News

POST SECTION

CRIME-AND-ACCIDENT

11-Jul-2017
ပြည်ခရိုင်အတွင်း ဇူလိုင်လ ၁ ရက်မှ ၁၀ နေ့အတွင်း သက်ငယ်မုဒိမ်းမှု ၂ မှုနှင့် လူသတ်မှုတစ်မှု အပါအဝင် အမှု ၃၅၀ နီးပါးအထိ ဖြစ်ပွားခဲ့ကြောင်း ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းဌာနထံမှ သိရသည်။
11-Jul-2017
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ၁၄/ ၁ ရပ်ကွက် နွယ်သာဂီလမ်းတွင် အရက်အတူသောက်နေသူ အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ ဒဏ်ရာရသူ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
11-Jul-2017
တာမွေမြို့နယ်ရှိ တာမွေယာယီဈေးဝင်းတွင် ဘက်ထရီအိုး မေ့ကျန်ခဲ့၍ ပြန်လာယူသည့် အသက် ၅၃ နှစ်အရွယ် ကုန်စိမ်းရောင်းချသူ အမျိုးသမီးကို ဈေးညစောင့် အမျိုးသားက အဓမ္မပြု ကျင့်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ ရဲတပ်ဖွဲ့ထံမှ သိရသည်။
11-Jul-2017
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် ပြူကံကျေးရွာရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၏ ကျောင်းဆောင်တစ်ခုရှေ့တွင် ဇူလိုင်လ ၁၀ ရက် နံနက် ၈ နာရီခွဲက တုတ်၊ ဓားများဖြင့် အုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ရာ ကျောင်းသားလေးဦး ဒဏ်ရာရရှိကြောင်း စစ်ကိုင်းမြို့မ ရဲတပ်ဖွဲ့ထံမှ သိရသည်။
10-Jul-2017
ဒုတိယတန်း ဖြေဆိုထားသည့် အသက် ၁၀ နှစ်အရွယ် မယားပါသမီးကို ခြိမ်းခြောက်သားမယား ပြုကျင့်ခဲ့သည့် ပထွေးကို ဇူလိုင်လ ၇ ရက်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ်အနှစ် ၂၀ ကျခံစေရန် အမိန့်ချခဲ့ကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးထံမှ သိရသည်။
09-Jul-2017
တာမွေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးဝင်းရှိ ဝန်ထမ်းလိုင်းခန်းတွင် အသတ်ခံရသည့် ဒုဦးစီးမှူး၏အမှုအား ဖော်ထုတ် အရေးယူနိုင်ရန် စီအိုင်ဒီထံ လွှဲပြောင်း ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
09-Jul-2017
စစ်ကိုင်းတိုင်း ကလေးမြို့တွင် ပျောက်ဆုံးနေသော ၇ တန်း ကျောင်းသူကို နှစ်ရက်အကြာတွင် မြို့ပြင်၌ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ကလေးမြို့မ ရဲစခန်းထံမှ သိရှိရသည်။
08-Jul-2017
YBS စနစ်ဖြင့် စတင် ပြေးဆွဲချိန်မှစ၍လက်ရှိအချိန်အထိ ပထမဆုံးအကြိမ် ခရီးသည်များ သေဆုံးခဲ့သည့် ယာဉ်မတော်တဆမှုဖြစ်စဉ်တွင် အဓိကကျသည့် YBS တံဆိပ်တပ် ၅၅ ယာဉ်လိုင်းကို ယနေ့ (ဇူလိုင်လ ၈ ရက်) အစည်းအဝေးဆုံးဖြတ်ချက်အရ မြို့တွင်းပြေးဆွဲမှု ပိတ်သိမ်းသည့်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
08-Jul-2017
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကန်သာကျေးရွာအုပ်စု ကျွန်းဖိုပင်ရွာရှိ နေအိမ်တစ်ခုတွင် ဇူလိုင်လ ၇ ရက်နေ့က စိတ်ကြွမူးယစ်ဆေးပြား ၆၀၀ နှင့် အမျိုးသားနှစ်ဦး အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မိတ္ထီလာခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ဒုရဲအုပ် လှစိုးမိုးက ပြောကြားသည်။
08-Jul-2017
ညီမတော်စပ်သူအပါအဝင် ဆယ်ကျော်သက်အရွယ် မိန်းကလေး နှစ်ဦးကို တရုတ်နိုင်ငံသို့ ရောင်းချခဲ့သည့် အမျိုးသမီး တစ်ဦးကို ဇူလိုင်လ ၇ ရက်က ဖမ်းဆီးခဲ့ကြောင်း ကျိုင်းတုံမြို့အမှတ်(၁၈) လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့စုထံမှ သိရှိရသည်။
08-Jul-2017
ခရီးသည်ကိုးဦး သေဆုံးခဲ့သည့် ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သည့် YBS (၅၅) ယာဉ်မောင်း အမျိုးသား ဦးမောင်မောင်နိုင်သည် ယနေ့ (ဇူလိုင်လ ၈) ရက် မွန်းလွဲ ၁ နာရီကျော်တွင် မြောက်ဥက္ကလာပဆေးရုံ၌ သေဆုံးခဲကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
07-Jul-2017
မင်္ဂလာဒုံမြို့နယ် ပြည်လမ်းရှိ ရွှေညောင်ပင် ဘိုးဘိုးကြီး နတ်နန်းဟောင်း အနီးတွင် ဇူလိုင်လ ၇ ရက် မွန်းလွဲပိုင်းက YBS ယာဉ်လိုင်းအမှတ် (၅၅) နှင့် (၃၇) ခရီးသည်တင်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်ရာမှ လူကိုးဦး သေဆုံးခဲ့ပြီး ၃၀ ကျော်မှာ ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာ ရခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
07-Jul-2017
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းပေါ်ရှိ နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်တွင် ဇူလိုင်လ ၅ ရက်နေ့က မော်တော်ယာဉ်နှစ်စီးပေါ်မှ ကျပ် ၁ ဒသမ ၄ ဘီလီယံ (ကျပ်သိန်းတစ် သောင်းလေးထောင်) တန်ဖိုးရှိ Metham phetamine ICE ပုံဆောင်ခဲ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိမှုနှင့် ဆက်စပ်ပြီး မန္တလေးနေအိမ်မှ မူးယစ်ဆေးပြား ၁၂ သိန်းကို ထပ်မံဖမ်းမိခဲ့ကြောင်း လားရှိုးမြို့၊ အမှတ် ၂၄ မူးယစ်အထူးတပ်ဖွဲ့စု (နောင်ချို) လှုပ်ရှားထံမှ သိရသည်။
06-Jul-2017
တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ကြိုးဆွဲချ သေဆုံးခဲ့သည့် ဒုဦးစီးမှူး၏ အမှုကို သုံးလကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် လူသတ်မှုပုဒ်မ ပြောင်းလဲအမှုဖွင့်လှစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
05-Jul-2017
ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ နေအိမ်တစ်ခုအတွင်း ဇူလိုင်လ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန်က စိတ်ကြွ မူးယစ်ဆေးပြား ရှစ်သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့ခွဲ (တောင်ပိုင်း) ထံမှ သိရသည်။