News

POST SECTION

CRIME-AND-ACCIDENT

18-Feb-2017
ဖားကန့်မြို့နယ် လုံးခင်းမှ နေပြည်တော်သို့ ပို့ဆောင်ရန် မော်တော်ယာဉ်၌ အံဝှက်ဖြင့် ထည့်သွင်း တင်ဆောင်လာသည့် မော်တော်ယာဉ်ကိုးစီးမှ ဖမ်းဆီး ရမိထားသည့် တရားမဝင် ကျောက်စိမ်းများကို ပညာရှင်များဖြင့် စစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စစ်ဆေးမည်
18-Feb-2017
မန္တလေး တိုင်းဒေသကြီး တောင်သာမြို့နယ် အင်းတဲကျေးရွာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးက ကျောင်းအကျိုးတော်ဆောင်ကို လက်သီးဖြင့် လေးချက်ထိုးခြင်းကြောင့် နစ်နာသူက တောင်သာမြို့နယ် ဇဂျမ်းနယ်မြေ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။
18-Feb-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းရွာအနီးတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က လမ်းဖြတ်ကူးနေသည့် တပ်မတော်သား တပ်ကြပ်ကြီးတစ်ဦး ဆိုင်ကယ်အတိုက်ခံရ၍ သေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့ အမှတ် (၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရုံးထံမှ သိရသည်။
18-Feb-2017
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့ မင်္ဂလာရပ်ကွက်နှင့် လိမ္မော်ခြံ ကျေးရွာအုပ်စုကြားရှိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံတပ် (ကပစ) မှ တပ်သားတစ်ဦးသည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ကြိုးဆွဲချ သေဆုံးနေကြောင်း တိုက်ကြီးမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
16-Feb-2017
ဧရာဝတီ တိုင်းဒေသကြီး မြောင်းမြမြို့နယ် ကဝက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ အသက် ၅၀ အရွယ် ကျောင်းအုပ်ဆရာကြီးက ဆယ်တန်းကျောင်းသား ခြောက်ဦးကို လိင်တူပြုကျင့်မှုဖြင့် ယနေ့ (ဖေဖော်ဝါရီလ ၁၆ ရက်) နံနက်ပိုင်းက အမှုဖွင့်ထားကြောင်း တိုင်ကြားသူ ဆရာ၊ ဆရာမများထံမှ သိရသည်။
16-Feb-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ပန်လီကျေးရွာအနီးရှိ ကျိုင်းတုံ-မိုင်းခုတ်လမ်း မိုင်တိုင်အမှတ် (၁၇) အနီးတွင် ကျေးရွာ ပြည်သူစစ်ခေါင်းဆောင်နှင့် ဇနီးကို သေနတ်ဖြင့်ပစ်ခတ်ကာ မီးရှို့သတ်ဖြတ်ခဲ့မှုတွင် ပါဝင်သော လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးကို ဖေဖော်ဝါရီလ ပထမပတ်တွင် ဖမ်းမိခဲ့ကြောင်း
14-Feb-2017
ရှမ်းပြည်နယ် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို ထိုင်းဘတ်ငွေ ငါးသိန်းဖြင့် ပြန်ပေးဆွဲထားသည့်အဖွဲ့ကို ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိကြောင်း ဝမ်ပုံနယ်မြေ ရဲစခန်းထံမှ သိရသည်။
13-Feb-2017
ပြင်ဦးလွင်မြို့နယ် သုံးထောင်ကျေးရွာရှိ BURSTT မှန်ဘီလူးစက်ရုံ ပလတ်စတစ်ဌာန တာဝန်ခံ တရုတ်နိုင်ငံသားတစ်ဦးက ယင်းဌာနမှ အလုပ်သမားခေါင်းဆောင် အမျိုးသမီးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ည ၂ နာရီ (ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၂ နာရီ) ခန့်က မုဒိမ်းကျင့်ခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
13-Feb-2017
မြိတ်မြို့ လေယာဉ်ကွင်းလမ်းမကြီးရှိ ပန်းခြံအနီးတွင် ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်က WY စိတ်ကြွဆေးပြား ၂၀ဝ၀ နီးပါးနဲ့အတူ ဖမ်းဆီးရမိခဲ့သူ၏ ထွက်ဆိုချက်အရ မြိတ်အခြေစိုက် စရဖ(စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့)တစ်ဦး ပါဝင်ပတ်သက်နေကြောင်း ယင်းမြို့နယ် ရဲစခန်းမှ သိရသည်။
13-Feb-2017
မြောက်ဥက္ကလာပမြို့နယ်၊ သန္တာ ၆ လမ်းထိပ်တွင် ဆူညံနေသည့် အရက်ဝိုင်းကို လာရောက်ထိန်းသိမ်းခဲ့သည့် လှည့်ကင်းအဖွဲ့မှ နယ်ထိန်းကို စူပါကာစတန်ယာဉ်ဖြင့် တိုက်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
13-Feb-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံမြို့နယ် လွယ်ခမ်းလုံကျေးရွာအုပ်စု၊ အထက်ပန်ပြတ် ရွာအနီးတွင် ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲပိုင်းက ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ကလေးငယ်နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း မိုင်းတုံမြို့မ ရဲစခန်းထံမှ သိရသည်။
12-Feb-2017
ရည်းစားဖြစ်သူ မိန်းကလေး ခိုးရာ မလိုက်သည့်အတွက်ဟုဆိုကာ ကြိုးဆွဲချ သေဆုံးခဲ့သည့်ဖြစ်ရပ် ကံပေါက် ဓာတ်ငွေ့ပိုက်လိုင်းအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ကံပေါက်နယ်မြေ ရဲစခန်းထံမှ သိရသည်။
12-Feb-2017
ဖားကန့်သို့ စာပေဟောပြောပွဲ သွားသည့်ရုပ်ရှင်သရုပ်ဆောင်ဗေလုဝ လိုက်ပါလာသည့် မော်တော်ယာဉ်သည် ယနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) မွန်းလွဲပိုင်းက လုံးခင်းကျေးရွာအနီးတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း ၈၈မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းထံမှ သိရသည်။
12-Feb-2017
မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက် နေအိမ်တစ်ခုတွင် ဖေဖော်ဝါရီလ ၉ ရက် ညနေ ၅ နာရီကျော်က ဓားထိုးသွင်းဒဏ်ရာ ၁၉ ချက်ဖြင့် သေဆုံးခဲ့သည့် အမျိုးသမီးမှာ ဆေးစစ်ချက်များအရ အဓမ္မကျင့်ပြုခံထားရမှု မရှိကြောင်း မြစ်ကြီးနား နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
11-Feb-2017
ချမ်းမြသာစည်မြို့နယ်၌ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် (ရာအိမ်မှူး) ကွက်စိပ်မှူးကို အမျိုးသားတစ်ဦးက ပစ္စတိုသေနတ်ဖြင့် ချိန်ရွယ် ခြောက်လှန့်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။