန်ဇင့်မြို့ရှိ ချင်ယုံဟွာကျေးရွာတွင် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးကို ဓားဖြင့် ခုတ်သတ်ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
26-Jun-2020
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ရေပေါ်ကြီးကျေးရွာအုပ်စု သော်ကဇင်း ကျေးရွာ၌ ဇွန်လ တတိယပတ်အတွင်းက အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦး ပိုးသတ်ဆေးကျွေးခံရကာ ရွှေနားကပ်လုယူ ခံရပြီး သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
25-Jun-2020
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်း မြို့နယ်၊ ချမ်းသာကုန်းကျေးရွာရှိ ရန်ကုန်-ပြည် ကားလမ်းဘေးတွင် ဖွင့်လှစ်ထားသော ကေတီဗီဆိုင်တစ်ဆိုင်မှ ဆိုင်ရှင်အမျိုးသမီးနှင့် ယင်းဆိုင်အတွင်းရှိ အမျိုးသမီးခြောက်ဦးကို ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
24-Jun-2020
ပဲခူးတိုင်း ဖြူးမြို့နယ် ညောင်ပင်သာမြို့ ကျီးမနိုးကျေးရွာအုပ်စု လူငယ်အားမာန်သမဝါယမအသင်းပိုင်မြေများပေါ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီချိန်တွင် ဒေသခံအချို့နှင့် ပြည်သူ့အကျိုးဆောင် စေတနာ့ဝန်ထမ်းအဖွဲ့ဟုဆိုသည့် ပျောက်ကျားဝတ်စုံဝတ်အဖွဲ့များက အကြိမ်ကြိမ်လာရောက်ကာ ထွန်ယက်စိုက်ပျိုးနေသဖြင့် အခက်ကြုံနေရသည်ဟု အသင်းသားများကပြောဆိုသည်။