News

POST TYPE

CRIME & ACCIDENT

တနိုင်းမှ မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်လာသည့် အကျဉ်းသားအချို့ ထွက်ပြေး
20-Aug-2016

ကချင်ပြည်နယ် တနိုင်းမှ မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်လာသည့် အကျဉ်းသား ၅၀ ကျော်တွင် အကျဉ်းသား အချို့ မှာ လမ်းခုလပ်တွင် ထွက်ပြေးလွတ်မြောက်သော ဖြစ်ရပ် တစ်ခု
သြဂုတ်လ ၁၉ရက်နေ့ မွန်းလွဲ ၃နာရီခွဲအချိန်က ဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှုး ရုံး ထံမှသိရသည်။

တနိုင်းမြို့မှ အကျဉ်းသား ၅၂ ဦးကို မြစ်ကြီးနား ကားလမ်းအတိုင်း မှန်လုံယာဉ်နှစ်စီးဖြင့် တင်ဆောင်လာခဲ့ရာ လဝါးနှင့် နမ္မတီးမြို့ကြား နန့်နွမ်ကျေးရွာရှိ ဘူးဂါးရာဘာခြံအနီးအရောက်တွင်
အကျဉ်းသား ၁၁ဦး က ကားမှန်ရိုက်ခွဲပြီး ထွက်ပြေးရာ ၅ဦးကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး ၆ဦးလွတ်မြောက်သွားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး အဆင့်ရှိသူတစ်ဦးကပြောကြားသည်။

' အခု တာဝန်ကျခေါ်ဆောင်လာတဲ့ ရဲတွေကိုလည်း ဥပဒေအရအရေးယူထားတယ်။ ထွက်ပြေးသွားတဲ့ လူတွေကိုလည်း ထပ်ပြီး အရေးယူထားပြီး လိုက်လံရှာဖွေနေတယ်။' ဟု ၎င်းက ပြောကြားသည်။

အကျဉ်းသားအများစုမှာ မူးယစ်ဆေးဝါးအမှုဖြင့် ပြစ်ဒဏ်ကျခံသူများဖြစ်ပြီး တနိုင်းဒေသမှ အများဆုံးဖြစ်ကြောင်း ထွက်ပြေးသွားသည့် အကျဉ်းသား ၆ဦးကို ရဲနှင့် တနိုင်း-မြစ်ကြီးနားလမ်းပိုင်းရှိ  တပ်နှင့် ပူးပေါင်း၍ လိုက်လံ ရှာဖွေနေကြောင်း၊ ကျန်ရှိ အကျဉ်းသားများကိုလည်း သက်ဆိုင်အကျဉ်းထောင်သို့  သြဂုတ်လ ၁၉ရက်နေ့က ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှုးရုံးထံမှ သိရသည်။

  • VIA