News

POST SECTION

CRIME-AND-ACCIDENT

02-Feb-2017
အသက် ၆ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်သည်ဟု ဆိုသော အသက် ၃၂ နှစ်အရွယ် အမျိုးသားကို အနောက်ပိုင်းခရိုင် တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
01-Feb-2017
NLD ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံခဲ့သည့် သေနတ်သမား ကြည်လင်း ရက် ၂၀ ကျော် တည်းခိုခဲ့သော မဟာအောင်မြေ ဗိမာန်စာသင်ကျောင်းတိုက်မှ သက်သေခံ ပစ္စည်းများ ဖြစ်သော လူသတ်သမား၏ အသုံးအဆောင်ပစ္စည်း ၁၅ မျိုးကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
31-Jan-2017
စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးဝမြို့ အထက် ညောင်ပင်သာ ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ယနေ့ (ဇန်နဝါရီလ ၃၁ ရက်) ညနေ ၃ နာရီခွဲက ကုန်တင်မော်တော် ရေယာဉ် နှစ်စီး တိုက်မိခဲ့ရာ တစ်စီးမှာ နစ်မြုပ်ခဲ့ကြောင်း ကလေးဝမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
31-Jan-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ပန်လော့အထက်ရွာအနီး ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဇန်နဝါရီ ၃၀ ရက် ညနေ ၄ နာရီခွဲခန့်က ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ၍ တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ကျိုင်းတုံမြို့အမှတ်(၁၁၆)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးထံမှ သိရသည်။
30-Jan-2017
ဗိုလ်ချုပ်လမ်းရှိ ဆာကူရာတာဝါ အရှေ့တွင် ယနေ့ (ဇန်နဝါရီလ ၃၀ ရက်) နံနက် ၆ နာရီက YBS ယာဉ်နှစ်စီး တိုက်မိရာမှ ယာဉ်လိုင်း ၅၆ မီနီဘတ်စ်ယာဉ် တိမ်းမှောက်ခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံးမှ သိရသည်။
30-Jan-2017
NLD ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်နှင့် အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့သူ ကြည်လင်းကို ယနေ့ (ဇန်နဝါရီ ၃၀ ရက်) နံနက်တွင် မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် ချုပ်ရမန်ယူခဲ့ကြောင်း သိရသည်။
29-Jan-2017
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ အောင်ဇေယျလမ်းတွင် ဇန်နဝါရီလ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်က Toyota Belta အမျိုးအစား အဖြူရောင်ယာဉ်တစ်စီးပေါ်မှ စနိုက်ပါ မှန်ပြောင်းနှင့် လက်ကိုင်စကားပြောစက် နှစ်လုံး၊ စပရိန်ပါ စတီးချောင်းလေထိုး မောင်းတင်တံနှင့် မောင်းတုံးလက်ကိုင်ပါ မောင်းတင်တံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
28-Jan-2017
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မူဆယ်မြို့ စွမ်းစော်ရပ်ကွက်၊ မူဆယ်-နမ့်ခမ်း သွားကားလမ်းပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင် တစ်ခု၌ ဇန်နဝါရီလ ၂၆ ရက်နေ့၊ ည ၁၂နာရီခွဲခန့်တွင် မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက သွားရောက် ရှင်းလင်း စစ်ဆေးခဲ့သည်။
27-Jan-2017
ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးဝင်းရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် အိပ်ပျော်နေသော အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြင့် တရားစွဲဆိုခဲ့သော အမျိုးသားကို ဇန်နဝါရီလ ၂၇ ရက်နေ့က အနောက်ပိုင်းခရိုင် တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် ၁၃ နှစ် အမိန့် ချမှတ်ခဲ့သည်။
26-Jan-2017
ဗိုလ်တထောင်မြို့နယ် လမ်းသွယ် ၂ လမ်းရှိ နေအိမ်တွင် ခေါ်ယူမွေးစားထားသော ကေလေးငယ် ၇ ဦး ညှင်းပန်းနှိပ်စက်ခံရမှုတွင် မိန်းကလေး လေးဦးမှာ အဓမ္မပြုကျင့်ခံရသည်ဟု စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကလေးလူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးမျိုးဆက်အောင်က The Voice သို့ ပြောကြားသည်။
26-Jan-2017
မန္တလေးမြို့တော်သို့ လာရောက်လည်ပတ်သည့် ဘူတန်ဘုရင်၏ ဒွေးတော်နှင့် အဖွဲ့အတွက် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ရဲဒုတပ်ကြပ်တစ်ဦး ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၂ နာရီခန့်က ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သည်။
26-Jan-2017
မိုးညှင်းမြို့နယ် ဟိုပင်မြို့ ၇ မိုင်ကျေးရွာ နမ္မားချောင်းဖျားတွင် ဇန်နဝါရီလ ၂၄ ရက်နေ့က ဆင်လန့်၍ နှာမောင်းနှင့် ဖိညှစ်မိသဖြင့် ဆင်ဦးစီး သေဆုံးခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
25-Jan-2017
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၄ အနီး ယာဉ်မီးလောင်ရာမှ ရှစ်ဦး သေဆုံးမှုကို အမှုမှန် ဖော်ထုတ်ရန် စီအိုင်ဒီထံ အမှုလွှဲမည်ဖြစ်ကြောင်း နေပြည်တော် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ရန်နောင်ဝင်းက ပြောကြားသည်။
25-Jan-2017
ပြည်ပသို့တင်ပို့မည့် တရားမဝင် ကျွန်းသစ်များပါရှိသည့် ကုန်သေတ္တာ(ကွန်တိန်နာ) နှစ်လုံးကို ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ရန်ကုန်ဆိပ်ကမ်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က ပြောကြားသည်။
23-Jan-2017
ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၄ နှင့်၂ ဖာလုံအနီးတွင် ဘုရားဖူးပြန်လာသူ ရှစ်ဦး မီးလောင် သေဆုံးခဲ့သော ဘုရားဖူးယာဉ်ကို တစ်ဦးတည်း အသက်ရှင် ကျန်ရစ်ခဲ့သူ အမျိုးသားက မောင်းနှင်ခဲ့ဟု ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) မှုခင်းဌာနမှ ရဲမှူးရန်နောင်ဝင်းက ပြောကြားသည်။