News

POST SECTION

CRIME-AND-ACCIDENT

01-Aug-2018 tagged as လုယက်မှု
တောင်ဥက္ကလာပမြို့နယ်၊ ငွေကြာယံ ဘုန်းကြီးကျောင်းရှေ့တွင် နေ့ခင်းကြောင်တောင် ယာဉ်ပေါ်လိုက်ပါလာသည့် သားဖွား မီးယပ်အထူးကု ဆရာဝန် အမျိုးသမီးအား အလူမီနီယံချောင်းဖြင့်ရိုက်နှက်၍ ဝတ်ဆင်ထားသည့် လက်ဝတ်ရတနာများနှင့် လက်ကိုင်ဖုန်းနှင့်ငွေများ လုယူခဲ့သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဘားအံမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
တနင်္သာရီဂျာနယ်တွင်ဖော်ပြခဲ့သော မဲဆွယ်အပြုံးသရော်စာနှင့်ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရက တရားစွဲထားသည့်အမှုကို ပယ်ဖျက် (ချေဖျက်) ပေးရန် တနင်္သာရီဂျာနယ်၏ လျှောက်ထားချက်ကို တိုင်းဒေသကြီး တရားလွှတ်တော်က ပယ်ချလိုက်သည်။
ရွှေပြည်သာမြို့နယ်၊ (ဏ/၁၄) ရပ်ကွက်၊ ပန်းခြံ(၂၁)၊ ပေါ်ဆန်းမွှေး ၄ လမ်းတွင် ဇူလိုင်လ ၃၀ ရက် ညသန်းခေါင်အချိန်က အရက်မူးပြီး ရန်ရှာနေသည့် အသက် ၃၂ နှစ်အရွယ် ခင်ပွန်းကို ၎င်း၏ဇနီးက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဒလမြို့နယ် ညောင်ငုတ္တိုကျေးရွာအနီး ဒလ-ပျော်ဘွယ်ကြီး ကားလမ်းဘေးရှိ ရေမြောင်းထဲတွင် ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းက ပုပ်ပွသေဆုံးနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
သရုပ်ဆောင်အောင်ရဲထွေး အသတ်ခံရမှုကို ခရိုင်တိုင်းတရားလွတ်တော်သို့ ရာဇဝတ်ပြင်ဆက်မှု လျောက်ထားခဲ့ခြင်းကို တိုင်းတရားလွတ်တော်က ပြန်လည်ကြားနားမည်ဟု ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ သတင်းနှင့်ပြန်ကြားရေး အရာရှိ တရားရေးဌာန ဒုညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ဦးက ပြောကြားသည်။
မှော်ဘီမြို့နယ် မြောင်းတကာ ကျေးရွာရှိ ဦးကျောက်ခဲထမင်းဆိုင်တွင် လာရောက်စားသောက်သည့် အမျိုးသားတစ်ဦးက မှာယူထားသည့် ထမင်းစားပွဲ ချက်ချင်းမရောက်လာသဖြင့် အော်ဟစ်ဆဲဆိုခဲ့သောကြောင့် စားပွဲထိုးနှစ်ဦးက ၎င်းကို လုံးထွေးသတ်ပုတ်ပြီး ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပေါင်းတည်မြို့တွင် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ကဖြစ်ပွားခဲ့ကြောင်း ပေါင်းတည်မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။
လှိုင်မြို့နယ်၊ ၅ ရပ်ကွက်၊ မြကန်သာလမ်းရှိ မြကန်သာဆောက်လုပ်ရေးဝင်းတွင် ဇူလိုင်လ ၂၈ ရက် ည ၉ နာရီဝန်းကျင်က ဆောက်လုပ်ဆဲတိုက်၏ ပထမထပ်တွင် အလုပ်သမား အမျိုးသားနှစ်ဦး ဓာတ်လိုက်ခဲ့ရာမှ အသက် ၂၂ နှစ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ငှက်ပျောတောရွာတွင် ဇူလိုင် ၂၅ ရက်နေ့ ညပိုင်းက လူငယ်တစ်ဦးသည် မိမိနေအိမ်ကို မီးပြန်ရှို့ခဲ့ကြောင်း တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
29-Jul-2018 tagged as သေနတ် ဘုတလင်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာသွား လမ်းဘေးတွင် ဇူလိုင်လ ၂၇ ရက်နေ့ နံနက်က ဆိုင်ကယ်ကယ်ရီမောင်းနှင်သည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ပူနားကိုရွာတွင် ဇူလိုင် ၂၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က ပြည်သူ့စစ်တစ်ဦး၏ နေအိမ်ကို သေနတ်ဖြင့် အချက် ၃၀ ခန့် ပစ်ခတ်သည့် အမျိုးသားကို ဖမ်းဆီးရမိခဲ့ကြောင်း မိုင်းတွမ်း နယ်မြေရဲစခန်းထံမှ သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းခုတ်မြို့ မိုင်းဆတ်-မိုင်ခုတ်လမ်း (၂၃) မိုင် သဲတောင်တွင် ဇူလိုင် ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်က တောင်ပြို၍ လမ်းလုပ်သားသုံးဦး သေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၃)၊ ဦးမြဲလမ်းတွင် ဇူလိုင်လ ၂၈ ရက် နံနက်အစောပိုင်းက လုယက်မှု ကျူးလွန်သည့် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးစဉ် အသာတကြည်အဖမ်းမခံဘဲ ဓားဖြင့် ပြန်လည်ခုခံသောကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ ကျည်မှန်ဒဏ်ရာကြောင့် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။
ရန်ကုန်မြို့ရှိ တရားမဝင် တရုတ်ဆေးကုခန်းများ ဖမ်းဆီးနိုင်ရေးအတွက် ပြည်သူလူထုက သတင်းအချက်အလက်ပေးခြင်းဖြင့် ကူညီပေးရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာထွန်းမြင့်က ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရွှေဆံတော်ဘုရား အနောက်ဘက်မုခ်အနီး ကွမ်းယာဆိုင်တစ်ဆိုင်တွင် ဇူလိုင်လ ၂၆ ရက်နေ့ ည ၆ နာရီခွဲခန့်က အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု တောင်ငူအမှတ် ၂ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။