News

POST TYPE

CRIME & ACCIDENT

အမြန်လမ်းတွင် ဒို့ညီနောင် ခရီးသည်တင်ယာဉ် မီးလောင်
13-Mar-2020

ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့

တောင်ငူ၊ မတ် ၁၃

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၃၃ အနီးတွင် ယနေ့ နံနက် ၅ နာရီခန့်က ဒို့ညီနောင် ခရီးသည်တင်ယာဉ် မီးလောင်ပျက်စီးခဲ့သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့မှုးရုံးမှသိရသည်။

တောင်ကြီး-ရန်ကုန်‌ ပြေးဆွဲသည့် ဒို့ညီနောင် ယာဉ်လိုင်း Express ယာဉ်မှာ အမြန်လမ်း နေပြည်တော်-ရန်ကုန် လမ်းဘက်အခြမ်း မိုင်တိုင် ၃၃ အနီးတွင် လေအိတ်ပေါက်ပြီး ကားကိုယ်ထည်နှင့် ဘီးပွတ်တိုက်ရာမှ မီးထွက်ကာ မီးကူးဆက်လောင်ကျွမ်းသွားခြင်းဖြစ်သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့ထံမှသိရသည်။


ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့

အဆိုပါယာဉ်ပေါ်တွင် ခရီးသည်တင် ၃၂ ဦး လိုက်ပါလာပြီး လူထိခိုက်ဒဏ်ရာမရရှိကြောင်း မီးလောင်မှုနှင့်ပတ်သက်ပြီး ယာဉ်မောင်းနင်သူ ဦးစိုင်းအောင်ထွေးကို ဘောနက်ကြီးအမြန်လမ်းရဲတပ်ဖွဲ့စခန်းက ဥပဒေနှင့်အညီ အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်နေသည်ဟု အဆိုပါရဲစခန်းမှသိရသည်။

R-02