News

POST TYPE

CRIME & ACCIDENT

ခရီးသည်တစ်ဦးထံမှ ဘိန်းစိမ်းများဖမ်းဆီးရမိ
18-Feb-2019

မိတ္ထီလာ၊ ဖေဖော်ဝါရီ ၁၈

သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာ သံလမ်းကူးအနီးတွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညပိုင်းက ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသူ ခရီးသည်တစ်ဦးထံမှ ဘိန်းစိမ်းများဖမ်းဆီးရမိခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ဖြစ်စဉ်မှာ တောင်ကြီးဘက်မှ မိတ္ထီလာဘက်သို့ ဦးဇော်မင်းမောင်းနှင်သည့် နန်းဦးဝေ ခရီးသည်တင်ယာဉ်ကို ပူးပေါင်းအဖွဲ့က ရပ်တန့်ရှာဖွေစစ်ဆေးရာ တပ်ကုန်းမြို့ အေးချမ်းသာစံပြကျေးရွာနေ ဦးဆန်းညွန့် (၅၇ နှစ်)၏ ထိုင်ခုံအောက်ရှိ အနက်ရောင်ကျောပိုးအိတ်အတွင်းမှ ကျပ်သိန်း ၅၀ ကျော်တန်ဖိုးရှိ ဘိန်းစိမ်းဟုယူဆရသည့် အမဲရောင်အစေး အလေးချိန် ၁ ဒသမ ၄ ကီလိုဂရမ်ခန့်ပါ အထုပ် (၂) ထုပ်နှင့် ၆၀၀ ဂရမ်ခန့်ပါ (၁) ထုပ်တို့ကို ရှာဖွေသိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဦးဆန်းညွန့်ကို ရဲအုပ်တင်ထွန်းလင်းအောင်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် သာစည်မြို့မရဲစခန်းက မူး/စိတ် ပုဒ်မ - ၁၉ (က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-01