News

POST TYPE

CRIME & ACCIDENT

ဆင်သတ်မုဆိုးများကို ဆင်သားရေခွံခြောက် အပါအဝင် လက်နက်များနှင့် ဖမ်းမိ
16-May-2017 tagged as သစ်တော

ရန်ကုန်၊ မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်ကြိုးဝိုင်းအကွက် အမှတ် ၄၃၊ ရေအောက်တောင်ကြောပေါ်တွင် မေလ ၁၄ ရက်နေ့က ဆင်သတ်မုဆိုးများကို ဆင်သားရေခွံခြောက်များ၊ လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ နေရာတစ်ဝိုက်ကို ရှာဖွေရာတွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ် သာစည်ကျေးရွာအုပ်စု စမ်းကျေးရွာ နေထိုင်သည့် ဆင်မုဆိုးနှစ်ဦးကို ပီနံအိတ်များဖြင့် ထည့်ထားသည့် ဆင်သားရေခွံအခြောက် ပိဿာ ၇၀ ကျော်နှင့် တူးမီးသေနတ်နှစ်လက် အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။ 

ဓာတ်ပုံ- သစ်တောဦးစီးဌာန

E-03