News

POST TYPE

CRIME & ACCIDENT

ရွှေထည်ပစ္စည်းများကို အိမ်အကူက ခိုးယူထွက်ပြေးဟုဆို
12-Aug-2016
တောင်ငူ၊ သြဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ အမှတ် ၁၆ ရပ်ကွက်က နေအိမ်တစ်အိမ်တွင် အိမ်အကူက ကျပ် ၂၆ သိန်းကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို ခိုးယူထွက်ပြေးသွားသည်ဟု ဆိုကာ အိမ်ရှင်က တိုင်ကြားထားကြောင်း တောင်ငူမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

အသက် ၂၆ နှစ်အရွယ် အိမ်အကူဖြစ်သူက သြဂုတ်လ ၉ ရက်နေ့က ရွှေထည်ပစ္စည်း ၁၁ မျိုးကို  ခိုးယူထွက်ပြေးသွားခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းမှ သိရှိရသည်။ 

“အိမ်အကူက အိမ်ရှင် သားအမိကို ဈေးသွားမယ်ပြောပြီး ထွက်သွားတာပါ။ ညနေပိုင်းလောက်ကျတော့ ပြန်မလာလို့ နေအိမ်က ပစ္စည်းတွေ စစ်တော့မှ ရွှေလက်ဝတ်ရတနာတွေ ခိုးပြေးတာ သိသွားတာပါ” ဟု အဆိုပါစခန်းမှ ရဲအုပ် အေးဇော်က ပြောကြားသည်။ 

အဆိုပါ အိမ်အကူကို ဖမ်းဆီးရမိရန် စုံစမ်းနေဆဲဖြစ်ပြီး အိမ်အကူကို ပြစ်မှုပုဒ်မ ၃၈၁ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါ ရဲစခန်းမှ စုံစမ်းသိရှိရသည်။