News

POST TYPE

CRIME & ACCIDENT

ဆိုင်ကယ်ပေါ် သစ်ကိုင်း ကျိုးကျရာမှ အမျိုးသားတစ်ဦး သေဆုံး
21-Jun-2017

တောင်ငူ၊ ဇွန် ၂၁

ပဲခူး တိုင်းဒေသကြီး ရေတာရှည်မြို့နယ် စက်မှုလယ်ယာရုံးရှေ့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ဇွန်လ ၂၁ ရက် ညနေ ၃ နာရီခွဲခန့်က ဆိုင်ကယ်တစ်စီးပေါ် သစ်ကိုင်းကျိုးကျရာမှ ဆိုင်ကယ်မောင်းသူ အမျိုးသား သေဆုံးပြီး နောက်မှလိုက်ပါလာသူ အမျိုးသမီး ဒဏ်ရာရရှိခဲ့ကြောင်း ရေတာရှည်မြို့မ ရဲစခန်းမှ စုံစမ်း သိရှိရသည်။

“မိုးတွေ ရွာနေတုန်း ရေတာရှည်ကနေ နန်ချွန်ကိုအပြန် လမ်းဘေးသစ်ပင် ပိပြီး ဆိုင်ကယ်သမားက ဆုံးသွားတယ်၊ ဆိုင်ကယ်နောက်မှာ လိုက်လာတဲ့ဇနီးကိုတော့ ရေတာရှည် ဆေးရုံကို ပို့ပြီးကုသနေပါတယ်၊ အသက် အန္တရာယ်တော့ မစိုးရိမ်ရပါဘူး”ဟု ရေတာရှည်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးချစ်ထွေးက ပြောကြားသည်။

ရေတာရှည်မြို့ဘက်မှ တောင်ငူမြို့ဘက်သို့ ကိုဝင်းဇော် (၃၅ နှစ်) မောင်းလာပြီး ဇနီးသည် မစန်းဌေး(၃၂ နှစ်) လိုက်ပါလာသော ဆိုင်ကယ်မှာ ရေတာရှည်မြို့ စက်မှုလယ်ယာရုံးရှေ့ရှိ လမ်းဘေးသစ်ပင်တစ်ပင် ကျိုးကျပြီး ပိမိရာမှ ဆိုင်ကယ်မောင်းသူ သေဆုံးပြီး ဇနီးသည်မှာ ဒဏ်ရာရရှိခဲ့ကြောင်း ရေတာရှည် မြို့မရဲစခန်းထံမှ သိရသည်။

R-15

  • VIA