News

POST TYPE

CRIME & ACCIDENT

ထိုင်းရောက် တရားမဝင် မြန်မာလုပ်သား ၁၅၉ ဦး ပြန်လည်လွှဲပြောင်း
08-May-2019
ရန်ကုန်၊ မတ် ၈

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် တရားမဝင် မြန်မာလုပ်သား ၁၅၉ ယောက်ကို မတ် ၇ ရက်က မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားတွင် ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိ ဦးစန်းမောင်ဦးက ပြောသည်။

“ထိုင်းနိုင်ငံမှာ ဧပြီလက ပြည်ထောင်စုဝန်ကြီးနဲ့ ထိုင်းနိုင်ငံ အလုပ်သမား သံအရာရှိတို့ ဆွေးနွေးတယ်။ တရားမဝင်ရောက် မြန်မာတွေ ဖမ်းမိရင် ပြစ်ဒဏ်ကင်းလွှတ်ခွင့်နဲ့ ပြန်လည်လွှဲပေးဖို့ သဘောတူထားတယ်” ဟု ဦးစန်းမောင်ဦးက ဆိုသည်။

အဆိုပါ သဘောတူညီချက်အရ ယခုလအတွင်း ထိုင်းနိုင်ငံတွင် ဗီဇသက်တမ်းကျော်လွန်သူများ၊ Work Permit ကုန်လွန်သူများ၊ နေထိုင်ခွင်သက်တန့်ကျော်လွန်သူ အပါအဝင် အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေသည် မြန်မာလုပ်သား ၁၅၉ ဦးကို မြဝတီမြို့၊ (၁)ရပ်ကွက်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားမှ ပြန်လည်လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ လဝကအရာရှိ Mr. Somchai Wiromratama နှင့်အတူ မြန်မာရွှေ့ပြောင်းအလုပ်သမား ကျား ၆၄ ဦး ၊ မ ၉၅ ဦးတို့ကို မော်တော်ယာဉ် ၈ စီးဖြင့် မြဝတီခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအက်စ်လင်းရောင် ဦးစီးအဖွဲ့က ၎င်းတို့ကို လက်ခံခဲ့သည်။

ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာလုပ်သား ငါးသိန်းနီးပါးရှိပြီး တရားမဝင် မြန်မာလုပ်သား ၇ သောင်းခွဲခန့်ရှိကြောင်း ဇန်နဝါရီ ၂ ရက်က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

J-18