News

POST TYPE

CRIME & ACCIDENT

မင်္ဂလာဒုံတွင် တက္ကစီယာဉ်မောင်းအား ဓားထောက် လုယက်ရန်ကြိုးစားခဲ့သူ ၄ ဦးကို ဖမ်းမိ
09-Mar-2020
ရန်ကုန်၊ မတ် ၉

မင်္ဂလာဒဂုံမြို့နယ်၊ ခရေပင်လမ်းမပေါ်တွင် မတ်လ ၉ ရက်၊ မွန်းလွဲပိုင်းက တက္ကစီအငှားယာဉ်မောင်းအား ဓားထောက် လုယက်ရန်ကြိုးစားခဲ့သည့် ခရီးသည် ၄ ဦးကို ဖမ်းဆီးရမိကြောင်း အဆိုပါမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

“ပစ္စည်းလည်း ပါမသွားပါဘူး။ ယာဉ်မောင်းက ပွန်းပဲ့ ပြတ်ရှဒဏ်ရာရထားတယ်။ မစိုးရိမ်ရပါဘူး။ ကျူးလွန်သူတွေမိထားပါတယ်။ ”ဟု ၎င်းက ဆိုသည်။

 အမျိုးသား ၄ ဦးသည် လှိုင်သာယာမြို့နယ်မှ အောင်မင်္ဂလာအဝေးပြေးသို့ ပို့ဆောင်ပေးရန် တက္ကစီငှားရမ်းသည့်အတွက် ဦး--သည် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းမအတိုင်း မောင်းနှင်လာစဉ် စည်ပင်ရိပ်မွန်ရှေ့အရောက် ၎င်းတို့မှ ဓားဖြင့်ထောက်ပြီး လုယက်ရန်ကြိုးစားခဲ့သည့်အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာ ယာဉ်မှာ ယာဘက်လမ်းဘေးသို့ ထိုးကျပြီး ကျူးလွန်သူများ ထွက်ပြေးသွားခဲ့သည်။

အခင်းဖြစ်ပွားရာ အနီးတစ်ဝိုက်တွင် ကျူးလွန်းသူ ၄ ဦးကို ဖမ်းဆီးရမိခဲ့ကာ မင်္ဂလာဒုံမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၃ ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး တက္ကစီယာဉ်မောင်းကိုမူ မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ထားသည်။

ရာဇသတ်ကြီး ပုဒ်မ ၃၉၃ မှာ မည်သူမဆို လုယက်မှုကို ကျူးလွန်ရန် အားထုတ်လျှင် ထိုသူကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခုနစ်နှစ်အထိ ထောင်ဒဏ်လည်းချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဌာန်းထားသည်။

J-04