News

POST TYPE

CRIME & ACCIDENT

ပြည်ထောင်စု လမ်းမကြီး၌ မော်တော်ယာဉ် တစ်စီး ချောင်းထဲထိုးကျ

ကျိုင်းတုံ၊ ဇန်နဝါရီ ၎

ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး တာကျောက်ကျေးရွာအနီးတွင် ဇန်နဝါရီလ ၃ ရက် မွန်းလွဲ ၂ နာရီခန့်က မော်တော်ယာဉ်တစ်စီး ချောင်းအတွင်း ထိုးကျ၍ တစ်ဦး ပျောက်ဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျိုင်းတုံမြို့ အမှတ် (၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးထံမှ သိရသည်။

ကျိုင်းတုံမြို့မှ တာချီလိတ်မြို့သို့ မိသားစုခြောက်ဦး လိုက်ပါစီးနင်းလာသည့် အဆိုပါယာဉ်သည် အခင်းဖြစ်နေရာ အရောက်၌ အရှိန်လွန်ကာ လမ်းယာဘက်ဘေးရှိ ပေ ၂၀ ခန့်နက်သည့် ချောက်အတွင်း ထိုးကျပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းရုံးမှ ရဲအုပ်စောသန်းဦးက ပြောကြားသည်။

“ကားပေါ်မှာက ယာဉ်မောင်း အပါအဝင် လူကြီးသုံးဦးနဲ့ ကလေးသုံးဦး ပါလာတယ်။ ချောက်ထဲကတစ်ဆင့် ချောင်းထဲကို ကားကထိုးကျသွားလို့ အသက်ခြောက်နှစ်အရွယ် မိန်းကလေးက ချောင်းရေထဲ မျောပါပျောက်ဆုံးနေပြီး အခုထိ ရှာမတွေ့သေးဘူး။ ကျန်တဲ့ငါးဦးမှာ လေးဦးက ဒဏ်ရာရပေမယ့် သုံးနှစ်မိန်းကလေးက ဘာဒဏ်ရာမှ မရဘူး”ဟု ၎င်းက ရှင်းပြသည်။ 

R-16