News

POST TYPE

CRIME & ACCIDENT

အမြန်လမ်း၌ ခရီးသည်မပါသည့် Express တစ်စီး မီးလောင်
17-May-2017 tagged as အမြန်လမ်း


တောင်ငူ၊ မေ ၁၇

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၉၇/၄ ဖာလုံအနီး၌ ယနေ့ (မေလ ၁၇ ရက်) နံနက် ၂ နာရီ ၅၀ မိနစ်ခန့်က ခရီးသည်မပါသော Express ယာဉ်တစ်စီးသည် အင်ဂျင်ခန်းမှတစ်ဆင့် မီးလောင်ခဲ့ကြောင်း ဖြူး အမြန်လမ်း မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မီးသတ်ကားတွေနဲ့ ဝိုင်းငြှိမ်းတော့ မနက် ၃ နာရီ ၂၅ မိနစ်မှာ မီးလုံးဝ ငြိမ်းသွားတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်လည်း ထိခိုက်ဒဏ်ရာ မရဘူး”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းယာဉ်ပေါ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်သာပါပြီး ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင် ၉၇ နှင့် ၄ ဖာလုံသို့ အရောက် အင်ဂျင်ခန်းမှ မီးခိုးများ ထွက်လာသဖြင့် လမ်းဘေးချရပ်တန့်ထားစဉ် မီးလောင်ခြင်းဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့များက ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့သည့်အတွက် မီးလောင်ကျွမ်းပြီး ၃၅ မိနစ်အကြာတွင် မီးငြိမ်းသွားသော်လည်း ယာဉ်တစ်စီးလုံး မီးလောင် ပျက်စီးသွားကြောင်း မြို့ချောင်း အမြန်လမ်း ရဲစခန်းထံမှ သိရသည်။

R-15