News

POST TYPE

CRIME & ACCIDENT

ချစ်သူဟောင်း အမျိုးသမီးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်
ရန်ကုန်၊ ဇန်နဝါရီ ၎

ကာမလိမ်လည် ရယူမှုဖြင့် တရားစွဲဆိုခံရသည့် အမျိုးသားက ချစ်သူဟောင်း အမျိုးသမီးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

စမ်းချောင်းမြို့နယ်၊ ကျွန်းတော အလယ်ရပ်ကွက်၊ ဗဟိုလမ်းတွင် နေထိုင်သူ အသက် ၃၃ နှစ်အရွယ် ကိုတေဇာဝင့်ဆိုသူကို ချစ်သူဟောင်း အမျိုးသမီးက တာမွေ မြို့နယ်တရားရုံးတွင် ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားရာ ယင်းအမှုနှင့် ပတ်သက်၍ အွန်လိုင်း စာမျက်နှာပေါ်တွင် ခြိမ်းခြောက် ရေးသားခြင်းများကြောင့်  ဇန်နဝါရီလ ၁ ရက်နေ့တွင် ဆက်သွယ်ရေး ဥပဒေဖြင့် အမှုဖွင့်ခြင်းဖြစ်ကြောင်း စမ်းချောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“တာမွေတရားရုံးမှာ စွဲတဲ့အမှုက လိင်ကိစ္စနဲ့ပတ်သက်လို့ အွန်လိုင်းပေါ်တင်ခဲ့တာကို အခု ယူတော့မယ့် ကောင်မလေးက သူ့ဆီကို Viber နဲ့ပို့ပေးလို့ သိခဲ့ရတာ လို့ပြောတယ်၊ အွန်လိုင်းပေါ် တင်ထားတဲ့ ကောင်မလေးနဲ့ အခုအမှုဖွင့်တဲ့ အမျိုးသားက အရင်တုန်းက တွဲခဲ့ဖူးတယ်လို့ အမှုဖွင့်တိုင်ချက်အရ သိရပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခံရသူ အမျိုးသမီးမှာ လူမှုကွန်ရက် စာမျက်နှာ Facebook ပေါ်တွင် OoOo အကောင့်အမည်ဖြင့် “တရားစွဲခံရသူ တေဇာဝင့်အား အသိပေးပါသည်၊ တာမွေမြို့နယ်တရားရုံးတွင် ရုံးချိန်းများအား ပုန်းရှောင်နေပါသည်။ အမှုအား ဘယ်တော့မှ ပိတ်သိမ်းမည် မဟုတ်ပါ” ဟူ၍လည်းကောင်း၊ “၆ ကြိမ်မြောက် ရုံးချိန်း မလာပါက ဓာတ်ပုံနှင့်တကွ သတင်းစာများတွင် ထည့်မည်”ဟူ၍လည်းကောင်း၊ “ငါ့ဘဝကို ဖျက်ဆီးသွားတဲ့ကောင် တရား ဥပဒေနဲ့ မဖြေရှင်းဘူးဆိုရင် နင့်ကိုလိုက်ရှာပြီး အသေ သတ်ပစ်မယ်”ဟူ၍ လည်းကောင်း ရေးသားခဲ့သည်ဟုဆိုကာ စမ်းချောင်း မြို့မရဲစခန်းက (ပ)၃/၂၀၁၇ ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

J-16