News

POST SECTION

CRIME-AND-ACCIDENT

"ရွာကိုအဝင်​မှာ စစ်​​ကြောင်း(၂)ကို အကြမ်းဖက်​သမား​တွေက ချုံခိုပြီး ​ချောင်း​မြောင်းပစ်​ခတ်​ခဲ့တာဖြစ်​တယ်​။ တပ်​မ​တော်​က ခမရ ၅၅၁က တပ်​သားလှစိုးဦး ကျဆုံးပြီး အရာရှိတစ်​​ယောက်​နဲ့ အခြားအဆင့်​ နှစ်​​ယောက်​ဒဏ်​ရာရရှိခဲ့ပါတယ်​"
ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်၍ အယူခံ တရားရုံးက စစ်ဆေးနေပြီး တရားလို ရှေ့နေထံမှ အယူခံ လျှောက်လဲချက် တင်ရန် ကိုးကြိမ် တောင်းဆိုခဲ့သော်လည်း နောက်ဆုံး သတ်မှတ်ရက်အထိ အယူခံဝင်ခြင်း မရှိကြောင်း ယင်းအမှုတွင် လိုက်ပါ ဆောင်ရွက်နေသူများထံမှ သိရှိရသည်။
10-Nov-2016 tagged as
သန်လျင်မြို့နယ် နာရီစင် လမ်းဆုံ ပန်းခြံ အလယ်ပေါက်တွင် နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၃ နာရီက သတ္တမတန်း ကျောင်းသား နှစ်ဦး ရန်ဖြစ်ရာမှ ဦးခေါင်းကို စတီးချိုင့်ဖြင့် ရိုက်နှက် ခံရသော အသက် ၁၄ နှစ်အရွယ် ကျောင်းသား တစ်ဦး သေဆုံးခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
10-Nov-2016 tagged as
အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့ (နိုဝင်ဘာ ၁၀ ရက်) နံနက် ၂ နာရီက မူးယစ်မှုဖြင့် ထောင်ဒဏ် နှစ် ၄၀ ကျခံနေရသော အကျဉ်းသား အမျိုးသား တစ်ဦး ထွက်ပြေး လွတ်မြောက်သွားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
09-Nov-2016 tagged as
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ခံရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုမျိုးရန်နောင်သိမ်းကို နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းက လှိုင်မြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့ပြီး ချုပ်ရက် ရမန်ပေးကာ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း ယင်း မြို့နယ် တရားရုံးထံမှ သိရှိရသည်။
“ရွှေပြည်သာက လူမိုက်ခေါင်းဆောင် ခေါလေးနဲ့ အခုဖမ်းမိသူ လူမိုက်ခေါင်းဆောင် ကြက်ဖကြီးတို့ အဖွဲ့က ရန်ဘက်တွေ၊ ပွဲဈေးမှာ ခေါလေးရဲ့ ညီဝမ်းကွဲကို သူတို့အဖွဲ့က သတ်ပြီး ထွက်ပြေး တိမ်းရှောင် နေခဲ့တာ ၁၀ လ နီးပါးကြာမှ သူ့ကို ပြန်ဖမ်းမိခဲ့တာ၊ ကြက်ဖကြီး ယခင် ကျူးလွန်ထားတဲ့ လုယက်မှု၊ ဓားခုတ်မှုတွေကို ဖော်ထုတ်အရေးယူဖို့ လတ်တလော စစ်ဆေးနေတယ် ”
"နေပြည်တော်ဖက်ကလာတဲ့ ယာဉ်လို့သိရတယ်။ စတင်လောင်ကျွမ်းချိန်ကနေ နာရီဝက်အကြာလောက်မှာ မီးလုံးဝငြိမ်းသွားပါတယ်။ ပျက်ဆီးဆုံးရှုံးမှုက အတိအကျ မပြောနိုင်သေးသလို ယာဉ်မောင်းကလည်း ထွက်ပြေးနေပါတယ်"
07-Nov-2016 tagged as နာဂ
"ဆရာစိုင်းအေး ဦးဆောင်တဲ့ အဖွဲ့တွေက ကျွန်တော်တို့ ယဉ်ကျေးမှုအဖွဲ့ထံ ခွင့်ပြုချက် မယူဘဲနဲ့ ၀ါတောရွာ၊ မခွာလယ်ရွာတွေမှာ ကျွန်တော်တို့ရိုးရာ ပစ္စည်းတွေကို ဘာသာရေးအကြောင်းပြပြီး ရိုးရာကို စော်ကားသွားတဲ့ အပိုင်းတွေရှိတော့ သူတို့ကို ဒီကိုခေါ်ပြီးတော့ အရေးယူဖို့ လုပ်နေတယ်။ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနဲ့အရေးယူမယ့် အပိုင်းမှာ သူတို့ မီးရှို့ဖျက်ဆီးတဲ့ ပစ္စည်းတွေကို ပြန်ပြီးတော့မှ ရအောင်တောင်းမယ်။တန်ရာတန်ကြေးတော့ကျွန်တော်တို့ မလိုချင်ဘူး။ သူတို့ဖျက်ဆီးတဲ့ ပစ္စည်းတွေကို အစားပြန်ထိုးခိုင်းမယ်။ အဲလိုမှ မရဘူးဆိုရင် နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ အရေးယူနိုင်ဖို့ လုပ်မယ်"
07-Nov-2016 tagged as
မရမ်းကုန်းမြို့နယ်၊ စွယ်တော် မြတ်စေတီအနီး ကန်ပေါင်ပတ်လမ်း အနီးတွင် နိုဝင်ဘာလ ၆ ရက် ည ၉ နာရီခွဲခန့်က ပွိုင့် ၂၂ ကျည်ဆံများ တွေ့ရှိခဲ့သည်။
06-Nov-2016 tagged as
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ဟိုပုံကျေးရွာတွင် နိုဝင်ဘာ ၅ ရက် ည ၁၁ နာရီခွဲခန့်က ငါးမန်းဂိမ်းလောင်းကစား ပြုလုပ်နေသူ လူငယ် ၁၀ ဦးကို ဖမ်းဆီးရမိကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
06-Nov-2016 tagged as မှုခင်း
မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပုဇွန်တောင်လမ်းရှိ ပုဇွန်တောင်စာတိုက် မှတ်တိုင်အနီးတွင် နိုဝင်ဘာ ၅ ရက် ည ၇ နာရီခွဲက ဆိုင်ကယ်တိမ်းမှောက်ကာ သေဆုံးခဲ့သော အမျိုးသား၏ ခါးကြားမှ ခေါက်ဓားတစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
06-Nov-2016 tagged as
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၉ လမ်း(အလယ်ဘလောက်)ရှိ သုံးလွှာတိုက်ခန်း တစ်ခုတွင် အညိုအမည်းစွဲ ဒဏ်ရာများဖြင့် သေဆုံးနေသော အသက် ၄၅ နှစ်အရွယ် ဗြိတိန်နိုင်ငံသား အမျိုးသား၏ အလောင်းကို ယနေ့(နိုဝင်ဘာ ၆ ရက်) နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
06-Nov-2016 tagged as လူသတ်မှု
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရပ်ကွက် (၅) နယ်မြေ (၄) ချယ်ရီလမ်းတွင် နိုဝင်ဘာ ၅ ရက် ည ၁၁ နာရီခန့်က အသက် ၃၇ နှစ်အရွယ် ဖခင်က သားသမီး ငါးဦး၏ လည်ပင်ကို ဓားဖြင့် လှီးရာမှ အသက် ၂ နှစ်နှင့် အသက် ၄ နှစ်အရွယ် ကလေး နှစ်ဦး သေဆုံးခဲ့ကြောင်း လားရှိုး မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်နိုင်က ပြောကြားသည်။
05-Nov-2016 tagged as ဘင်္ဂါလီ
သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ (က) ရပ်ကွက်တွင် နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ဘင်္ဂါလီ အမျိုးသား သုံးဦးကို ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
"မူးယစ်ဆေးဝါးတွေကို ကားရှေ့တံခါးကြားတွေထဲ သိုဝှက်သယ်ဆောင်လာတာ။ ကားကမိုင်းယန်းကနေ တာချီလိတ်အထိ ပြေးဆွဲနေတဲ့အဌားကားပါ။ မူးယစ်ဆေးဝါးတွေကို "ဝ"အထူးဒေသ(၂) မိုင်းဖျန်မြို့ကနေတာချီလိတ်ကို အခကြေးငွေနဲ့သယ်ဆောင်လာတာလို့ အဌားယာဉ်မောင်းက ထွက်ဆိုတယ်"