POST TYPE

CRIME & ACCIDENT

တာချီလိတ်တွင် အမျိုးသားတစ်ဦး လေးထပ်တိုက်ပေါ်မှ ခုန်ချသေဆုံး
18-May-2017 tagged as တာချီလိတ်

ကျိုင်းတုံ၊ မေ ၁၈

ထိုင်း -မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင် ယနေ့ (မေလ ၁၈ ရက်) နံနက် ၈ နာရီခွဲခန့်က အမည်မသိ အမျိုးသားတစ်ဦး လေးထပ်တိုက်ပေါ်မှ ခုန်ချသေဆုံးခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

အဆိုပါနေ့က ယင်းရပ်ကွက်ရှိ အိမ်ငှားများထားသည့် လေးထပ်တိုက်၏ ပထမထပ်တွင် အမည်မသိ အမျိုးသားတစ်ဦးသည် အော်ဟစ်သောင်းကျန်း၍ အခန်းတစ်ခုအတွင်း ဖျက်ဆီးဝင်ရောက်ခဲ့ကြောင်း၊ လုံခြုံရေး တာဝန်ရှိသူ လာရောက်စဉ် ဝရန်တာကိုကျော်၍ ဆန်းရှိတ်အမိုးမှတစ်ဆင့် တစ်ဖက်ခြံ ကွက်လပ်သို့ခုန်ချစဉ် ဒဏ်ရာများ ရရှိပြီး သေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး(ဦးစီး)မျိုးသိန်းက ပြောကြားသည်။

“သေဆုံးသွားသူက အသက်အရွယ်နဲ့ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူး။ တိုက်ပေါ်ကနေ အခြားခြံဘက် ခုန်ချချိန်မှာ ခြံစည်းရိုး အုတ်ခုံနဲ့ ခေါင်းနဲ့ရိုက်မိပြီး သေဆုံးသွားတာ”ဟု ၎င်းက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် သိရှိရန်စစ်ဆေးနေပြီး သေမှုသေခင်း အမှတ်စဉ် (၂၀/၂၀၁၇)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးနေကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။

R-16