News

POST SECTION

CRIME-AND-ACCIDENT

28-Jul-2017
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် မြောက်ဘက်အထွက် ကျွန်းကုန်းနယ်မြေ ရဲစခန်းအပိုင် ကျေးရွာနှစ်ရွာတွင် ဇူလိုင်လ ၂၇ ရက်နေ့က မူးယစ်ဆေးဝါးမှုနှင့် ဆက်စပ်တရားခံ နှစ်ဦးကို တန်ဖိုးငွေ ကျပ်သိန်း ၂၀ ကျော်ရှိသည့် မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ကျွန်းကုန်းနယ်မြေ ရဲစခန်းမှ စုံစမ်းသိရှိရသည်။
28-Jul-2017
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်တွင် ဇူလိုင်လ ၂၅ ရက် နံနက် ၆ နာရီခွဲက လမ်းလျှောက်လာသည့် အမျိုးသမီး တစ်ဦးကို ဓား၊ ကတ်ကြေး၊ ဝက်အူလှည့်များ ကိုင်ဆောင်ထားသည့် အမည်မသိ သုံးဦးက သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြီး ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများနှင့် ငွေ၊ လက်ကိုင်ဖုန်းတို့အား လုယက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
27-Jul-2017
ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) တစ်ဦး၏ နေအိမ်၌ သွားခြောက်ချောင်းကျိုးအောင် နှိပ်စက်ခံရမှုကြောင့်အမှု ရင်ဆိုင်ရန်လာရောက်သော တရားလို အိမ်အကူမိန်းကလေးကို ခြိမ်းခြောက်ခေါ်ဆောင်၍ သားမယားအဖြစ် ပြုကျင့်ခဲ့သူ အမျိုးသားကို ယနေ့ (ဇူလိုင် ၂၇ ရက်)ညပိုင်းက ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
27-Jul-2017
တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ မာလာနွယ်လမ်းတွင် ဇူလိုင်လ ၂၅ ရက် ညပိုင်းက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးနှင့် မော်တော်ယာဉ် နှစ်စီးကို Toyota Wish အမျိုးအစားယာဉ်ဖြင့် ဝင်တိုက်ပြီး မောင်းပြေးသည့် ရဲအုပ်မြတ်ဖုန်းကို ရပ်ကွက်နေသူများက ဝိုင်းဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
27-Jul-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ဟိုနားကျေးရွာအနီးရှိ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးတွင် ယနေ့ (ဇူလိုင်၂၇ ရက်) နံနက် သုညနာရီ ၁၅ မိနစ်ခန့် (ညသန်းခေါင်) က ခရီးသည်ယာဉ်တစ်စီး ချောက်ထဲထိုးကျ၍ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း မိုင်းဖြတ်မြို့မ ရဲစခန်းထံမှ သိရသည်။
27-Jul-2017
စက်မှုဝန်ကြီးဌာန မြေအမည် ပေါက်ကိစ္စနှင့်ပတ်သက်ပြီး ရောင်းသူ မြေရှင်နှင့် ဝယ်ယူသူတို့ကို အဂတိ လိုက်စားပြီး နှောင့်ယှက်ဟန့်တား ခြိမ်းခြောက်မှုမှ ထွက်ပြေး တိမ်းရှောင်နေသည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မော်လိုက်ခရိုင် ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ရဲသွေး(ယခင် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး)ကို ဇူလိုင်လ ၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆၀/ ၆၃ ဖြင့် တရားစွဲဆို
26-Jul-2017
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာအနီး ရန်ကုန်-ပုသိမ် ကားလမ်း မိုင်တိုင်အမှတ် (၄၆/၆) နှင့် (၄၆/၇) ကြားတွင် ယနေ့(ဇူလိုင်လ ၂၆ ရက်) ညနေ ၄ နာရီခန့်က ခရီးသည်တင် မှန်လုံယာဉ် သုံးစီး ယာဉ်မတော်တဆမှုဖြစ်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
26-Jul-2017
အငြိမ်းစားဒုတိယဗိုလ်မှူးကြီး၏ နေအိမ်တွင် အိမ်အကူလုပ်ရာမှ သွားခြောက်ချောင်းကျိုးအောင် နှိပ်စက်ခံရမှုဖြင့် မရမ်းကုန်း မြို့နယ်တရားရုံးသို့ နယ်မှ လာရောက် တရားရင်ဆိုင်စဉ် ပျောက်ဆုံးသွားသည့် အသက် ၁၃ နှစ်အရွယ် အိမ်အကူ မိန်းကလေးကို ၂၁ ရက်အကြာ ယနေ့ (ဇူလိုင် ၂၆ ရက်) နံနက် ၁၁ နာရီတွင် ပြန်လည် တွေ့ရှိခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။
26-Jul-2017
တာချီလိတ်မြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက မြို့ရှောင်လမ်း ရွှံ့ဗွက်အတွင်း နစ်မြုပ်နေသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ ပိတောက်သစ်ခွဲသား ကိုးတန်ကျော် ဖမ်းမိခဲ့ရာ ယနေ့ (ဇူလိုင်လ ၂၆ ရက်) နံနက်ပိုင်းတွင် အမှုဖွင့်ထားကြောင်း တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။
25-Jul-2017
ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ်ရှိ သံလွင်တံတား (တာဆန်း) ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ ၂၄ ရက် မွန်းလွဲပိုင်းက ကိုယ်ပိုင်ယာဉ်တစ်စီးပေါ်မှာ ကျပ်သိန်း ၁၉၀ဝ၀ ကျော်ဖိုး ဘိန်းဖြူဘလောက်တုံးများ ဖမ်းမိကြောင်း မိုင်းပန်မြို့မရဲခန်းထံမှ သိရသည်။
25-Jul-2017
မအူပင်မြို့နယ် ရွှေတောင်မှော်တိုက်နယ် တော်တလုတ် ကျေးရွာအုပ်စု ဂန့်ဂလာရွာတွင် ဇူလိုင်လ ၂၄ ရက် မွန်းလွဲပိုင်းက ထမင်းမချက်သည့် ဇနီးသည်ကို ခင်ပွန်းဖြစ်သူက ဓားဖြင့်ခုတ်ရာ ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
25-Jul-2017
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် ဆိုင်ကယ် မောင်းနှင်နေသည့် တပ်မတော်အရာရှိ(ဗိုလ်) တစ်ဦး ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခန့်က လမ်းမပေါ်တွင် ဒရွစ်ဆွဲနေသည့် ကားတစ်စီးက ဝင်တိုက်မိခဲ့သဖြင့် သေဆုံးခဲ့ကြောင်း အမှတ် (၆) နယ်မြေရဲစခန်းထံမှ သိရသည်။
25-Jul-2017
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ပြည်-ရန်ကုန်လမ်း ဆင်မကြပ်လမ်းဆုံတွင် ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်က ခိုးဝင်ဘင်္ဂါလီ ယောက်ျားလေးလေးဦးနှင့် ၎င်းတို့ကို ခေါ်ဆောင်လာသူ နှစ်ဦးကို ရွှေတောင်မြို့နယ် ရဲစခန်းက ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်ခရိုင်၊ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
25-Jul-2017
ရန်ကုန်မြို့တော်သို့ ခိုးဝင်ရောက်ရှိလာသော ဘင်္ဂါလီ ၁၈ ဦးကို ဇူလိုင်လ ၂၄ ရက်နေ့တွင် ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်ရှိ တိုက်ခန်းနှစ်ခန်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
24-Jul-2017
ဒုစရိုက်မှုများ မကြာခဏ ဖြစ်ပွားနေသည့် ရန်ကုန်တိုင်းဒေသကြီးတွင် ခိုး၊ ဆိုး၊ လု၊ နှိုက် ကျူးလွန်သူများနှင့် အဆက်အသွယ် ရှိနေသည့် လူဆိုးလူမိုက်များကို စွန်ရဲစီမံချက် (၃)ဖြင့် ဆက်လက်စုံစမ်း ဖော်ထုတ် အရေးယူနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။