News

POST SECTION

CRIME-AND-ACCIDENT

18-Mar-2017
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျန်စစ်သား လမ်းဘေးရှိ ရေမြောင်းစပ်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦး၏ အလောင်း စွန့်ပစ်ထားမှုမှ ပြစ်မှုကျူးလွန်သူဟု ယူဆရသူကို မတ်လ ၁၇ ရက်နေ့က ဖမ်းမိ
17-Mar-2017
တောင်ငူမြို့နယ် ကေတုမတီမြို့သစ် နည်းပညာတက္ကသိုလ် တတိယနှစ် ကျောင်းသားတစ်ဦး ယနေ့ နံနက်ပိုင်းက ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း တက္ကသိုလ် ကျောင်းသားများ လူငယ်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
17-Mar-2017
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့ ကုန်းသာကျေးရွာအုပ်စု တောပုကျေးရွာတွင် မတ်လ ၁၅ ရက် ညနေ ၅ နာရီခွဲက ဘိလိယက်ထိုးရင်း စကားများ ရန်ဖြစ်ရာမှ ဦးလေးက တူဖြစ်သူကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း အုတ်တွင်းမြို့မ ရဲစခန်းထံမှ သိရှိ ရသည်။
17-Mar-2017
တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝင်းတွင် ကြိုးဆွဲချ သေဆုံးခဲ့သူ ဒုဦးစီးမှူး၏ လက်ကိုင်ဖုန်းကို စစ်ဆေးခဲ့ရာ ငွေစာရင်း ကွာဟမှုကြောင့် အဆုံးစီရင်ခဲ့ကြောင်း ၎င်း၏ ချစ်သူထံ ပေးပို့ထားသည့် message တစ်စောင်ကို တွေ့ရှိခဲ့သည်ဟု အမည်မဖော်လိုသည့် အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောသည်။
15-Mar-2017
သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ကြီးပွားရေးရပ်ကွက်၊ အနော်ရထာလမ်းတွင် ညဥ့်နက်ချိန်မှ နေအိမ်ပြန်လာသည့် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး တိုက်နောက်ဘက်ရှိ အရေးပေါ် လှေကားမှ ခြောက်လွှာရှိ ၎င်း၏ အခန်းသို့တက်စဉ် ပြုတ်ကျသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
15-Mar-2017
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ဟိုနား(စောမွန်)ရွာ၌ နေထိုင်ပြီး အရွယ်မရောက်သေးသည့် မွေးစားသမီးငယ်ကို ငါးတန်းအရွယ်မှစ၍ သုံးနှစ်ကြာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည့် မွေးစားဖခင်ကို မတ်လ ၁၄ ရက် ညနေ ၆ နာရီခန့်က အမှုဖွင့် အရေးယူထားကြောင်း
14-Mar-2017
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မတ်လ ၁၂ ရက် မွန်းလွဲပိုင်းက တရားမဝင် ခိုးဝင်လာသော ဗီယက်နမ် နိုင်ငံသား ၇ ဦးကို ဖမ်းမိခဲ့ကြောင်း ကျိုင်းတုံမြို့ တွဲဖက်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနထံမှ သိရသည်။
14-Mar-2017
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ အင်ဒိုင်းကျေးရွာ နေအိမ်တစ်ခုတွင် မတ်လ ၁၃ ရက်နေ့ နံနက် ၁ နာရီခန့်က အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
14-Mar-2017
မြစ်ကြီးနားမြို့ သူနာပြုသင်တန်းကျောင်းမှ နောက်ဆုံးနှစ်ကျောင်းသူတစ်ဦး မတ်လ ၁၃ ရက်နေ့ နံနက် ၁ နာရီခွဲက အဆိပ်သောက် သေဆုံးခဲ့ကြောင်း ယင်းမြို့မရဲစခန်းထံမှ သိရသည်။
14-Mar-2017
အရက်မူးပြီး ဖခင်ဖြစ်သူကို လက်သီးဖြင့် ထိုးရာမှ သေဆုံးခဲ့မှုကို ဖခင်က ရေချိုးခန်းထဲ ချော်လဲရာမှ သေဆုံးခဲ့သည်ဟု လီဆယ် အမှုဖွင့်ခဲ့သော သားဖြစ်သူကို လူသတ်မှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်း
13-Mar-2017
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား အသရေပျက်စေသည့်စာများ ရေးသားဖော်ပြမှုနှင့်ပတ်သက်၍ ယနေ့(မတ်လ ၁၃ ရက်) နံနက်ပိုင်းက ဝံသာနုအားမာန်အဖွဲ့ ဦးဆောင်သူ ဦးကျော်မျိုးရွှေကို ရဲစခန်းက ခေါ်ယူ စစ်ဆေး
13-Mar-2017
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအနီး လွယ်ခမ်းတောင်ခြေ အဆင်းတွင် မတ် ၁၂ ရက်နေ့ ညနေ ၄ နာရီခွဲတွင် အင်းတော်ကြီး ဘုရားဖူးအပြန် ကားတစ်စီး တိမ်းမှောက်၍ သုံးဦး သေဆုံးပြီး ခရီးသည် ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
12-Mar-2017
ကျောက်တံတားမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ၃၈ လမ်း (အလယ်ဘလောက်) ရှိ တိုက်ခန်းတစ်ခုတွင် မတ်လ ၁၂ ရက် နံနက် ၄ နာရီခန့်က WY စိတ်ကြွဆေး အပါအဝင် သိန်း ၈၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
12-Mar-2017
မြန်မာ့စက်မှုဆိပ်ကမ်း (MIP) နှင့် အေးရှားဝေါလ် ဆိပ်ကမ်းသို့ ပြည်ပနိုင်ငံကူးသင်္ဘောဖြင့် ဝင်ရောက်လာသည့် ကွန်တိန်နာပုံးအတွင်းမှ ကိုကင်းများ တွေ့ရှိမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်အရေးယူရန် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
11-Mar-2017
ထိုင်း-မြန်မာ နယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မတ်လ ၈ ရက်နေ့က ကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့်တရားခံကို စစ်ဆေးရာမှ မတ်လ ၁၀ ရက်နေ့တွင် ၎င်း၏ နေအိမ်မှ ကျပ်သိန်းပေါင်း တစ်ထောင့်သုံးရာကျာ် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိ