News

POST TYPE

CRIME & ACCIDENT

ကွတ်ခိုင်တွင် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ထပ်မံတွေ့ရှိ
08-Mar-2020


ရန်ကုန်၊ မတ် ၈

ငွေကျပ် ၉၃ ဘီလီယံ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများတွေရှိခဲ့ရာ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာနှင့် လွယ်ခမ်ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့က နယ်မြေရှင်းလင်းမှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာ လက်နက်ခဲ့ယမ်းများ မူးယစ်ဆေးဝါးများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရှာဖွေဖော်ထုတ်သိမ်းဆည်း မူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးမှာငွေကျပ် ၁၀၂ ဘီလီယံကျော်ခန့်နှင့် မူးယစ်ဆေးဝါးချက် လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၁၀၈ မျိုး၏ကာလတန်ဖိုးမှာ ငွေကျပ် ၁ ဘီလီယံကျော်ဖြစ်ကာ စုစုပေါင်းငွေကျပ် ၁၀၃ ဘီလီယံကျော်ရှိပြီဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။

လွယ်ခမ်ကျေးရွာအတွင်းရှိ လူမနေသည့် နေအိမ် တစ်လုံးကို လုံခြုံရေး တပ်ဖွဲ့က မတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ရှာဖွေခဲ့ရာ M -16 သေနတ် ၄ လက်၊ ကာဘိုင်သေနတ် ၂ လက်၊ ပစ္စတိုသေနတ်မျိုးစုံ ၇ လက်၊ လေသေနတ် ၁ လက်၊ ဝင်ချက်စတာ သေနတ် ၃ လက်၊ M -22 သေနတ် ၁ လက်၊ အမျိုးအစား (စိစစ်ဆဲ)သေနတ် ၁ လက်၊ Submechine Gun သေနတ် ၁ လက်၊ နလက်ပစ်ဗုံးမျိုးစုံ ၅၅ လုံး၊ RPG ဒုံးသီး ၁ လုံး အပါအဝင် ခဲယမ်းမျိူးစုံနှင့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိသည့် တစ်ထပ်တိုက်အား ပိုင်ရှင်မှာ လားရှိုးမြို့၊ နယ်မြေ (၁၂)၊ အမှတ် (၁၂) ရပ်ကွက်တွင် နေထိုင်သည့် ဦးကျင်ဖူး (ဘ) ဦးကျင်ကြာထန်ဆိုသူဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၄ ရက် တရုတ်နှစ်သစ်ကူးမတိုင်မီအထိ နေထိုင်ခဲ့ကြောင်းနှင့် အစောင့်များမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ လွယ်ခမ်းကျေးရွာအနီး စတင်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ချိန်တွင် တိမ်းရှောင်သွားသည်ဟု စိစစ်ဖော်ထုတ်ချက်အရ သိရကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အဆိုပါ ရွာအတွင်း ဦးကျင်ဖူးပိုင်ဆိုင်သည့် အဆောက်အဦးများကျန်ရှိကြောင်း သိရသဖြင့် သွားရောက်စစ်ဆေးရှာဖွေရာ မြေအောက်ခန်းပါတစ်ထပ်တိုက်နှင့် ကားဂိုဒေါင်များအတွင်းမှ M-22 သေနတ်မျိုးစုံ ၂၀ လက်၊ ပစ္စတိုမျိုးစုံ ၆ လက်၊ RPG လောင်ချာ ၁ လက်၊ ပွိုင့် - ၂၂ ကျည်မျိုးစုံ ၉၀ တောင့်၊ ဘိန်းဖြူဘလောက်တုံးဖိစက် ၁ စုံ၊ ဒီဂျစ်တယ်ကတ္တား ၁ ခု၊ ကီလိုချိန်စက် ၃ ခု၊ ယာဉ်မျိုးစုံ ၉ စီး၊ မော်တော်ဆိုင်ကယ် ၁ စီးတို့အား ထပ်မံဖော်ထုတ် သိမ်းဆည်းရမိခဲ့သည်။

ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ စံချိန်တင်ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မတ် ၆ ရက်  မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံမှူးများနှင့်ပြည်တွင်းပြည်ပ သတင်းမီဒီယာများ ကို   အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ရှင်းလင်းခဲ့ရာ  မူးယစ်ရာဇာများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပတ်သက်ဆက်နွယ်လျက်ရှိ    လက်နက်ကိုင်အဖွဲ့များ၏ အကာအကွယ်ကိုယူကာ မူးယစ်ဆေးဝါးများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဒုတိယတပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်တိုးရီက ပြောကြားသည်။ 

“ကျွန်တော်တို့ရဲ့ ရေပိုင်နက်ထဲမှာ မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ တရားခံတွေလည်းရှိပါတယ်။ သူတို့ရဲ့ထွက်ဆိုချက်တွေအရတော့ ဒီမူယစ်ဆေးဝါးတွေဟာ ရခိုင်ဘက်ကနေလည်း သယ်ဆောင်တယ်ဆိုတာ သိရှိရပါတယ်။ အဲတော့ ဒီဖြစ်စဉ်တွေအပေါ် ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် ဒီမူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ထုတ်လုပ်တယ်။ ရောင်းချတယ်။ ဒါတွေဟာ အများအားဖြင့် ရှမ်းဒေသမှာဆောင်ရွက်ကြပြီးတော့၊ သယ်သူပို့ဆောင်ခြင်းနဲ့ရောင်းချခြင်းကို ရခိုင်ဒေသဘက်မှာ ဆောင်ရွက်နေတယ်ဆိုတာ တွေ့ရှိရမှာဖြစ်ပါတယ်။ ” ဟု ဗိုလ်ချုပ်တိုးရီက ရှင်းပြသည်။

 ရှမ်းပြည်နယ် မှ ထွက်ရှိသော မုးယစ်ဆေးဝါးများ ကို ရခိုင်ပြည်နယ် သို့ သယ်ယူရာတွင် မကွေး- မင်းဘူလမ်း၊ အမ်း လမ်း ၊ ပြည်-တောင်ကုတ် လမ်းနှင့် ငါးသိုင်းချောင်း -   ဂွ လမ်းတို့ မှ သယ်ယူလျက် ရှိပြီး  ဘင်္ဂလားဒေရ်ုလ်  မှပြည်ပသို့ တင်ပို့လျက်ရှိကြောင်း မြန်မာနိူင်ငံ ရဲတပ်ဖွဲ့  ရဲမှုးကြီး ဇော်လင်း က ပြောကြားသည်။