News

POST TYPE

CRIME & ACCIDENT

မိန်းမယူသည့်ကိစ္စကို အကြောင်းပြု၍ ညီအစ်ကိုချင်း စကားများပြီး ဓါးထိုးမှုဖြစ်
08-Feb-2019

မိတ္ထီလာ၊ ဖေဖော်ဝါရီ ၈

မန္တလေးတိုင်းဒေသကြီး မလိုင်မြို့နယ် ဆည်တိုအပ်စု ရွာမကျေးရွာတွင် ညီဖြစ်သူ မိန်းမယူသည့်ကိစ္စနှင့်ပတ်သက်၍ ဖေဖေါ်ဝါရီလ ၇ ရက် ညပိုင်းက ညီအစ်ကိုချင်း စကားများရာမှဓါးထိုးမှုဖြစ်ပွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ (၇) ရက် ည (၇) နာရီ အချိန်တွင် ရွာမကျေးရွာနေ ဒေါ်အုန်းမြင့် (၆၂) နှစ်သည် အပြင်သွားရာမှ နေအိမ်သို့ပြန်လာစဉ် အစ်မဖြစ်သူ ဒေါ်ခင်မြင့်(ကွန်လွန်) ၏ နေအိမ်ရှေ့အရောက်တွင် အစ်မဖြစ်သူ ဒေါ်ခင်မြင့်‌၏သား ကိုကိုကြီး (၄၃) နှစ် နှင့်တိုးတိုးလျှံ (ခ) မှုံကြီး (၁၇) နှစ်တို့ ညီအစ်ကိုနှစ်ယောက်သည် တိုးတိုးလျှံ မိန်မယူသည်ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်နေသည့်ကို တွေမြင်ရ၍ရန်မဖြစ်ရန် တားမြစ်နေစဉ် တိုးတိုးလျှံက ကိုကိုကြီးအား အရိုးအသွား (၁၀) လက်မခန့်ရှိသော ဓါးဦးချွန်ဖြင့်ထိုးခဲ့သဖြင့် ဝမ်းဗိုက်ဘယ်ဘက်နှင့် ဝမ်းဗိုက်ရှေ့ဘက်ပိုင်းတွင် (စိုးရိမ်းရ) ဒဏ်ရာ ရရှိခဲ့ကြောင်း။

ယင်းနောက် တိုးတိုးလျှံ (ခ) မှုံကြီးသည် အခင်းဖြစ်နေရာမှရှောင် ထွက်သွားကြောင်း ဒေါ်အုန်းမြင့်နှင့် အဖော်ဖြစ်သူ မမြင့်မြင့်ထွေးတို့က ကိုကိုကြီးအား နွားလှည်းပေါ်တင်၍ ဆည်တိုဆေးရုံသို့ ပို့လိုက်ရကြောင်း ထိုမှ မန္တလေးဆေးရုံသို့ ဆက်လက်ပို့ဆောင်ထားရကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်အုန်းမြင့်က ဆည်တိုနယ်မြေရဲစခန်းသို့ တိုင်တန်းချက်အရ တိုးတိုးလျှံ (ခ) မှုံကြီးအား ဖမ်းဆီးပြီး ဆည်တိုနယ်မြေရဲစခန်းက (ပ) ၄/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းမှ စုံစမ်းသိရှိရသည်။

R-01