News

POST SECTION

CRIME-AND-ACCIDENT

11-Sep-2016
ရန်ကုန် -မန္တလေး အမြန်လမ်း မိုင်တိုင်၂၅၂ အနီး စက်တင်ဘာလ ၁၀ ရက် ညနေ ၅ နာရီကျော်က Toyota Wish အမျိုးအစား အိမ်စီးကား တစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်း အပါအဝင် လိုက်ပါလာသူ ကိုးဦးအနက် သုံးဦး သေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာရ
10-Sep-2016
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဆိုင်းတောင်နှင့် တာမခန်ကားလမ်း၌ ရောင်စုံပလပ်စတစ် ဆပ်ပြာခွက်များဖြင့်ထည့်သွင်းသယ်ဆောင်လာသည့် ငွေကျပ်သိန်း ၇၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများကို စက်​တင်​ဘာ ၈ရက် မွန်းလွဲ ၁၂နာရီခွဲက ဖမ်းဆီးရမိခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်
10-Sep-2016
"သူဖြစ်တဲ့နေရာက ငါးဧကလောက်ခြားတယ်။ ကျွန်တော်တို့က ပဲစင်းငုံစိုက်ဖို့ ထယ်ထိုးနေတာပါ။ဖြစ်ချင်တော့ အဲဒီနေ့က မခင်တင့်ရဲ့သား ချစ်ထူးနဲ့ ချစ်ဦးတို့ တောင်ယာမှာ ထယ်ထိုးဖို့ နေ့စားနဲ့ ခေါ်ထားတာပါ။ ညနေပိုင်းပစ်ခက်မှုဖြစ်ပွားတော့ ချစ်ဦးက ကျွန်တော်နဲ့ရှိနေပြီး ချစ်ထူးကတော့ အခင်းဖြစ်တဲ့နေရာမှာ ဖိနပ်သာတွေ့ပြီး လူက ပျောက်နေတယ်"
09-Sep-2016
အလုံမြို့နယ်၊ အလုံလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ Sky Way Entertainment Club တွင် ဝန်ထမ်းအမျိုးသားကို ဓားဖြင့်ခုတ်၍ ငွေကျပ် သိန်း ၂၀ လုယက်ခဲ့သည့်အဖွဲ့မှ အဖွဲ့ခေါင်းဆောင်ဟုဆိုသော အမျိုးသားမှာ လွတ်မြောက်နေကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
08-Sep-2016
"မြန်မာနိုင်ငံသားတစ်ဦး မောင်းလာတဲ့ကားကို စစ်ဆေးတော့ တရုတ်နိုင်ငံသားရဲ့ မင်းဂွတ်သီးခြင်းထဲကနေ စိတ်ကြွဆေးပြား ၄၀၀ ဖမ်းမိတယ်။ထပ်ပြီး စစ်ဆေးတော့ ကျိုင်းတုံက အိမ်တစ်အိမ်မှာ ပို့ထားတဲ့ မူးယစ်ဆေး ထုပ်ပိုးအိတ် ၁၂၆၀၀၀ ပါတဲ့ ဂျပ်ဖာ ခုနှစ်ခု ထပ်မိတာ။နောက်ထပ်လည်း ဂျပ်ဖာ၂၀ကျော် တရုတ်ဘက်ကနေ ပို့ဖို့ရှိသေးတယ်လို့ သိရတယ်"
08-Sep-2016
လှိုင်သာယာမြို့နယ် အမှတ် (၆)ရပ်ကွက် ဗစ်တိုးရီးယားကုန်တိုက်ရှေ့၌ လှည့်ကင်းဆောင်ရွက်နေသော နယ်ထိန်းတစ်ဦး ဓားဖြင့် ထိုးသတ်ခံရကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစိုးဝင်းက ပြောကြားသည်။
07-Sep-2016
Sky Way Entertainment Club တွင် စက်တင်ဘာလ ၇ ရက် နံနက် ၂ နာရီက တုတ်၊ ဓား၊ လက်နက်များဖြင့် ငွေကျပ် သိန်း ၂၀ ဝင်လုခဲ့သော အဖွဲ့မှ အမျိုးသား သုံးဦးကို ဖမ်းမိ
07-Sep-2016
မင်္ဂလာဒုံမြို့မ ရဲစခန်းရှိ အိမ်ထောင်သည် လိုင်းခန်း၌ စက်တင်ဘာ ၆ ရက် မွန်းလွဲ ၁ နာရီက အသက် ၄၀ အရွယ် ရဲတပ်ကြပ်ကြီး တစ်ဦးမှာ ပလတ်စတစ် ရေတိုင်ကီအတွင်း ဇောက်ထိုး ပြုတ်ကျ သေဆုံး
07-Sep-2016
စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက် တကောင်းလမ်းရှိ သုံးလွှာတိုက်ခန်း တစ်ခုတွင် စက်တင်ဘာ ၆ ရက် ညနေ ၆ နာရီခွဲက အပုပ်နံ့များ ရသောကြောင့် ရဲတပ်ဖွဲ့က ယင်းနေအိမ်တိုက်ခန်း တံခါးသော့ကို ဖျက်ကာ ဝင်ရောက် စစ်ဆေးခဲ့ရာ အိပ်ခန်း မွှေ့ယာပေါ်တွင် ပုပ်ပွ သေဆုံးနေသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီး၏ အလောင်းကို တွေ့ရှိ
07-Sep-2016
"သေဆုံးသူက အသက် ၃၀အရွယ်လောက်ရှိပါတယ်။ အခုထိနေရပ်လိပ်စာစုံစမ်းလို့မရသေးဘူး။အနီးအနားရွာတွေဆီ စုံစမ်းကြည့်တော့ မူးယစ်ဆေးဝါးသုံးစွဲပြီး အခြေအနေမဲ့သွားလာနေထိုင်နေတဲ့သူဆိုတာတော့ သိရတယ်"
07-Sep-2016
“အချုပ်ကားက သဲကုန်းမြို့က ကားပါ။ ပြည် အကျဉ်းထောင်က အကျဉ်းသူတွေကို မကွေးတိုင်း သရက်ထောင် ပြောင်းရင်း လမ်းခုလတ်မှာ မှောက်တာ”
07-Sep-2016
"သူတို့က ဆိုင်ကယ်ကို တစ်ရှိန်ထိုးကြီး မောင်းလာတဲ့အတွက် ကားကိုရပ်ပေးထားခဲ့တယ်။ သူ့တို့ကိုယ်တိုင်က အရှိန်မထိန်းနိုင်တာ၊ ဘယ်ဘက်ကနေ တိုက်တာ ညာဘက်မှန်အထိကို ပေါက်ထွက်သွားခဲ့တာ။ ကျွန်မတို့က အခုလို လုယက်ပြီး ပြေးလာတာလို့ မသိပါဘူး၊ သူတို့ကြည့်လိုက်တော့ သွေးတွေနဲ့ လဲနေတာတွေ့လို့ အရေးပေါ်ဌာနကို ပို့ပေးခဲ့တာ၊ တစ်ယောက်က သွေးရူးသွေးတန်းနဲ့ ပြေးနေသေးတာ၊ တားလို့လည်းမရဘူး၊ ပြီးတော့ ဆိုင်ကယ်ဆွဲထူပြီး ထွက်ပြေးသေးတယ်။ ဆိုင်ကယ်က တော်တော်ပျက်စီးသွားတော့ မောင်းလို့မရတော့ဘူး"
07-Sep-2016
"တရုတ်သီလရှင် ရန်ပေါင်းမေကို သူနေထိုင်ရာ ကွမ်ရင်မယ်တော်ကျောင်းကို ပြန်လာချိန်မှာ ဖမ်းမိလိုက်တာ"
06-Sep-2016
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလတွင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းနှင့် ပါတီဝင်အချို့
06-Sep-2016
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ နေအိမ်တစ်ခု၌ ယနေ့(စက်တင်ဘာ ၆ ရက်) မွန်းလွဲပိုင်းက အမျိုးသမီးတစ်ဦးတည်းရှိနေစဉ် အမျိုးသားနှစ်ဦးက ဓားဖြင့်ဝင်ခုတ်ကာ ရွှေနှင့် ငွေများကို လုယူခဲ့ကြောင်း အမှတ် (၄) နယ်မြေ ရဲစခန်းမှ ကနဦးသတင်းထုတ်ပြန်ချက်အရ သိရသည်