POST SECTION

CRIME-AND-ACCIDENT

20-Jul-2017
ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့ ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၊ဌာနစိတ်တစ်ခုမှ ဒုရဲအုပ်တစ်ဦးသည် လိုင်စင်မဲ့ကား စီးနင်းမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၁၆ ရက်နေ့က တိုင်ကြားထားသော်လည်း ငါးရက်ကြာသည်အထိ အမှုမဖွင့်သေးကြောင်း တိုင်ကြားသူများက ပြောကြားသည်။
20-Jul-2017
ရန်ကုန် တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ရှမ်းစုရပ်ကွက် ပြည်တော်သာ (၇) လမ်းရှိ အိမ်တစ်လုံးတွင် ယနေ့ (ဇူလိုင်လ ၂၀ ရက်) နံနက် ၆ နာရီက အသက် ၅၈ နှစ်အရွယ် အမျိုးသမီးကို အသက် ၅၁ နှစ်အရွယ် အမျိုးသားက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း တိုက်ကြီးမြို့မ ရဲစခန်းထံမှသိရသည်။
20-Jul-2017
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ကောင်းမှုတုံရပ် ပန်လုံနယ်မြေ အနောက်သုံးမိုင်ခန့် အကွာရှိ နေအိမ်ခြံဝင်း ဂိုဒေါင်တစ်ခု အတွင်းမှ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း မူဆယ်မြို့ ရဲတပ်ဖွဲ့ထံမှ သိရသည်။
19-Jul-2017
ထမင်းဆိုင်တွင် ထမင်းဖိုး မရှင်းနိုင်သဖြင့် မော်တော်ယာဉ်ဝှီးတက်နှင့် ယာဉ်မောင်းလိုင်စင်တို့ကို ပေါင်နှံပြီး ပြည်သူ့ရင်ပြင်ရှေ့အရောက် ဖုန်းလုယက်ခဲ့သည့်အဖွဲ့ကို ဓားပြတိုက်မှုဖြင့် တရားစွဲဆိုထားကြောင်း အနောက်ပိုင်းခရိုင် တရားရုံးထံမှ သိရသည်။
19-Jul-2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဥရုချောင်းအတွင်း ဇူလိုင်လ ၁၈ ရက်နေ့ ညနေက စက်လှေတစ်စင်း တိမ်းမှောက်နစ်မြုပ်ခဲ့ကြောင်း မိုင်းကိုင်းရဲကင်းစခန်းထံမှ သိရသည်။
18-Jul-2017
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ နှစ်တန့်ကူးကျေးရွာနေအိမ် တစ်ခုတွင် ဇူလိုင်လ ၁၆ ရက်နေ့ ညဦးပိုင်းက နေအိမ်ခြံဝင်းထဲရှိတိုင်တွင် သံကြိုးခတ်ပြီး သိမ်းဆည်းထားသည့် ဆိုင်ကယ်တစ်စီး ဘီးဖြုတ်ခိုးယူခံခဲ့ရကြောင်း ဇရပ်ကြီး နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
16-Jul-2017
ရေတာရှည်မြို့နယ် အင်ဒိုင်းကျေးရွာအနီး အမှတ် ၆ ရေတာရှည် သကြားစက် နေအိမ်လိုင်းခန်း တစ်ခုတွင် ဇူလိုင်လ ၁၅ ရက် ညနေပိုင်းက ဖဲရိုက်လောင်းကစားနေကြသည့် အမျိုးသမီး ၅ ဦးကို ငွေကျပ် ၄၆၅၀ ကျပ်နှင့်အတူ ရေတာရှည် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
15-Jul-2017
အလုံမြို့နယ်၊ စောရန်ပိုင်မြောက်ရပ်ကွက် အောက်ကြည်မြင်တိုင်လမ်းနှင် ငုဝါလမ်းထောင့်ရှိ ငါးလွှာတိုက်ခန်း တစ်ခုတွင် ဇူလိုင်လ ၁၅ ရက် နံနက် ၆ နာရီခွဲခန့်က အသက် ၄၁ နှစ်အရွယ် ဒီဇိုင်နာ အမျိုးသားတစ်ဦးကို အသက် ၂၅ နှစ် အရွယ်ခန့်ရှိ အမျိုးသားတစ်ဦး ဓားဖြင့်ဆင့်ထိုးပြီး ထုရိုက်သတ်ဖြတ်ခဲ့ကြောင်း အဆိုပါ တိုက်ခန်းတွင် နေထိုင်သူများထံမှ သိရသည်။
15-Jul-2017
တာချီလိတ်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအတွင်း၌ ယနေ့ (ဇူလိုင်လ ၁၅ ရက်) နံနက် ၈ နာရီခွဲခန့်တွင် ငွေထုတ်ယူမည့် ဇနီးဖြစ်သူကို လက်ထိပ်ခတ် ချုပ်နှောင်ခေါ်ဆောင်သွားသည့် ခင်ပွန်းဖြစ်သူကို ဖမ်းဆီးရမိ၍ အမှုဖွင့်အရေးယူထားကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။
15-Jul-2017
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ် ၁၆ ရပ်ကွက် ကုန်သည်ကြီးလမ်းရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရှေ့တွင် ဇူလိုင်လ ၁၄ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့သည်။
15-Jul-2017
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဇူလိုင် ၁၄ ရက် နံနက် ၃ နာရီဝန်းကျင်က ခရီးသည်တစ်ဦးကို ဓားထောက်လုယက်ခဲ့သည့် ဆိုင်ကယ်တက္ကစီသမားတစ်ဦးအား ရဲတပ်ဖွဲ့က နေ့ချင်းဖမ်းဆီးခဲ့သည်။
14-Jul-2017
တောင်ဥက္ကလာပမြို့နယ် ၁၂ ရပ်ကွက် ဘရဏီ ၁ လမ်းတွင် ယနေ့ မွန်းလွဲပိုင်းက အသက် ၆၈ နှစ် အဘွားအို၏ လည်ပင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင် သန့်ရှင်းရေးဌာနမှ စည်ပင်အကြီးတန်း စာရေးမက ဘောပင်ဖြင့်ထိုးပြီး လက်ဝတ်ရွှေထည်များကို လုယက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
14-Jul-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု ဆန်နားကျေးရွာတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို မွေးစားဖခင်ဖြစ်သူက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့၍ ဇူလိုင်လ ၁၁ ရက်နေ့ ည ၉ နာရီခန့်က အမှုဖွင့်အရေးယူခဲ့ကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။
14-Jul-2017
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၃၈) ရပ်ကွက်၊ ခရေလမ်းပေါ်တွင် ဘဏ်မှငွေထုတ်ပြီး ပြန်လာသည့် အမျိုးသမီးတစ်ဦး၏ လက်ဆွဲအိတ်အား ဆိုင်ကယ်ဖြင့် လုယူထွက်ပြေးခဲ့သည့် အမျိုးသားနှစ်ဦးကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
14-Jul-2017
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၇၆ အနီးတွင် ဇူလိုင်လ ၁၃ ရက် နံနက် ၅ နာရီ ၂၀ မိနစ်က အောင်မဟာယာဉ်လိုင်းပိုင် ခရီးသည်တင်ယာဉ်တစ်စီး ဓားပြတိုက်ခံရကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။