News

POST TYPE

CRIME & ACCIDENT

တာဝန်ယူမှု တာဝန်ခံမှုပြုနိုင်သော ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ်ရန် ဒုတိယသမ္မတ တိုက်တွန်း
02-Oct-2018
နေပြည်တော်၊ အောက်တိုဘာ ၁

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အဆင့်အားလုံးအနေနှင့် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သော တပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် ကြိုးပမ်းကြရန် ဒုတိယသမ္မတဦးမြင့်ဆွေက တိုက်တွန်းပြောကြားလိုက်သည်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် အောက်တိုဘာလ ၁ ရက်နေ့က ပြုလုပ်သော ၅၄ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ဒုသမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ရဲလုပ်ငန်းတွင် ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှုတို့ ဖြင့် ဆောင်ရွက်၍ ဂုဏ်ယူစွာ ကြိုးပမ်းကြရန် ထပ်လောင်းပြောသည်။

“အဆင့်အတန်းအားလုံးဟာ မိမိတို့ရဲ့လုပ်ပိုင်ခွင့်များ၊ လုပ်ငန်းကျွမ်းကျင်မှုများနဲ့အတူ ဥပဒေကို ကိုင်တွယ် အသုံးပြုရာ မှာ ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ပြုနိုင်သော ရဲတပ်ဖွဲ့ဝင်ကောင်းများ ဖြစ်အောင် ကြိုးပမ်းကြပါ”ဟု ဦးမြင့်ဆွေကဆိုသည်။

ရဲတပ်ဖွဲ့ကို ဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ခြင်း၊ ခေတ်မီပစ္စည်းကိရိယာများနှင့် လုံခြုံရေး အသုံးအဆောင်များကို ခေတ်ကာလနှင့် လျော်ညီအောင် တိုးမြှင့် ဖြည့်ဆည်းနေသကဲ့သို့ တပ်ဖွဲ့ဝင် တစ်ဦးချင်းက စဉ်ဆက်မပြတ်လုပ်ဆောင်ကြရန် ဒုသမ္မတကဆိုသည်။

လက်ရှိအချိန်တွင် မူးယစ်ဆေးများ သုံးစွဲ၊ သယ်ဆောင်၊ ရောင်းဝယ်မှုများ အများအပြား ဖော်ထုတ်ဖမ်းဆီးနေသော်လည်း တရားမဝင် လုပ်ဆောင်မှုများမှာ လျော့နည်းသွားခြင်း မရှိသေးသောကြောင့် ပင်ရင်းထုတ်လုပ်သူ၊ ပြည်ပနှင့် ဆက်နွှယ်သူတို့ကိုပါ အမြစ်ပြတ်သည်အထိ ဖော်ထုတ်ဖမ်းဆီးရန်လိုအပ်နေကြောင်း ရဲချုပ်က ပြောကြားသည်။

အဆင့်တိုင်းအနေနှင့် ရရှိထားသည့် ရာထူးလုပ်ပိုင်ခွင့်ကို အသုံးချ၍ အဂတိ ပြုလုပ်ခြင်းကို ရှောင်ကြဉ်ကာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်သော တပ်ဖွဲ့ဝင်များဖြစ်ရမည့် ခံယူချက်ရှိရန်လိုကြောင်းလည်း ရဲချုပ်က ပြောကြားခဲ့သည်။

S-01