News

POST SECTION

CRIME-AND-ACCIDENT

21-Jun-2017
ဗိုလ်တထောင်မြို့နယ် ၅၅ လမ်းရှိ အစိုးရ စက်သုံးဆီဆိုင်အမှတ် ၀၂၅၄ မှာ ဇွန် ၂၁ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က အုတ်တံတိုင်းပြိုကျရာမှ ယာဉ်နှစ်စီးပေါ် အုတ်များ ပိမိသဖြင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
21-Jun-2017
ပဲခူး တိုင်းဒေသကြီး ရေတာရှည်မြို့နယ် စက်မှုလယ်ယာရုံးရှေ့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ဇွန်လ ၂၁ ရက် ညနေ ၃ နာရီခွဲခန့်က ဆိုင်ကယ်တစ်စီးပေါ် သစ်ကိုင်းကျိုးကျရာမှ ဆိုင်ကယ်မောင်းသူ အမျိုးသား သေဆုံးပြီး နောက်မှလိုက်ပါလာသူ အမျိုးသမီး ဒဏ်ရာရရှိခဲ့ကြောင်း ရေတာရှည်မြို့မ ရဲစခန်းမှ စုံစမ်း သိရှိရသည်။
20-Jun-2017
ပယောဂကုသည်ဟုဆိုကာ အသက် ၈ လမှ ၃ နှစ်အတွင်းရှိ ကလေးငယ်သုံးဦးကို သေဆုံးအောင် ရိုက်နှက်ခဲ့ပြီး အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိအောင် ပြုလုပ်ခဲ့သည့် အသက် ၃၀ အရွယ် အမျိုးသားကို မသေမချင်း ကြိုးကွင်းစွပ်သတ်ရန်နှင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ကျခံစေရန် ဇွန်လ ၂၀ ရက် နေ့လယ်ပိုင်းတွင် တောင်ပိုင်းခရိုင် တရားရုံးက အမိန့်ချခဲ့သည်။
20-Jun-2017
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်တွင် မူလတန်းပြ ဆရာမတစ်ဦး၏နေအိမ်မှ ဆန်နှင့်ကြက်သွန်နီများ ခိုးယူခဲ့သည့် အမျိုးသားတစ်ဦးကို ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိကြောင်း မိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။
19-Jun-2017
ရန်ကုန်မြို့အတွင်း အငှားယာဉ်တစ်စီးဖြင့် လှည့်လည်၍ ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်များအား ခြိမ်းခြောက်ရိုက်နှက်ပြီး လက်ဝတ်ရွှေထည်၊ ငွေနှင့် လက်ကိုင်ဖုန်းများ လုယက်နေသည့်အဖွဲ့မှ အမျိုးသားနှစ်ဦးကို Junction 8 ကုန်တိုက်ရှိ အငှားယာဉ်ဂိတ်တွင် ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
19-Jun-2017
အရက်မူးနေသော ဖခင်က သမီးအရင်းအား သားမယား ပြုကျင့်မှုတစ်ခု မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု၊ ချောင်းကူးငယ်ရပ်တွင် ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ် မြို့မရဲစခန်းမှ သိရသည်။
18-Jun-2017
ရန်ကုန်မြို့လယ် ၃၃ လမ်း(အထက်ဘလောက်)ရှိ မြေညီထပ်တိုက်ခန်းတစ်ခုတွင် ဖွင့်လှစ်ထားသည့် ခရီးသွားကုမ္ပဏီတစ်ခု ယနေ့(ဇွန်လ ၁၈ရက်) မွန်းလွဲပိုင်းက အနုကြမ်းစီးလုယက်ခံခဲ့ရသည်။
17-Jun-2017
ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် ချောင်းဝကျေးရွာအုပ်စု ကျွန်းသုံးပင်ကျေးရွာ နေအိမ်တစ်အိမ်တွင် ဇွန်လ ၉ ရက်နေ့ ည ၈ နာရီခန့်က ဇနီးဖြစ်သူကိုသတ်၍ အလောင်းကို မီးရှို့ဖျက်ဆီးခဲ့သူ အမျိုးသားကို အခင်းဖြစ်ပြီး တစ်ပတ်အကြာတွင် ဖမ်းဆီးရမိခဲ့သည်ဟု ထန်းတပင် မြို့မရဲစခန်းမှူး ဒုရဲမှူးခင်စိုးလွင်က ပြောကြားသည်။
16-Jun-2017
ဗိုလ်တထောင်မြို့နယ်၊ ICT (2) ဝင်း အနောက်ဘက် မြစ်ကမ်းစပ်တွင် ဇွန်လ ၁၄ ရက် မွန်းလွဲပိုင်းက သေဆုံးပုပ်ပွနေသည့် ကိုးတန်းကျောင်းသားတစ်ဦး၏ အလောင်းအား တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
16-Jun-2017
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့နယ် ရွာမကြီးကျေးရွာတွင် နွားလွှတ်ကျောင်းသည့် ပြဿနာနှင့် ပတ်သက်ပြီး နှစ်ဖက်အချင်းများခဲ့ရာမှ ထဘီလှန်ပြသည့် အနေအထားဖြင့် အသက် ၆၀ အရွယ် ဒေါ်တင်ညွန့်၏ ဗီဒီယိုဖိုင်အား ရိုက်ကူးသူနှင့် လူမှုကွန်ရက်တွင် တင်ခဲ့သူကို ခင်ပွန်းဖြစ်သူ ဦးရဲဝင်းက ဇွန်လ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်က ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်လှစ် တိုင်ကြားခဲ့သည်ဟု ကညွတ်ကွင်း နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။
15-Jun-2017
မကွေးအခြေစိုက် သတင်းထောက် သုံးဦးကို မကွေးမြို့နယ်၊ မယ်လှတောင် ကျေးရွာအုပ်ချုပ်ရေးမှူးက ဇွန်လ ၁၀ ရက်နေ့က ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း မကွေးမြို့နယ်၊ အမှတ် ၂ ရဲစခန်းထံမှ သိရသည်။
15-Jun-2017
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အထက်ဝင်းခနိမ်ကျေးရွာ မဓမချောင်းအတွင်း၌ ဇွန်လ ၁၄ ရက်နေ့ ည ၈ နာရီခွဲခန့်က စက်လှေတစ်စင်းသည် ရွှေဖောင်ကို ချိတ်ဆွဲသွယ်တန်းထားသည့် သံကြိုးနှင့်ချိတ်မိ၍ တိမ်းမှောက်ရာမှ အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေကြောင်း ရွှေကျင်မြို့ ဝင်းခနိမ်ကျေးရွာ ဒေသခံ ဦးဝင်းဦးက ပြောကြားသည်။
15-Jun-2017
ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဖြစ်သည့် ဇွန်လ ၂၆ ရက်တွင် တိုင်းနှင့်ပြည်နယ် သုံးခု၌ မီးရှို့ဖျက်ဆီးရန် စီစဉ်ထားသော မူးယစ်ဆေးဝါးများ၏ တန်ဖိုးငွေသည် အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော် ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမူးယစ်(ဗဟို) အဖွဲ့ထံမှ သိရသည်။
14-Jun-2017
လူမှုကွန်ရက်ပေါ်တွင် ဇွန်လ ၁၃ ရက်က လူသိများခဲ့သော ကညွှတ်ကွင်းမြို့နယ်၊ သပြေလဟာ ကျေးရွာအုပ်စုမှ အသက် ၆၀ ရှိ ဒေါ်တင်ညွန့်ကို ထဘီလှန်ပြသည်ဟုဆိုကာ အမျိုးသားတစ်ဦးက ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ခဲ့ကြောင်း ကညွတ်ကွင်း နယ်မြေရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရသည်။
14-Jun-2017
သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ တရုတ်သင်္ချိုင်းတွင် ဇွန်လ ၁၁ ရက်နေ့ ညက အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကို ရိုက်သတ်ခဲ့သူကို ဇွန်လ ၁၂ ရက်နေ့က ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။