News

POST TYPE

CRIME & ACCIDENT

ကုမ္ပဏီပိုင်ငွေ သိန်း ၄၀ ကျော် အလွဲသုံးစားလုပ်သည့် အရောင်းကြီးကြပ်ရေးမှူးကို အမှုဖွင့်
09-Sep-2018
မိတ္ထီလာ၊ စက်တင်ဘာ ၈

မိတ္ထီလာမြို့တွင် စီးကရက်များဖြန့် ဖြူးရောင်းချသည့်ကုမ္ပဏီတစ်ခုမှ ပိုင်ဆိုင်သော ကျပ်သိန်း ၄၀ ကျော်ကို အရောင်းကြီးကြပ်ရေးမှူးတစ်ဦးက ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ခဲ့သည်ဟုဆိုကာ စက်တင်ဘာ ၈ ရက်နေ့က အမှုဖွင့်အရေးယူထားကြောင်း အမှတ် ၂ နယ်မြေခံရဲစခန်းထံမှ သိရသည်။ 

ဝန်ဇင်းရပ်ကွက်တွင်နေထိုင်သော အသက် ၂၈ နှစ်အရွယ် အရောင်းကြီးကြပ်ရေးမှူး စည်သူဟိန်းသည် ကုမ္ပဏီပိုင်ငွေများကို ကိုယ်ကျိုးအတွက် အသုံးပြုထားသည်ဟုဆိုကာ Focus Star Co., Ltd. ၏ မိတ္ထီလာရုံးခွဲမန်နေဂျာ ဦးနန်းလင်းစိုးက အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ စည်သူဟိန်းကို အမှတ် (၂) ရဲစခန်းက (ပ) ၃၁၉/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၄၀၈ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

R-01


  • VIA