News

POST SECTION

CRIME-AND-ACCIDENT

06-Aug-2017
တာမွေမြို့နယ်၊ ဗညားဒလလမ်းရှိ အ.ထ.က (၁၀) ကျောင်းဝင်းတွင် သြဂုတ်လ ၄ ရက် နံနက် ၁ နာရီခန့်က မူးယစ်ဆေးဝါး ရောင်းချနေသူဟု သတင်းရရှိထားသည့် ကျောင်းစောင့်ကို ဆေးခြောက်ဟု ယူဆရသည့် အရွက်ခြောက်များနှင့်အတူ ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
05-Aug-2017
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်တွင် သြဂုတ်လ ၄ ရက် ညနေ ၄ နာရီခန့်က ငါးမန်းဂိမ်းနှင့် ဘောလုံးဂိမ်း လောင်းကစားဒိုင်ပြုလုပ်နေသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။
05-Aug-2017
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ “KKK” ဖုန်းအရောင်းဆိုင်မှ ဖုန်းမျိုးစုံ ၆၇ လုံးနှင့် ငွေကျပ်သိန်းနှစ်ဆယ် စုစုပေါင်း ကာလတန်ဖိုး ငွေကျပ်သိန်း တစ်ရာကျော် ခိုးယူခဲ့သူကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် တဂေါင်းဘုရားလမ်းတွင် သြဂုတ်လ ၄ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့သည်။
05-Aug-2017
ပဲခူးတိုင်း၊ ကညွတ်ကွင်းမြို့ လှေဒုံးကျေးရွာအုပ်စု သစ်ချဆိပ်ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် သြဂုတ်လ ၂ ရက်၊ ည ၁၁ နာရီခန့်က ယင်းကျေးရွာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာတစ်ဦးနှင့် အိမ်ရှင်တို့ အရက်ဝိုင်းတွင် စကားများ၍ ခိုက်ရန်ဖြစ်ရာမှ ကျောင်းအုပ်ဆရာ သေဆုံးခဲ့သည်။
05-Aug-2017
မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း၊ ကိုးမိုင် Ocean Center ရှေ့ရှိ Farmer Money Changer တွင် ယနေ့ (သြဂုတ်လ ၅ ရက်) နံနက် ၈ နာရီခွဲက အမျိုးသားတစ်ဦး ဆိုင်အတွင်း သေနတ်တစ်ချက် ပစ်ဖောက်၍ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
04-Aug-2017
မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ဒဏ်ခြောက်နှစ် ကျခဲ့ပြီး ထွက်ပြေးလွတ်မြောက်ခဲ့သော ရဲဘက်ပြေးတစ်ဦးကို ဘုရင့်နောင်လမ်းပေါ်တွင် ဆေးခြောက်များနှင့်အတူ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
04-Aug-2017
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်တွင် မဲတစ်လိပ် ၅၀ ကျပ်ဖြင့် ရောင်းချကာ လောင်းကစား ပြုလုပ်နေသူများကို သက်သေခံ ပစ္စည်းများနှင့်အတူ သြဂုတ်လ ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သပိတ်ကျင်း မြို့မရဲစခန်းထံမှ သိရသည်။
04-Aug-2017
ယခုရက်ပိုင်းအတွင်း မြိတ်ကမ်းနားလမ်းတစ်လျှောက်တွင် အုပ်စုဖွဲ့ ရမ်းကားနေသည့် လူငယ်များကို ဇူလိုင်လ ၃၁ ရက်က ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
04-Aug-2017
ပန်းဘဲတန်းမြို့နယ်၊ ကမ်းနားလမ်းနှင့် လမ်း ၃၀ ထောင့်ရှိ ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် သြဂုတ်လ ၃ ရက် နံနက် ၉ နာရီခန့်က ခြေချုပ်နှင့် ခံဝန်အက်ဥပဒေဖြင့် တရားစွဲဆိုရန် ရုံးထုတ်လာသူ အသက် ၃၀ အရွယ် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
03-Aug-2017
နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ်ရှိ မူကြိုကျောင်းတစ်ခုမှ ဒုတိယ ကျောင်းအုပ်ဆရာမ တစ်ဦးသည် ယနေ့ (သြဂုတ်လ ၃ ရက်) နံနက် ၇ နာရီခန့်က လုယက်ခံခဲ့ရကြောင်း ဇမ္ဗူသီရိမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။
01-Aug-2017
မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဩဂုတ်လ ၁ ရက် နံနက် ၁၁ နာရီခန့်က တိုင်ပေသို့ ထွက်ခွာမည့် လေယာဉ်နှင့် လိုက်ပါမည့် ခရီးသည် အမျိုးသမီးများထံမှ ဘိန်းဖြူများ ဖမ်းဆီး ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
01-Aug-2017
ရန်ကုန်-မန္တလေး အမြန်လမ်း ကျောက်တံခါးမြို့နယ် မိုင်တိုင် ၈၅ အနီး ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၆ နာရီ ၂၀ ခန့်က အိမ်စီးမော်တော်ယာဉ်နှစ်စင်း တိုက်မိခဲ့ရာမှ နိုင်ငံခြားသားတစ်ဦး အပါအဝင် အမျိုးသား၊ အမျိုးသမီးလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
01-Aug-2017
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၇၆ အနီး ဇူလိုင်လ ၁၃ ရက် နံနက် အစောပိုင်းက မီနီဘတ်ယာဉ်ပေါ်မှ အမျိုးသားနှစ်ဦးကို ဓားပြတိုက်မှုနှင့် ပတ်သက်၍ ဦးဆောင်သူဟု ယူဆရသော အမျိုးသားတစ်ဦးကို ဇူလိုင်လ ၃၀ ရက် ညနေ ၄ နာရီခွဲ ခန့်က ဖမ်းမိခဲ့ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
01-Aug-2017
ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး အပါအဝင် ပြည်ထဲရေးအဆင့်မြင့် အရာရှိများ ပါဝင်သည့် အဂတိ လိုက်စားမှုမှ ထွက်ပြေး တိမ်းရှောင်နေသော မော်လိုက် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ရဲသွေးကို ဖမ်းဆီးနိုင်ရန် ၎င်းနေထိုင်ခဲ့သည့် လှိုင်မြို့နယ်တွင် ဖမ်းဝရမ်း ထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ထံမှ စုံစမ်း သိရှိရသည်။
31-Jul-2017
ကျောက်တန်းမြို့နယ်၊ သီလဝါ ပြည်တွင်းစက်မှုဇုန် ဖွံ့ဖြိုးရေးလမ်းပေါ်တွင် ဇူလိုင်လ ၂၉ ရက် မွန်းလွဲ ၂ နာရီက YBS (၁၅) ယာဉ်တစ်စီးမှ ဂက်စ်အိုးအား ဖြုတ်ချစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အသက် ၂၁ နှစ် အမျိုးသားတစ်ဦး မျက်နှာနှင့် ခြေ၊ လက်တို့တွင် မီးလောင်ဒဏ်ရာများ ရခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။