News

POST TYPE

CRIME & ACCIDENT

လှိုင်သာယာတွင် ဇနီးဟောင်းကို ခင်ပွန်းဟောင်းဖြစ်သူက ဓားဖြင့်ထိုးသတ်
31-Mar-2020
ရန်ကုန်၊ မတ် ၃၀

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ ကစင်ကျေးရွာတွင် မတ် ၃၀ ရက်နံနက်ပိုင်းက ဇနီးဟောင်းဖြစ်သူကို ခင်ပွန်းဟောင်းက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ဓားဖြင့်ထိုးခံရသည့် အသက် ၃၇ နှစ်အရွယ် အမျိုးသမီးမှာ အထည်ချုပ်စက်ရုံတစ်ရုံမှ အလုပ်သမားဖြစ်ပြီး အခင်းဖြစ်နေ့ နံနက် ၆ နာရီက ကစင်ကျေးရွာ၊ ကျန်စစ်သားလမ်းနှင့် ခရေပင်လမ်းထောင့်တွင် ၎င်း၏ ခင်ပွန်းဟောင်းဖြစ်သူက ဓားဖြင့်ထိုးသောကြောင့် ရင်အုံနှင့်နံစောင်းတွင် ထိုးသွင်းဒဏ်ရာနှစ်ချက်ရရှိခဲ့သည်။

ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးကို လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့သောကြောင့် ပြစ်မှုကျူးလွန်သူ ဇော်ပိုင်(၃၇)နှစ်ကို အခင်းဖြစ်နေ့နံနက် ၁၀ နာရီခန့်၌ ယင်းမြို့နယ်ရှိ ရန်ကုန်- ပုသိမ်ကားလမ်းတွင် ဖမ်းဆီးရမိခဲ့ပြီး လှိုင်သာယာမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03