News

POST TYPE

CRIME & ACCIDENT

ပါကစ္စတန်နိုင်ငံသား နှစ်ဦးကို ပြည်နှင်ဒဏ်နှင့် ငွေဒဏ်ကျပ်တစ်သိန်းစီ အမိန့်ချ
01-Aug-2016 tagged as ဗလီ

ပန်းဘဲတန်းမြို့နယ် ကျောက်တံတားမြို့နယ် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဗလီများတွင် ခွင့်ပြုချက်မရှိဘဲ တရားဟောပြောသူ ပါကစ္စတန်နိုင်ငံသား သားအဖနှစ်ဦးကို ယနေ့ (သြဂုတ်လ ၁ ရက်) မွန်းလွဲပိုင်းက ပြည်နှင်ဒဏ်နှင့်အတူ တစ်ဦးလျှင် ငွေဒဏ်ကျပ်တစ်သိန်းစီ အမိန့်ချမှတ်ခဲ့ကြောင်း တာမွေမြို့နယ်တရားရုံးထံမှ သိရသည်။

ပန်းဘဲတန်း၊ ကျောက်တံတားနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များရှိ ဗလီများတွင် ခွင့်ပြုချက်မရှိဘဲ ဟောပြောပွဲများ ပြုလုပ်ခဲ့သော ပါကစ္စတန်နိုင်ငံသား သားအဖနှစ်ဦးကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက ဗီဇာ စည်းကမ်းဖောက်ဖျက်မှုဖြင့် အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်သည်။

အဆိုပါ အရေးယူခံရသူနှစ်ဦးမှာ အသက် ၆၃ နှစ်အရွယ် AHMAD ZULFIQAR နှင့် ၎င်း၏ သားဖြစ်သူ အသက် ၂၉ နှစ်အရွယ် AHMAD SAIFULLAH တို့ဖြစ်ပြီး ဇူလိုင် ၂၆ ရက်က ထိုင်းနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီးနောက် ပန်းဘဲတန်း၊ ကျောက်တံတားနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များရှိ ဗလီများတွင် ဟောပြောပွဲများ ပြုလုပ်ခဲ့သောကြောင့် အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။