News

POST TYPE

CRIME & ACCIDENT

မိန်းမပျို တစ်ဦး လဂွန်းအိမ် ခုံးကျော် တံတားပေါ်မှ ခုန်ချ
07-Aug-2016
ရန်ကုန်၊ သြဂုတ် ၇ 

တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်း၊ ကြက်၊ ဘဲ ဈေးအနီးရှိ လဂွန်းအိမ် ခုံးကျော်တံတားတွင် သြဂုတ်လ ၆ ရက် ည ၇ နာရီ ၄၅ မိနစ်က အသက် ၂၄ နှစ်အရွယ် မိန်းမပျို တစ်ဦး တံတားပေါ်မှ ခုန်ချ အဆုံးစီရင်ခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 

လဂွန်းအိမ် တံတားပေါ်မှ ခုန်ချခဲ့သူမှာ တံတားအောက် ခုတ်မောင်းနေသည့် မြို့ပတ် မီးရထားပေါ် ပြုတ်ကျရာမှတစ်ဆင့် မြေပြင်ပေါ် ကျကာ ပေါက်ပြဲ ကျိုးပဲ့ ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့မှ ဒုမြို့နယ်မှူး ဒုရဲမှူး မျိုးမြင့်ကြိုင်က ပြောကြားသည်။ 

ယင်းသေဆုံးခဲ့သော အမျိုးသမီးမှာ လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်တွင် နေထိုင်သော ဒဿနိက ဗေဒဖြင့် ဘွဲ့ရထားသူဖြစ်ပြီး ယင်းနေ့ ညနေပိုင်းက အင်္ဂလိပ် စကားပြောသင်တန်း တက်ရန် နေအိမ်မှ လှည်းတန်းသို့ ထွက်သွားရာမှ ပျောက်ဆုံးခဲ့သူဖြစ်ကြောင်း သေဆုံးသူ၏ ဦးလေးတော်စပ်သူထံမှ သိရှိရသည်။

''သေဆုံးသူမှာ မူးယစ်စေတတ်တဲ့ အရာမျိုး သုံးစွဲထားခြင်း မရှိကြောင်း ကနဦး စစ်ဆေးချက်အရ သိရတယ်၊ မိသားစုဝင်တွေရဲ့ ထွက်ဆိုချက်အရ သေဆုံးသူမှာ ရည်းစား မရှိဘူး၊ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာ နေထိုင်တတ်သူလို့ သိရတယ်၊ ဘာကြောင့် သေဆုံးရတယ်ဆိုတာ ဆက်လက် စုံစမ်းနေဆဲပါ''ဟု တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

လဂွန်းအိမ် ခုံးကျော် တံတားပေါ်မှ ခုန်ချခဲ့သော အမျိုးသမီး၏ ရုပ်အလောင်းကို  ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ပြီး တာမွေမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၇/၁၆ အမှုဖွင့် စစ်ဆေးနေကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။


  • VIA