News

POST TYPE

CRIME & ACCIDENT

အမြန်လမ်းတွင် ဘင်္ဂါလီငါးဦးကို ဖမ်းမိ
16-May-2017 tagged as ဘင်္ဂါလီ

တောင်ငူ၊ မေ ၁၆

ရန်ကုန်-မန္တလေး အမြန်လမ်း နေပြည်တော်တိုးဂိတ်တွင် ရခိုင်ပြည်နယ်ဘက်မှ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီငါးဦးနှင့် ပို့ဆောင်ပေးသူ အမျိုးသားနှစ်ဦးကို ယနေ့ နံနက် (မေလ ၁၆ ရက်) က ဖမ်းဆီးရမိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်း မကွေး- ကံပြားလမ်းဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်ကို နေပြည်တော် အမြန်လမ်းတိုးဂိတ်တွင် မသင်္ကာ၍ စစ်ဆေးရာမှ ရခိုင်ပြည်နယ်ဘက်မှ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ အမျိုးသားငါးဦးကို တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းဖြင့် ရန်ကုန်တိုင်းဒေသကြီး တာမွေသို့ ပို့ဆောင်ရန် လူကုန်ကူးပွဲစား အမျိုးသားတစ်ဦးနှင့် ယာဉ်မောင်းဖြစ်သူတို့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တည်ဆဲဥပဒေများဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ဓာတ်ပုံ - TTO
R-15