POST TYPE

CRIME & ACCIDENT

သက်တော် ၇၀ ကျော် သံဃာတစ်ပါး ကြိုးဆွဲချ ပျံလွန်
16-May-2017 tagged as

တောင်ငူ၊ မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ နတ်ရွာကျေးရွာ သုသာန်တစ်ခုရှိ ဇရပ်တစ်ဆောင်တွင် မေလ ၁၅ ရက်နေ့  ညနေ ၅ နာရီခန့်က သက်တော် ၇၆ နှစ်အရွယ် သံဃာတစ်ပါး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ထန်းတပင် မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။

“ဘုန်းတော်ကြီးက စိတ်ကျန်းမာရေး သိပ်မကောင်းလို့ မိသားစုဝင်တွေ စောင့်ကြည်နေတဲ့ကြားက ဖြစ်သွားတာပါ။ ငယ်ဖြူမဟုတ်ပေမဲ့ ဘုန်းကြီးဝတ်တဲ့ ဝါတောင် ၁၈ ဝါ ရှိနေပြီ။ အလောင်းကိုတော့ ထန်းတပင်ဆေးရုံ ပို့ထားတယ်” ဟု ထန်းတပင် မြို့မရဲစခန်းမှူး ဒုရဲမှူးခင်စိုးလွင်က ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ထန်းတပင် မြို့မရဲစခန်းက သေမှုသေခင်း အမှတ် ၇/၂၀၁၇ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိသည်။

R-15

  • TAGS