POST SECTION

CRIME-AND-ACCIDENT

25-Apr-2017
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာမြို့ ကျီးမနိုးကျေးရွာအုပ်စု၊ စိမ့်ကြီးကျေးရွာ တောင်ပေါ်လမ်းတစ်ခုတွင် ဧပြီလ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်က ထင်းများ တင်ဆောင်လာသည့် ယာဉ်တစ်စင်း တိမ်းမှောက်ခဲ့ရာ အမျိုးသားသုံးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရှိခဲ့ကြောင်း ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
25-Apr-2017
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် (၂၆) ရပ်ကွက်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို ခြိမ်းခြောက်အဓမ္မ ပြုကျင့်ခဲ့သည့် အသက် ၆၀ အရွယ် အမျိုးသားကို အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးထံမှ သိရသည်။
24-Apr-2017
ဗဟန်းမြို့နယ် တရားရုံးတွင် ဧပြီလ ၂၄ ရက် မွန်းလွဲပိုင်းက ခိုးမှုဖြင့် ဖမ်းဆီးခံထားရသော အသက် ၂၀ ဝန်းကျင်အရွယ် အချုပ်သားတစ်ဦးမှာ အိမ်သာတွင် ကာရံထားသည့် အမိုးကို ဖောက်ကာ ထွက်ပြေးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူ အသိုင်းအဝိုင်းထံမှ သိရသည်။
24-Apr-2017
နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဥပဒေအရာရှိ တစ်ဦးနှင့် အမှတ် ၁ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးတို့ကို အမှုနှင့် ပတ်သက်ပြီး လာဘ်ငွေယူသည်ဟု ဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဧပြီလ ၂၂ ရက် မွန်းလွဲပိုင်းက အမှုဖွင့်လှစ်ခဲ့ကြောင်း ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) ရဲစခန်းမှူး ဒုရဲမှူး မြင့်ဌေးက ပြောကြားသည်။
24-Apr-2017
လှည်းကူးမြို့နယ်၊ ဝါးရုံစွန်းကျေးရွာ အုပ်စုရှိ ရွာတစ်ရွာ တရားပွဲမှ ပြန်လာသည့် အသက် ၃၅ နှစ် အရွယ် အမျိုးသမီးတစ်ဦးကို အသက် ၂၄ နှစ် အရွယ်ရှိ အမျိုးသားက ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
23-Apr-2017
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်း သွားဖွားသင်တန်းကျောင်းရှေ့တွင် ဧပြီလ ၂၂ ရက်ည ၁၁ နာရီကျော်က ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာမှ အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း တောင်ငူမြို့မ ရဲစခန်းမှ သိရှိရသည်။
23-Apr-2017
ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနှင်းဆီ ဂျာနယ်တိုက်ရုံးခန်းတွင် ဂျာနယ်ထုတ်ဝေသူ ကိုဝေယံဟိန်း ဓားဖြင့် ဆင့်ထိုးအသတ်ခံရမှုတွင် အောင်ကိုကိုနှင့်အတူ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည်ဟုဆိုသော အမျိုးသားတစ်ဦးကို ဧပြီလ ၂၂ ရက်နေ့က ထပ်မံဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
23-Apr-2017
မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံ မြို့သစ်တွင် လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ တစ်လသားအရွယ် သားကို ဖခင်ဖြစ်သူက ခြေထောက်နှစ်ချောင်း ကိုင်ကာ ကြမ်းပြင်နှင့် ရိုက်သတ်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
23-Apr-2017
ပုသိမ်မြို့ ကမ်းနားလမ်းရှိ ရေပေါ်ဈေး၊ မြို့တော်ခန်းမ မေတ္တာဦး သင်္ဘောဆိပ်နှင့် ရှုခင်းသာရင်ပြင် တစ်ဝိုက်ရှိ ဈေးဆိုင်များ၊ ခရီးသွားများထံတွင် ညအခါ တောင်းရမ်းစားသောက်နေသူများ အုပ်စုမှ အသက် ၁၁ နှစ် အရွယ်ရှိ မိန်းကလေးတစ်ဦးမှာ အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ပုသိမ်မြို့မ ရဲစခန်းမှ သိရှိရသည်။
22-Apr-2017
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ အောင်ဇေယျလမ်းတွင် ဧပြီလ ၂၁ ရက် ည ၈ နာရီက နှစ်ထပ်နေအိမ် အပေါ်ထပ်တွင် အသက် ၇၅ နှစ်အရွယ် ဦးလေးအရင်းကို အရက်ဖိုး ထုတ်မပေးသောကြောင့် အဝတ်လျှော်တုတ်ဖြင့် ရိုက်ပြီး ဓားမဖြင့် ခုတ်သတ်ခဲ့သည့် တူဖြစ်သူကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
22-Apr-2017
မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်း လျှပ်စစ်မီးဖြင့် ဟင်းနွှေးထားရာမှ ဝါယာလျှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဂန့်ဂေါမြို့မ ရဲစခန်းမှ သိရသည်။
22-Apr-2017
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၄၃ အနီးတွင် ယနေ့ (ဧပြီ ၂၂ ရက်) နံနက် ၁ နာရီခွဲခန့်က ခရီးသည်တင်ယာဉ်နှစ်စီး ဆင့်တိုက်မိရာမှ ယာဉ်ပေါ်လိုက်ပါလာသူများအနက် တစ်ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
21-Apr-2017
သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာတွင် ဧပြီလ ၁၉ ရက်နေ့က အသက် ၆ နှစ်အရွယ် မိန်းကလေးအား မဖွယ်မရာ ပြုလုပ်သည်ဟု တိုင်ကြားခံရသည့် အမျိုးသားကို အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
21-Apr-2017
သံမဏီနှင်းဆီဂျာနယ် ထုတ်ဝေသူ ကိုဝေယံဟိန်း အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယရှိသူ အမျိုးသားတစ်ဦးကို ဧပြီလ ၁၉ ရက်နေ့ ညနေပိုင်းက ပြင်ဦးလွင်တွင် ဖမ်ဆီးနိုင်ခဲ့ကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။
20-Apr-2017
ကျိုင်းတုံမြို့ အမှတ် (၃) ရပ်ကွက်ရှိ ပညာရေးဘော်ဒါဆောင် တစ်ခုကို ဓာတ်ဆီဖြင့် ပက်ဖျန်းကာ မီးရှို့ရန် ကြံစည်ခဲ့သည့် တရားခံပြေး တစ်ဦးကို ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိ၍ အရေးယူထားကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ သိရသည်။