News

POST SECTION

CRIME-AND-ACCIDENT

10-Feb-2017
မြစ်ကြီးနားမြို့တွင် အသက် ၂၄ နှစ်အရွယ် သူနာပြု အမျိုးသမီးတစ်ဦး ထိုးသွင်းဒဏ်ရာ ၁၉ ချက်ဖြင့် ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေပိုင်းက နေအိမ် ကုန်စုံဆိုင်တွင် သေဆုံးနေကြောင်း အဆိုပါမြို့ရှိ ရဲတပ်ဖွဲ့ထံမှ သိရသည်။
10-Feb-2017
လှိုင်သာယာမြို့နယ်ရှိ FMI အိမ်ရာဝင်းတွင် ဖေဖော်ဝါရီလ ၈ ရက် ည ၇ နာရီခွဲက Alphard အဖြူရောင်ယာဉ်ကို မောင်းနှင်သူ အမျိုးသားက စက်ဘီးဖြင့် နေအိမ်ပြန်လာသူ အမျိုးသမီး၏ ဆလင်းဘက်အိတ်ကို ဆွဲလုယူထွက်ပြေးခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
10-Feb-2017
အသက်မပြည့်သူ မိန်းကလေးများကို နေအိမ်တွင် ထိန်းသိမ်းထားပြီး ပြည့်တန်ဆာအဖြစ် စေခိုင်းသူ အမျိုးသမီးကို ဖေဖော်ဝါရီလ ၉ ရက် မွန်းလွဲပိုင်းက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ကျခံစေရန် အရှေ့ပိုင်းခရိုင် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
09-Feb-2017
သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးရှိ အသင်းတိုက်မှတ်တိုင်တွင် ဖေဖော်ဝါရီလ ၇ ရက် နံနက် ၇ နာရီက YBS ယာဉ်လိုင်း အမှတ် (၁၀) ခရီးသည်တင်ယာဉ် တစ်စီးပေါ်ပါ အသက် ၅၂ နှစ်အရွယ် ခရီးသည် အမျိုးသမီးတစ်ဦး ယာဉ်ပေါ်မှ ပြုတ်ကျပြီး ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
08-Feb-2017
လူ ၈ ဦး သေဆုံးခဲ့သော အမြန်လမ်း ကားမီးလောင်မှုတွင် ကားပေါ်မှ ဆင်းလာသူ နှစ်ဦးရှိဟု မျက်မြင်သက်သေများ ပြောဆိုသည့်သတင်းမှာ မြေပြင် စစ်ဆေးချက်များနှင့် လွဲမှားနေကြောင်း ယင်းအမှုကို စစ်ဆေးနေသည့် မှုခင်းရဲတပ်ဖွဲ့ စီအိုင်ဒီမှ ရဲမှူးမိုးအောင်က The Voice သို့ ပြောကြားသည်။
07-Feb-2017
အစိုးရသစ်လက်ထက် အလောင်းပြိုင် လူသတ်မှုများဖြစ်သည့် မင်္ဂလာဒုံမြို့ နယ် လေးလောင်းပြိုင် လူသတ်မှု၊ ခရမ်းမြို့နယ် နှစ်လောင်းပြိုင် လူသတ်မှုတို့ အပါအဝင် ကျန်လူသတ်မှုဖြစ်စဉ် အချို့မှ ပြစ်မှုကျူးလွန်သူများကို ယနေ့အချိန်ထိ ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
06-Feb-2017
ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ဗဟိုကျောင်း ကျောင်းထိုင်ဆရာတော် ဦးအာစာရကို WY စိတ်ကြွမူးယစ်ဆေးပြားများနှင့်အတူ လက်နက်များကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေက ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောမြို့တွင် လုံခြုံရေး တာဝန်ယူထားသည့် ဒုတိယရဲမှူးကြီးတစ်ဦးက အတည်ပြု ပြောကြားသည်။
06-Feb-2017
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ် (၁၄) ရက်ကွက် မြစည်းခုံ ဘုရားဈေးလမ်းတွင် ဖေဖော်ဝါရီ ၅ ရက် ည ၇ နာရီခွဲက အသက် ၂၃ နှစ်အရွယ် မိန်းကလေးတစ်ဦး ဓားဒဏ်ရာ ခြောက်ချက်ဖြင့် အသတ်ခံရကြောင်း တောင်ငူမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းထံမှ သိရှိရသည်။
05-Feb-2017
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လအတွင်း လေဆိပ်တွင် ရှေ့နေဦးကိုနီ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှု အပါအဝင် လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုများ ပါဝင်သည့် အမှုကြီးဖြစ်စဉ် ၃၉ မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
05-Feb-2017
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် ပစ်သတ်ရာတွင် ပူးပေါင်းပါဝင်သည်ဟု ဆိုသော အသက် ၄၆ နှစ်အရွယ် အောင်ဝင်းဇော်၏ နေအိမ်ကို ဖေဖော်ဝါရီလ ၃ ရက် ညနေပိုင်းက ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ဝင်ရောက်ရှာဖွေကာ ချိပ်ပိတ်ခဲ့ကြောင်း ယင်းလမ်းတွင် နေထိုင်သော အမျိုးသားတစ်ဦးက ပြောကြားသည်။
05-Feb-2017
ကောက်ရိုးများ ထည့်ထားသည့် နွားစာတဲအတွင်း မီးခြစ်ဖြင့် ဆော့ကစားရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
04-Feb-2017
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၊ အမှတ် (၁) ရပ်ကွက် ထီးလှိုင်ရန်ပြေမာန်ပြေလမ်းရှိ တည်းခိုခန်းတစ်ခုတွင် ခေတ္တတည်းခိုနေထိုင်သူ တစ်ဦးထံမှ တန်ဖိုးငွေ သိန်း ၁၁၀၀ ကျော်ရှိသည့် စိတ်ကြွဆေးပြား နှစ်သောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
03-Feb-2017
NLD ပါတီ ဥပဒေအကြံပေး ရှေ့နေဦးကိုနီကို သေနတ်ဖြင့် ပစ်သတ်မှုတွင် ပူးပေါင်းပါဝင်ခဲ့သူ ဦးအောင်ဝင်းဇော်ကို ဇန်နဝါရီလ ၃၀ ရက်နေ့က ကရင်ပြည်နယ်တွင် ဖမ်းမိကြောင်း နိုင်ငံတော် သမ္မတရုံးက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
03-Feb-2017
NLD ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ကိုနေဝင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူ ကြည်လင်းကို လူသတ်မှုပုဒ်မ ၃၀၂ တစ်ခုဖြင့်သာ လတ်တလော အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိုင်းမှူး ရဲမှူးကြီး မျိုးဆွေက ပြောကြားသည်။
02-Feb-2017
မွေးရာပါ လက်တစ်ဖက်မပါသော အသက် ၂၆ နှစ်အရွယ် ထီသည်ကို မော်တော်ကားဖြင့် သစ်သီးရောင်းသူများက ဝိုင်းဝန်း ထိုးကြိတ်ရိုက်နှက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုကို အင်းစိန်မြို့နယ်၊ ခဝဲခြံမျက်မမြင်ကျောင်းတွင် ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။