News

POST TYPE

CRIME & ACCIDENT

မိတ္ထီလာတွင် အမျိုးသားတစ်ဦး ရဲတင်းဖြင့် ခုတ်
09-Feb-2019

မိတ္ထီလာ၊ ဖေဖော်ဝါရီ ၉ 

မိတ္တီလာမြို့နယ် ရန်မျိုးအောင်ရပ်ကွက်တွင် ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေပိုင်းက အမျိုးသားတစ်ဦးကို တစ်ရပ်ကွက်တည်းနေထိုင်သည့် အမျိုးသားတစ်ဦးက စကားပြောစရာရှိသည်ဟုခေါ်ဆောင်ကာ ရဲတင်းဖြင့် ခုတ်ခံခဲ့ရကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ဖြစ်စဉ်မှာ ယင်းရပ်ကွက်နယ်မြေ(၁)နေ ဦးကျော်ကျော်(၃၇ နှစ်)သည် နေအိမ်တွင်ရှိနေစဉ် တစ်ရပ်ကွက်တည်းနေ ဖိုးသားဆိုင်ကယ်ဖြင့် ရောက်လာပြီး စကားပြောစရာရှိ၍ ခဏလိုက်ခဲ့ရန်ခေါ်သဖြင့် ၎င်းဆိုင်ကယ်ဖြင့် နောက်မှလိုက်သွားခဲ့ရာ ဝန်ဇင်းရပ်ကွက်လမ်းထိပ်အရောက် ဆိုင်ကယ်တစ်စီးဖြင့် အသင့်စောင့်နေသည့် အမည်မသိလူငယ်(၃)ဦး(စုံစမ်းဆဲ)နှင့်တွေ့ရ၍ ဆိုင်ကယ်ပေါ်မှဆင်းပြီး ဖိုးသားအပါဝင် ယင်းလူငယ်(၃)ဦးဖြင့် အလုပ်ကိစ္စပြောဆိုကြရာမှ အဆင်မပြေဖြစ်ပြီး စကားများရန်ဖြစ်ရာ ဖိုးသားက အသင့်ပါလာသည့် ရဲတင်းဖြင့်ခုတ်သဖြင့် ကိုကျော်ကျော်၏ နောက်ကျောယာဘက်၌ အလျား(၃)လက်မ အနက်(၁)လက်မခန့် ပြတ်ရှသွေးထွက်(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။ 

၎င်းတို့မှာ လူမှုရေးကိစ္စကြောင့် ပြဿနာဖြစ်ပွားခြင်းဖြစ်ပြီး ခုတ်ခံရသူကို မန္တလေးဆေးရုံသို့ တင်ပို့ထားကြောင်း ဖိုးသားကို ဖမ်းမိထားပြီဖြစ်သော်လည်း ကျန်သုံးဦးကို ဖမ်းမိနိုင်ရေးလုပ်ဆောင်နေကြောင်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖိုးသားနှင့် အမည်မသိ လူငယ်(၃)ဦးကို အမှတ်(၂)နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-01