News

POST TYPE

CRIME & ACCIDENT

သားမွေးနေ့ ကာရာအိုကေ ဆိုသည့် ဖခင် မိုက်ခွက်မှတစ်ဆင့် ဓာတ်လိုက်သေဆုံး
06-Jan-2017 tagged as မှုခင်း

ရန်ကုန်၊ ဇန်နဝါရီ ၅

တွံတေးမြို့နယ်၊ တမံကြီးကျေးရွာတွင် ဇန်နဝါရီလ ၄ ရက် ည ၁၀ နာရီက သားဖြစ်သူ ရက် ၁၀၀ ပြည့် မွေးနေ့တွင် ကာရာအိုကေ ဆိုနေသော အသက် ၂၂ နှစ်အရွယ် ဖခင် မိုက်ကရိုဖုန်းမှ တစ်ဆင့် ဓာတ်လိုက်ပြီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

သေဆုံးသူ ကိုဇင်လင်းနိုင်မှာ ယင်းညက ယောက္ခမဖြစ်သူ ဦးတင်ဝင်း၏ နေအိမ်တွင် အမည်မပေးရသေးသော ၎င်း၏ သားဖြစ်သူ ရက် ၁၀၀ ပြည့် မွေးနေ့ ပွဲ၌ ကာရာအိုကေ သီချင်းဆိုနေစဉ် မိုက်ခွက်ရှိ ပေါက်ပြဲနေသော ဝါယာကြိုးနှင့် ဘယ်လက်ထိမိရာမှ ဓာတ်လိုက်ပြီး သေဆုံးခဲ့ကြောင်း တွံတေးမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ဓာတ်လိုက်သေဆုံးသူ၏ ရုပ်အလောင်းကို အင်းစိန်ဆေးရုံသို့ ပို့အပ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရှိရန် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03