News

POST SECTION

CRIME-AND-ACCIDENT

06-May-2019
ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် တာခွဆည်မြောင်းဘေးတွင် မေလ ၅ ရက် နံနက်ပိုင်းက အသက် ၂၈ နှစ်အရွယ်ရှိ အမျိုးသမီးကို အိမ်ထောင်ရေး ဖောက်ပြန်သည်ဟုစွပ်စွဲပြောဆိုကာ ၎င်း၏ခင်ပွန်းဖြစ်သူက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
06-May-2019
ရှမ်းပြည်နည် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် လွယ်ဆမ်ဆုံတောင်အဆင်း မိုင်းဆတ်-တာချီလိတ်လမ်း အမှတ် (၅၅၃) ခြေမြန်တပ်ရင်းအနီးတွင် မေလ (၄) ရက်နေ့ ညနေ ၆ နာရီခန့်က Vigo ယာဉ်တစ်စီး တိမ်းမှောက်၍ အမျိုးသမီးနှစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မိုင်းဆတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
06-May-2019
ပဲခူးတိုင်ဒေသကြီး ရေတာရှည်မြို့နယ် ဘန့်ဘွေးပင်ကျေးရွာတွင် တရားဝင်ကွာရှင်းထားသည့် ခင်ပွန်းဟောင်းကို အလိုမတူ အဓမ္မပြုကျင့်မှုဖြင့် မေလ ၅ ရက်နေ့က အမှုဖွင့်တိုင်ကြားသောကြောင့် ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း သာဂရနယ်မြေရဲစခန်းမှ သိရသည်။
06-May-2019
မန္တလေးမြို့တော် အောင်မြေသာစံမြို့နယ် ကျုံးအရှေ့ဘက်ခြမ်းတွင် ဆိုင်ကယ်ရပ်ကာ အပန်းဖြေအနားယူနေသည့် လူသုံးဦးကို အမည်မသိလူကိုးဦးက ရဲတင်းဖြင့် ခုတ်ခြင်း၊ လေးခွဖြင့်ပစ်ခြင်းနှင့် ထိုးကြိတ်ခြင်းတို့ကြောင့် ဒဏ်ရာများရရှိခဲ့ကြကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
05-May-2019
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ဖြစ်သော ယနေ့ (မေလ ၅ ရက်) နံနက် ၅ နာရီ ၁၀ မိနစ်ခန့်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ်(၄)ရပ်ကွက် ပေါက်တိုက်ရပ်တွင် နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း ကျိုင်းတုံခရိုင်မီးသတ်ဦးစီးမှူး ဦးမျိုးဇင်ဝင်းက ပြောကြားသည်။
05-May-2019
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်အမှတ် အမှတ် ၂ နယ်မြေ ရဲစခန်းရှေ့တွင် မေ ၅ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ပုပ်ပွနေသော ကလေးငယ်နှစ်ဦးအလောင်းကို တွေ့ရှိခဲ့ကြောင်း ယင်းနယ်မြေရဲစခန်းမှ သိရသည်။
04-May-2019
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်ရှိ မြင်းဖြူနှစ်ကောင်ဆေးတိုက်မှ လေးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းမိထားသည့် အဓိက တရားခံဟုဆိုသူ တင်အုန်း (ခ) အိုက်အုံးမှာ မေ ၄ ရက်(ယနေ့) တွင် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
03-May-2019
ပဲခူးတိုင်ဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် စစ်ကွင်းမြို့ ရန်ကုန်-ပြည် ကားလမ်းရှိ ဝက်လှကြီး ဘုန်းကြီးကျောင်းတွင် နယ်မြေရဲကင်းမှ လှည့်ကင်းများဆောင်ရွက်စဉ် မသင်္ကာသူ လူ (၅) ဦးကို စစ်ဆေးရာပိုင်ဆိုင်ကြောင်း အထောက်အထား မပြနိုင်သော ဆိုင်ကယ်နှစ်စီး လက်ကိုင်ဖုန်း လေးလုံး ဖောက်ထွင်းရာတွင် အသုံးပြုသော လက်နက်ကိရိယာတွေနှင့်အတူ ဖမ်းမိခဲ့ကြောင်း စစ်ကွင်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
03-May-2019
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် သီလဝါလမ်း၊ MEC အချိုရည်စက်ရုံရှေ့တွင် မေ ၃ ရက် နံနက် ၁ နာရီက ဆီဘောက်ဆာယာဉ်မှ အရှိန်မထိန်းနိုင်ဖြစ်ပြီး လမ်းဘေးရပ်ထားသည့် ကွန်တိန်နာယာဉ်ကို ဝင်တိုက်မိသောကြောင့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
02-May-2019
ချောက်မြို့တွင် တန်ဆောင်မုန်းလပြည့်ညက ပစ္စည်းလုယက်ခံရပြီး အသတ်ခံရသည်ဆိုသော အမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး သေဆုံးသူ၏မိခင် ပါဝင်သည့် လူ ၁၃ဦးခန့်က မေလ ၂ရက်နံနက်ပိုင်းတွင် မြို့တွင်း စီတန်းလှည့်လည်ကာ ဆန္ဒပြခဲ့ကြသည်။
02-May-2019
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့အနီး မန္တလေး-မူဆယ်လမ်းပေါ် မေလ ၁ ရက်နေ့က နွားတင်ကား ၂ စီး သေနတ်ပစ်ခံရပြီး တစ်ဦးသေဆုံးခဲ့ကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သီပေါမြို့မရဲစခန်းမှသိရသည်။
02-May-2019
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်ရှိ မြင်းဖြူနှစ်ကောင် ဆေးတိုက်တွင်ဖြစ်ပွားခဲ့သည့် လေးလောင်း ပြိုင်လူသတ်မှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန် ရာတွင်ပါဝင်ခဲ့သူတစ်ဦးကို ကျောက်မဲမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
01-May-2019
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်၊ ကမ်းနားလမ်းတွင် ယမန်နှစ် သင်္ကြန်ကာလအတွင်းက ဖြစ်ပွားခဲ့သည့် လူသတ်မှုတွင် ကျူးလွန်သူဟု ယူဆရသူကို တစ်နှစ်အကြာ ဧပြီလ၂၈ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မြို့မစခန်းထံမှ သိရသည်။
30-Apr-2019
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် ဧပြီလ ၂၈ ရက်နေ့က ရဟန်းတစ်ပါးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဟုမ္မလင်းမြို့မ ရဲစခန်းထံမှ သိရသည်။
30-Apr-2019
မန္တလေးမြို့လယ်ခေါင်တွင် ဧပြီလ ၂၉ ရက်နေ့ ညပိုင်းက အိမ်စီးကားတစ်စီးပေါ်မှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် လမ်းပေါ်တွင် သွားလာနေသူများကို ဓားဖြင့် လိုက်ခုတ်ခဲ့သည့်အတွက် လူအချို့ ဒဏ်ရာများရရှိခဲ့ကြောင်း ဓားခုတ်ခံရသူများထံမှ သိရသည်။