News

POST SECTION

CRIME-AND-ACCIDENT

26-Jul-2017
တာချီလိတ်မြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက မြို့ရှောင်လမ်း ရွှံ့ဗွက်အတွင်း နစ်မြုပ်နေသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ ပိတောက်သစ်ခွဲသား ကိုးတန်ကျော် ဖမ်းမိခဲ့ရာ ယနေ့ (ဇူလိုင်လ ၂၆ ရက်) နံနက်ပိုင်းတွင် အမှုဖွင့်ထားကြောင်း တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။
25-Jul-2017
ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ်ရှိ သံလွင်တံတား (တာဆန်း) ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ ၂၄ ရက် မွန်းလွဲပိုင်းက ကိုယ်ပိုင်ယာဉ်တစ်စီးပေါ်မှာ ကျပ်သိန်း ၁၉၀ဝ၀ ကျော်ဖိုး ဘိန်းဖြူဘလောက်တုံးများ ဖမ်းမိကြောင်း မိုင်းပန်မြို့မရဲခန်းထံမှ သိရသည်။
25-Jul-2017
မအူပင်မြို့နယ် ရွှေတောင်မှော်တိုက်နယ် တော်တလုတ် ကျေးရွာအုပ်စု ဂန့်ဂလာရွာတွင် ဇူလိုင်လ ၂၄ ရက် မွန်းလွဲပိုင်းက ထမင်းမချက်သည့် ဇနီးသည်ကို ခင်ပွန်းဖြစ်သူက ဓားဖြင့်ခုတ်ရာ ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
25-Jul-2017
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် ဆိုင်ကယ် မောင်းနှင်နေသည့် တပ်မတော်အရာရှိ(ဗိုလ်) တစ်ဦး ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခန့်က လမ်းမပေါ်တွင် ဒရွစ်ဆွဲနေသည့် ကားတစ်စီးက ဝင်တိုက်မိခဲ့သဖြင့် သေဆုံးခဲ့ကြောင်း အမှတ် (၆) နယ်မြေရဲစခန်းထံမှ သိရသည်။
25-Jul-2017
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ပြည်-ရန်ကုန်လမ်း ဆင်မကြပ်လမ်းဆုံတွင် ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်က ခိုးဝင်ဘင်္ဂါလီ ယောက်ျားလေးလေးဦးနှင့် ၎င်းတို့ကို ခေါ်ဆောင်လာသူ နှစ်ဦးကို ရွှေတောင်မြို့နယ် ရဲစခန်းက ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်ခရိုင်၊ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
25-Jul-2017
ရန်ကုန်မြို့တော်သို့ ခိုးဝင်ရောက်ရှိလာသော ဘင်္ဂါလီ ၁၈ ဦးကို ဇူလိုင်လ ၂၄ ရက်နေ့တွင် ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်ရှိ တိုက်ခန်းနှစ်ခန်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
24-Jul-2017
ဒုစရိုက်မှုများ မကြာခဏ ဖြစ်ပွားနေသည့် ရန်ကုန်တိုင်းဒေသကြီးတွင် ခိုး၊ ဆိုး၊ လု၊ နှိုက် ကျူးလွန်သူများနှင့် အဆက်အသွယ် ရှိနေသည့် လူဆိုးလူမိုက်များကို စွန်ရဲစီမံချက် (၃)ဖြင့် ဆက်လက်စုံစမ်း ဖော်ထုတ် အရေးယူနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
23-Jul-2017
အိမ်ထောင်ရေး ဖောက်ပြန်သည်ဟုဆိုသော သာကေတမြို့နယ်၊ အနော်မာ (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဇူလိုင်လ ၂၁ ရက်နေ့က တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် ဒေါပုံ မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားသည်။
22-Jul-2017
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့လယ်ရှိ “ဂရိတ်တီး”လက်ဖက်ရည်ဆိုင်ရှေ့တွင် ဇူလိုင်၂၂ ရက် နံနက် ၉ နာရီခန့်က မိုင်းပေါက်ကွဲခဲ့ရာ လဝါးယန် ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ စီးပွားရေး တာဝန်ခံတစ်ဦး သေဆုံးပြီး အရပ်သားငါးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မိုးမောက်မြို့မ ရဲစခန်းထံမှ သိရသည်။
21-Jul-2017
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်မြို့နယ်၊ ဘီးလင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ အသက် ၇ နှစ်အရွယ် နှစ်တန်း ကျောင်းသူတစ်ဦး ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၉ နာရီကျော် အချိန်က အသတ်ခံခဲ့ရကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
21-Jul-2017
ပဲခူးတွင် ဥပဒေဝန်ထမ်းတစ်ဦး ကျပ် ၈ သိန်းကျော် တန်ဖိုးရှိသည့် ဆွဲကြိုးတစ်ကုံးနှင့် လက်ကောက်တစ်ကွင်း လုယက်ခံခဲ့ရသည်ဟု ပဲခူးမြို့ အမှတ် ၃ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။
20-Jul-2017
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းက ရွာသာကြီး၊ စည်ပင်သာယာရေး ဦးစီးဌာန(သားသတ်လုပ်ငန်း)မှ ထိန်းသိမ်းထားသည့် ကျွဲတစ်ကောင်မှာ လွတ်သွားပြီးနောက် လမ်းပေါ် သွားလာနေသူများကို လိုက်လံခတ်ခဲ့သောကြောင့် ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆိုင်ကယ်နှစ်စီးနှင့် ဆိုက္ကားတစ်စီး ပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
20-Jul-2017
ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့ ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၊ဌာနစိတ်တစ်ခုမှ ဒုရဲအုပ်တစ်ဦးသည် လိုင်စင်မဲ့ကား စီးနင်းမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၁၆ ရက်နေ့က တိုင်ကြားထားသော်လည်း ငါးရက်ကြာသည်အထိ အမှုမဖွင့်သေးကြောင်း တိုင်ကြားသူများက ပြောကြားသည်။
20-Jul-2017
ရန်ကုန် တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ရှမ်းစုရပ်ကွက် ပြည်တော်သာ (၇) လမ်းရှိ အိမ်တစ်လုံးတွင် ယနေ့ (ဇူလိုင်လ ၂၀ ရက်) နံနက် ၆ နာရီက အသက် ၅၈ နှစ်အရွယ် အမျိုးသမီးကို အသက် ၅၁ နှစ်အရွယ် အမျိုးသားက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း တိုက်ကြီးမြို့မ ရဲစခန်းထံမှသိရသည်။
20-Jul-2017
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ကောင်းမှုတုံရပ် ပန်လုံနယ်မြေ အနောက်သုံးမိုင်ခန့် အကွာရှိ နေအိမ်ခြံဝင်း ဂိုဒေါင်တစ်ခု အတွင်းမှ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း မူဆယ်မြို့ ရဲတပ်ဖွဲ့ထံမှ သိရသည်။