News

POST TYPE

CRIME & ACCIDENT

ဖခင်အရင်းကို သားဖြစ်သူက ခေါင်းဖြတ်သတ်
20-Aug-2016

တာချီလိတ်၊ သြဂုတ် ၂၀

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဝှေလေလန် (အာခါ) ရွာတွင် သြဂုတ်လ ၁၉ ရက် နံနက် ၉ နာရီခန့်က ဖခင်အရင်းဖြစ်သူကို သားဖြစ်သူက ခေါင်းဖြတ်သတ်ခဲ့ကြောင်း ယင်းကျေးရွာနေ ဒေသခံများထံမှ သိရသည်။

အဆိုပါ ကျေးရွာနေ အသက် ၂၈ နှစ်အရွယ် လီဖာဆိုသူသည် မူးယစ်သောက်စားပြီး ဖခင်ဖြစ်သူနှင့် စကားများရာမှ အရိုးအသွား ၃၁ လက်မခန့်နှင့် ဗျက် ၂ လက်မခန့်ရှိ ကိုင်းခုတ်ဓားဖြင့် အသက် ၄၉ နှစ်အရွယ် ဖခင်ဖြစ်သူ၏ ခေါင်းကို ခုတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူး (ဦးစီး) မျိုးသိန်းက ပြောကြားသည်။
“အရက်အပါအဝင် မူးယစ်ဆေးကြောင်လို့သာ အခုလို အဖေအရင်းခေါင်းကို ပြတ်သွားအောင်ခုတ်ပြီး အိမ်ရှေ့အထိ အဖေခေါင်းကို ကိုင်ထွက်လာတာပေါ့။ တရားခံကိုတော့ သူ့အိမ်မှာဘဲ ဖမ်းဆီးရမိတယ်” ဟု ၎င်းက ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသက် ၂၈ နှစ်ရွယ် လီဖာကို (ပ) ၁၄/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ အရ အမှုဖွင့် အရေးယူထားကြောင်း ဝမ်ပုံနယ်မြေ ရဲစခန်းထံမှ သိရသည်။