News

POST SECTION

CRIME-AND-ACCIDENT

14-Mar-2019
လှိုင်သာယာမြို့နယ်၊ အမှတ် (၁) ရပ်ကွက်တွင် အသက် ၁၂ နှစ်အရွယ်ရှိ မယားပါသမီးဖြစ်သူကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီး သားမယားအဖြစ် အဓမ္မပြုကျင့်ရန် နှစ်ကြိမ်ကြံစည်ခဲ့သော အသက် ၃၅ နှစ် အမျိုးသားကို မတ်လ ၁၂ ရက်နေ့က ဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
13-Mar-2019
တောင်ငူမြို့နယ်၊ လွိုင်ကော်-လိပ်သိုလ်-တောင်ငူလမ်း လေးမိုင်စစ်ဆေးရေးဂိတ်တွင် မတ်လ ၁၃ ရက်၊ နံနက် ၁ နာရီကျော်က ဟီးနိုးကုန်တင်ယာဉ်တစ်စင်းကို စစ်ဆေးရာမှကျပ် သိန်း၂၈၀၀၀ ကျော်ဖိုးရှိ WY အမှတ်သားပါ မူးယစ်စိတ်ကြွဆေးပြား ဆယ်သိန်းနီးပါး စံချိန်တင်ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
13-Mar-2019
မန္တလေးမြို့ ၁၆ မိုင်စစ်ဆေးရေးဂိတ်နှင့် ပြင်ဦးလွင်မြို့ ပြင်စာကျေးရွာအနီး မန္တလေး-ပြင်ဦးလွင် အတက်ကားလမ်းမိုင်တိုင် ၂၇/၇ တို့တွင် မတ်လ ၁၀ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ကျပ်သန်း ၄၃၉၀ တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေရဲစခန်းများထံမှ သိရသည်။
13-Mar-2019
မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် မတ်လ ၁၁ ရက် ညနေပိုင်းက Terminal -1 ပြည်ပထွက်ခွာဆောင်၌ တရုတ်နိုင်ငံသားတစ်ဦး ယူဆောင်လာသည့် ခရီးဆောင်အိတ်အတွင်းမှ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
12-Mar-2019
မန္တလေးတိုင်း သာစည်မြို့နယ် မုံပင်ကျေးရွာတွင် လင်မယားချင်းစကားများနေစဉ် ဇနီးဖြစ်သူ၏ ဦးလေးက ခင်ပွန်းဖြစ်သူကို တုတ်နှင့် ဝင်ရိုက်သဖြင့် မတ်လ ၁၁ ရက်နေ့က သေဆုံးသွားခဲ့ကြောင်း ယင်းမြို့နယ်ဆေးရုံထံမှ သိရသည်။
11-Mar-2019
မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပထွက်ခွာဆောင်တွင် မတ်လ ၁၁ ရက် နံနက် ၁ နာရီက နိုင်ငံခြားသား အမျိုးသားသုံးဦးထံမှ ကျပ်သန်း ၁၁၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
11-Mar-2019
ချော်လဲရာမှ ဦးခေါင်းတွင် ပေါက်ပြဲ ဒဏ်ရာ ရရှိသဖြင့် မြောက်ဥက္ကလာပ ဆေးရုံတွင် တက်ရောက်ကုသနေစဉ် သေဆုံးခဲ့သည့် အသက် ၁၆ နှစ်အရွယ် ယောက်ျားလေး၏ အမှုကို စုံစမ်းစစ်ဆေးရာမှ ဖခင်အရင်းဖြစ်သူ၏ ဂေါက်ရိုက်တံဖြင့် ရိုက်နှက်မှုကြောင့် စစ်ဆေးပေါ်ပေါက်ခဲ့သည်။
11-Mar-2019
ပဲခူးမြို့နယ်၊ အင်းတကော်မြို့ အမှတ် ၅ ရပ်ကွက်၊ နိုင်သာကျေးရွာရှိ ကုန်စုံဆိုင်တစ်ဆိုင်ရှေ့တွင် မတ်လ ၁၀ ရက်၊ မွန်းလွဲပိုင်းက အလှူငွေမထည့်သည့်ကိစ္စ ပြောဆို၊ စကားများရာမှ လူသတ်မှုဖြစ်ခဲ့ကြောင်း အင်းတကော်နယ်မြေရဲစခန်းထံမှ သိရှိရသည်။
11-Mar-2019
မန္တလေးတိုင်း မလှိုင်မြို့နယ် ကျောက်တန်းကျေးရွာတွင် ယနေ့(မတ်လ ၁၁ ရက်)နံနက်ပိုင်းက အရက်ကြောင်နေသည့် အစ်ကိုက ညီအရင်းကို ဓားဖြင့်ခုတ်သတ်၍ ညီသေဆုံးခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
10-Mar-2019
တရုတ်နိုင်ငံအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများသို့ တရားမဝင် လာရောက်လုပ်ကိုင်သည့် မြန်မာလုပ်သား လုပ်သား ၃၃၀၀ ကျော်ကို တရုတ်အစိုးရက ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း မူဆယ်မြို့ လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးကျော်ညွန့်က ပြောကြားသည်။
10-Mar-2019
လှိုင်သာယာမြို့နယ်၊ (၄) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၃ နှစ်နှင့် ၁၄ နှစ်အရွယ် မိန်းကလေးနှစ်ဦးမှာ ၎င်းတို့ဖခင်အရင်းဖြစ်သူက အကြိမ်ကြိမ် အဓမ္မပြုကျင့်ဆက်ဆံခဲ့သောကြောင့် မတ်လ ၉ ရက်နေ့က ရဲစခန်းသို့ လာရောက်ခဲ့ပြီး ဖခင်ဖြစ်သူအား အရေးယူပေးပါရန် တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
10-Mar-2019
မန္တလေးမြို့ ရုပ်ရှင်ရုံမှအထွက် ပုခုံးပုတ်သည်ကို မကျေမနပ် ရန်ပြန်တွေ့သည့် အမျိုးသမီးတစ်ဦး မတ်လ ၈ ရက်နေ့က အုပ်စုလိုက်ဝိုင်းရိုက်ခံရသဖြင့် ၉ ရက်နေ့တွင် အမှုဖွင့်တိုင်တန်းထားကြောင်း ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
10-Mar-2019
မြိုင်မြို့နယ်၊ ကိုင်းတောမရွာ အရှေ့တောင်ဘက်တစ်မိုင်ခွဲခန့်အကွာတွင် ကြက်တိုက်လောင်းကစားလုပ်နေကြောင်းသတင်းရ၍ မတ်လ ၈ ရက်က ရဲဝင်ဖမ်းရာ တိုက်ကြက်ဖငါးကောင်၊ ဆိုင်ကယ်အစီး ၄၀၊ ဖုန်းသုံးလုံး၊ ငွေနှစ်သိန်းကျော်နှင့် အမျိုးသားလေးဦး ဖမ်းမိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
09-Mar-2019
မူဆယ်မြို့နယ် မန်မောင်ကျေးရွာမှ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အလုပ်ရမည်ဟုဆိုကာ ခေါ်ဆောင်ခဲ့ပြီး တရုတ်ပြည်တွင် ရောင်းစားခဲ့သူကို မတ် ၈ ရက်နေ့တွင် အမှုဖွင့်ထားကြောင်း မူဆယ် လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
08-Mar-2019
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား သတ်၍ ထွက်ပြေး တိမ်းရှောင်လာသူတစ်ဦး မတ်လ ၇ ရက်နေ့တွင် လာရောက် အဖမ်းခံခဲ့ကြောင်း မြိတ်မြို့နယ် တောင်ရှည်နယ်မြေ ရဲစခန်းနှင့် တညက် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။