News

POST TYPE

CRIME & ACCIDENT

ကျိုင်းတုံတွင် ကျပ်သိန်း ၄၀ ကျော်တန်ဖိုးရှိ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများဖမ်းမိ
20-Dec-2018


ကျိုင်းတုံ၊ ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံ မြို့တွင် တရားမဝင် စိုက်ပျိုးရေးသုံးပစ္စည်းများကို ဒီဇင်ဘာ ၁၈ ရက်နေ့က ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရှာဖွေခဲ့ရာ ကျပ်သိန်း ၄၀ ကျော်တန်ဖိုးရှိ တရုတ်နှင့်ထိုင်းနိုင်ငံထုတ် တရားမဝင် ဓာတ်မြေဩဇာအိတ်များနှင့် ပိုးသတ်ဆေးများ ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ထံမှ သိရသည်။

“စိုက်ပျိုးရေးဦးစီးဌာနရဲ့ ထောက်ခံချက်မပါရှိတဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေကို ဒီလဆန်းပိုင်းကစတင်ပြီး ရှာဖွေဖမ်းဆီးခဲ့တာပါ။ မြို့ပေါ်နဲ့ကျေးရွာတွေက ဆိုင် ၁၀ ဆိုင်ကို ရှောင်တခင်စစ်ဆေးတာမှာ နှစ်ဆိုင်ကနေ ဖမ်းဆီးရမိခဲ့တာပါ”ဟု အဆိုပါအဖွဲ့အတွင်းရေးမှူး ဦးသန်းစိုးက ပြောကြားသည်။

စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့အနေနှင့် တရုတ်နှင့် ထိုင်းနိုင်ငံထုတ် အပါအဝင် ပြည်တွင်းထုတ် စားသုံးရန် မသင့်သည့် စားသောက်ကုန်များကို စားသုံးခြင်းနှင့် ရောင်းချခြင်းမပြုရန် အသိပညာပေးပြီး ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေသည့်အပြင် မြေဆီလွှာများကို ထိခိုက်ပျက်စီးစေသည့် စိုက်ပျိုးရေးသုံး ပစ္စည်းများကိုလည်း ရောင်းချခြင်းပပျောက်သည်အထိ ရှောင်တခင်စစ်ဆေး အရေးယူမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

R-16