News

POST TYPE

CRIME & ACCIDENT

စဥ့်ကူး၌ ရွှေတွင်းပိတ်မိနေသူငါးဦးကို နာရီ ၃၀ ကျော်ကြာသည်အထိ မကယ်နိုင်သေး
05-Feb-2019

မန္တလေး၊ ဖေဖော်ဝါရီ ၅

မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ငါးပြားပေးကျေးရွာရှိ “အောင်ကိုသူ ကုမ္ပဏီ”ရွှေလုပ်ကွက်တွင် ဖေဖော်ဝါရီ ၄ ရက် နေ့လယ် ၁၂ ခန့်က အင်းရေလုံးပေါက်သဖြင့် ရွှေတူးဖော်နေသူ ၅ ဦးပိတ်မိနေသည်ကို ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေပိုင်းအထိ (နာရီ ၃၀ ကျော်ကြာသည်အထိ) မကယ်နိုင်သေးကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

“လက်ရှိကတော့ မော်တာသုံးလုံးနဲ့ ရေစုပ်ထုတ်နေတုန်းပဲ ရှိပါသေးတယ်။ တစ်ယောက်မှမတွေ့သေးဘူး။ ၁၀ လက်မပိုက်လေးလုံးနဲ့ စုပ်နေတာ။ ရေတောင်မှ ပေ ၇၀ ကျော်ကျော်လောက်ပဲ ထွက်သေးတာ။ သက်ဆိုင်ရာ ကုမ္ပဏီကတော့ မနက်ဖြန် နေ့လယ်ပိုင်းလောက်တော့ တွေ့မယ်လို့ ခန့်မှန်းနေကြတယ်။ ယန္တရားတွေရဲ့ ချို့ယွင်းမှု ရှိ မရှိပေါ် မူတည်ပြီးတော့ တွေ့နိုင်မှာပါ”ဟု စဥ့်ကူးမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်နီလင်းက ပြောကြားသည်။

ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ ငါးပြားပေးကျေးရွာအနီးရှိ SGU-162 အောင်ကိုသူ ရွှေတူးဖော်ရေးလုပ်ကွက်အတွင်းရှိ ပေ ၃၀၀ ခန့်အနက်ရှိသည့် တွင်းတစ်ခုအတွင်းသို့ ဇင်မင်းထိုက်၊ ကုလား၊ ဖိုးဖြူ၊ မင်းမင်းစိုးနှင့် စန်းဝင်းမြင့်တို့ပါဝင်သည့် အင်းလုပ်သားငါးဦးဆင်းကာ ပြုပြင်နေစဉ် ယင်းတွင်းကပ်လျက်၌ရှိသည့် တွင်းဟောင်းမှ ရေများပေါက်ကျခဲ့ပြီး တွင်းအတွင်းရှိသူများ ပိတ်မိသွားခဲ့ခြင်းဖြစ်သည်။

M-04