News

POST SECTION

CRIME-AND-ACCIDENT

21-Jan-2017
တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်ရှိ 225 ဟိုတယ်တွင် တည်းခိုနေထိုင်သူ အမျိုးသားနှစ်ဦးထံမှ စိတ်ကြွဆေးပြားများနှင့် ICE ဟု ယူဆရသော ဆေးရွက်ခြောက်များနှင့်အတူ ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရရှိခဲ့ကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
21-Jan-2017
ရန်ကုန်-မန္တလေး အမြန်လမ်း အမှတ် ၃ လမ်းဆုံအနီး မိုင်တိုင်အမှတ် ၄ နှင့်၂ ဖာလုံအနီး ပုဂံဘုရားဖူးပြီး ပြန်လာသည့် Hiace အမျိုးအစား အန်စာတုံးပုံ အိမ်စီးယာဉ်တစ်စင်း ယနေ့(ဇန်နဝါရီလ ၂၁ ရက်) နံနက် ၈ နာရီခွဲခန့်ကလမ်း ဘေးထိုးကျ တိမ်းမှောက် မီးလောင်ရာမှ ယာဉ်ပေါ်လိုက်ပါလာသူ ကိုးဦးအနက် ခရီးသည် ရှစ်ဦး မီးလောင် သေဆုံး
21-Jan-2017
ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ၁၈ ရပ်ကွက် စည်ပင်လမ်းနှင့် မောင်းမကန်ကမ်းသာလမ်းထောင့်ရှိ ဘီယာဆိုင်တွင် ယနေ့ (ဇန်နဝါရီလ ၂၁ ရက်) နံနက် ၄ နာရီက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ငါးဦး သေဆုံးကာ အမျိုးသမီး တစ်ဦး မီးလောင်ဒဏ်ရာ အပြင်းအထန် ရခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
20-Jan-2017
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဖလပ်ရပ်ကွက်တွင် ခွင့်ပြုမိန့်မရှိဘဲ အသံချဲ့စက် ကျယ်လောင်စွာ ဖွင့်လှစ်ပြီး ကံစမ်းမဲ လက်မှတ်ရောင်းသူတစ်ဦးကို အမှုဖွင့်ထားကြောင်း ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းတင်ဖေက ပြောသည်။
19-Jan-2017
ရန်ကုန်မြို့လယ်တွင် Ice မူးယစ်ဆေးဝါးများကို ကွန်တိန်နာယာဉ်ငယ်ဖြင့် သယ်ဆောင်လာသည့် နိုင်ငံခြားသား ငါးဦး ပါဝင်သော မူးယစ်ဂိုဏ်း ဖမ်းမိမှုမှ ကိုးဦးကို ဖမ်းမိခဲ့ပြီး ၁၆ ဦးမှာ လွတ်မြောက်နေကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်း သိရသည်။
19-Jan-2017
သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းရှိ ပန်းတန်းထိပ်တွင် ဇန်နဝါရီလ ၁၈ ရက် ည ၈ နာရီက မူးယစ်ရမ်းကားနေသော အမျိုးသား တစ်ဦးက နယ်ထိန်းကို ဓားဖြင့် ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
19-Jan-2017
တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စု မယ်အို့ရွာအနီးရှိ ကျောက်လိုဏ်ဂူ တပ်စခန်းရှေ့တွင် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးသယ်ဆောင်သူများကို ရှာဖွေစစ်ဆေးစဉ် သေနတ်ကျည်ဆန် မတော်တဆထိမှန်၍ မူးယစ်ရဲတပ်ကြပ်ကြီးတစ်ဦး သေဆုံးကြောင်း တာချီလိတ်မြို့မ ရဲစခန်းထံမှ သိရသည်။
19-Jan-2017
ဒေါပုံမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်ကြား ဆက်သွယ်ထားသည့် ဗန္ဓုလတံတားပေါ်တွင် ဇန်နဝါရီလ ၁၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က အခမဲ့ ယာဉ်တစ်စီးကို YBS တံဆိပ်တပ် အမှတ် ၇၀ ယာဉ်က နောက်မှ ဝင်တိုက်မိခဲ့ကြောင်း လမ်းကြောင်းညွှန်ပေးသည့် စေတနာ့ ဝန်ထမ်းများက ပြောကြားသည်။
19-Jan-2017
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု နမ္မဖြစ်ကျေးရွာတွင် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်ခန့်က အလယ်တန်း ကျောင်းဆရာတစ်ဦး သေနတ်ဖြင့် စ်သတ်ခံရကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။
18-Jan-2017
မထသအုပ်ချုပ်မှုမှ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အုပ်ချုပ်မှုအောက်တွင် ပြေးဆွဲနေသည့် YBS နံပါတ် ၆ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက် နှစ်ဦးက ခရီးသည်အား ကိုယ်ထိလက်ရောက် ကျူးလွန်မှုအတွက် ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အင်းစိန်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားသည်။
18-Jan-2017
နာမည်ကြီး မိန်းမလျာ အလှမယ် မျိုးကိုကိုစန်းကို ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုံရွှေရည်က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူရန် တိုင်ကြားခဲ့မှုကြောင့် ဇန်နဝါရီ ၁၇ ရက် ည ၈ နာရီခွဲအချိန်တွင် ရန်ကုန်လေဆိပ်၌ အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။
18-Jan-2017
မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ရာတွင် နေထိုင်သော ဒုဗိုလ်မှူးကြီး (ငြိမ်း)နှင့် မိသားစုကို အသက် ၁၀ နှစ်ခွဲအရွယ် အိမ်အကူ မိန်းကလေးငယ်၏ အပေါ်သွား လေးချောင်းနှင့် အောက်သွား နှစ်ချောင်း ကျိုးအောင် ညှဉ်းပန်းနှိပ်စက်မှုဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၂၅/ ၃၂၆/ ၁၁၄ အရ အမှုဖွင့် အရေးယူထားကြောင်း ဘုရင့်နောင် နယ်မြေ ရဲစခန်းထံမှ သိရသည်။
18-Jan-2017
ပုသိမ်အကျဉ်းထောင်တွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်က ဆူပူအော်ဟစ် ရမ်းကားခဲ့ကြသူ လေးဦးကို ပုသိမ်မြို့နယ် တရားရုံးက ယနေ့ (ဇန်နဝါရီ ၁၈ ရက်) ၌ ထောင်ဒဏ် အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။
17-Jan-2017
မုံရွာသတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် Blue Sky ကေတီဗီ ဝန်ထမ်း နှစ်ဦးကို ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လယ်က ပြန်လည် လွှတ်ပေးလိုက် ကြောင်း မုံရွာမြို့မရဲစခန်းထံမှ သိရသည်။
17-Jan-2017
YBS ယာဉ်လိုင်းများ စတင်ပြေးဆွဲသည့် ဇန်နဝါရီ ၁၆ ရက် ညတွင် ကားမှတ်တိုင်ရှိ ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်များအား ဖျက်ဆီးခဲ့သော အမျိုးသားနှစ်ဦးကို မရမ်းကုန်းမြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တို့တွင် ရဲတပ်ဖွဲ့က ဖမ်းမိခဲ့သည်။