News

POST TYPE

CRIME & ACCIDENT

တူရကီရေမွှေးကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်းများ တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်နိုင်
17-Jan-2019

ရန်ကုန်၊ ဇန်နဝါရီ ၁၇

မြန်မာစီးပွားရေး လုပ်ငန်းရှင်များအနေနှင့် တူရကီနိုင်ငံထုတ် Loris Perfume အမှတ်တံဆိပ် ရေမွှေးကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ထံမှ သိရသည်။

အဆိုပါ Loris ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတွက် မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် လက်တွဲလုပ်ကိုင်လိုခြင်းဖြစ်ပြီး Loris ထုတ်ကုန်များအနေနှင့် အမျိုးသား၊ အမျိုးသမီး၊ ကလေးအရွယ်စုံသုံးရေမွှေးများ၊ မော်တော်ယာဉ်အတွင်းပိုင်း၊ ဧည့်ခန်း၊ အိပ်ခန်း၊ ရေချိုးခန်း စသည့်ရေမွှေးအမျိုးမျိုး ရရှိနိုင်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

Loris ရေမွှေးကုမ္ပဏီသည် ၁၁ နှစ်တာကာလအတွင်း ရေမွှေးပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွင် ၁၀ဝ ရာခိုင်နှုန်း တူရကီကုမ္ပဏီပိုင်ဖြစ်သည်။

ကုမ္ပဏီနှင့် လက်တွဲလုပ်ကိုင်လိုသည့် မြန်မာကုမ္ပဏီများ၊ လုပ်ငန်းရှင်များအနေနှင့် https://www.lorisparfum.com/ တွင် ထုတ်ကုန်များနှင့်ပတ်သက်၍ အသေးစိတ်လေ့လာနိုင်ပြီး ဖြန့်ဖြူးရောင်းချရန် စိတ်ဝင်စားပါက Mr.Sezai Erzin၊ General Secretary of Turkish Pensak Silat Association အီးမေးလ် [email protected] ထံ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

ယင်းကုမ္ပဏီသည် တူရကီ ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုမိန့်ကိုလည်းရရှိထားပြီး ကုမ္ပဏီ၏ ပင်မကုန်လှောင်ရုံကို ဟော်လန်နိုင်ငံတွင်ထားရှိကာ အာရှမှ တောင်အမေရိကအထိ နိုင်ငံပေါင်း ၃၄ နိုင်ငံကို တင်ပို့လျက်ရှိကာ အရောင်းဆိုင်ပေါင်း ၃၅ဝ အထိ ရှိကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

J-11